သစ်သားအဖြစ်လည်းတန်ဖိုးရှိလှတဲ့ ငါးပေါက်သီးပင်
ကချင်ပြည်နယ် ရောက်ပြီဆိုတာနဲ့ နန်းစီအောင် မော်လူး မော်ဟန် ကာဒူ မိုးညှင်း တောင်နီ ဆားမှော် မိုးကောင်း မရမ်း ရထားလမ်း ကားလမ်းတစ်လျှောက် ငါးပေါက်သီး ငါးပေါက်ဆံ ငါးပေါက်ယိုတွေ လှိုင်လှိုင်ရောင်းချကြပါတယ်။ ငါးပေါက်သီးက တော်သလင်း၊ သီတင်းကျွတ်မှာ အသီးတွေပေါ်တယ်။

ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေမှာ တောပြုန်းနေတာတွေ ရာသီဥတုမမှန်တာတွေကြောင့် ငါးပေါက်သီး မထွက်ရှိပါ။ တောတွေပြုံးတာကြောင့် အသီးလိုသလောက်မရ၊ ကုန်ကြမ်းရှားလာတဲ့ အခြေအနေပါ။
ဒီအပင်ကြီးတွေဟာ အလွန်မှကြီးမားပါတယ်။ လူတစ်ယောက်အရွယ်နဲ့ အပင်အရွယ် နှိုင်းကြည့်ပါက အံသြဖွယ်ရာပါ၊ ကချင်ပြည်ဖက်မှာ ဒီလောက်ကြီးသောအပင်တွေ့ရဖို့ ခက်မည်ထင်ပါတယ်။
ငါးပေါက်သီးပင်တွေရဲ့မျိုးရင်းက လူတိုင်းရင်းနှီးပြီးသား သရက်မျိုးရင်း Anarcardiaceae ထဲကဖြစ်ပါတယ်၊ အရွယ်ရောက်နေသော ငါးပေါက်အပင်ကြီးအရွယ်က 55 m အထိမြင့်ပါတယ်။ အပင်ကြီးတွေက အမြဲစိမ်းသော evergreen trees ကြီးများဖြစ်ပါတယ်၊ အရွက်တွေက alternate ရွက်လွှဲထွက်ကြပတယ်။ ရွက်မွှာမစုံသောရွက်ပေါင်း imparipinnate compound ဖြစ်ပြီး ရွက်မွှာ leaflets ၁၀ ရွက်ခန့်ပါသည်၊ ရွက်သားပြောင်လက်ပါတယ်၊ ပြီးတော့ မဟော်ဂနီပင် ၏ အရွက်နှင့်ဆင်လှတယ်။ ပန်းခိုင် inflorescences က terminal ထိပ်ထွက်၊ axillary ကြားထွက် paniculate cyme ဖြစ်တယ်၊ ပန်းပွင့်များက bisexual လိင်စုံ၊ ရနံ့သင်းပြီး အဖြူရောင် စိမ်းဖြော့ဖြော့ အရောင်ရှိကြတယ်။ အသီးက အတွင်းခွံမာသီးအမျိုးအစား drupe ဖြစ်ပြီး အတွင်းထဲမှာ သစ်သားလိုမာသော woody endocarp ပါရှိပါတယ်၊ အတွင်းထဲမှာတော တွဲလျားကျနေသောအစေ့များ pendulous seed ရှိသည်၊ ပန်းတွေကို သြဂုတ်လကနေ စက်တင်ဘာအထိပွင့်ကြပါတယ်။

ငါးပေါက်သီးပင်ဟာ သက်တန်း ၁၅ နှစ်ကျော်မှသာ အသီးအားကောင်းပြီး တန်းဝင်အပင်ဖြစ်လာပါတယ်၊ သူ့သစ်သားဟာ အရည်အသွေးကောင်းပြီး မဟော်ဂနီပင်လိုတန်ဖိုးရှိလှပါတယ်၊ ဒေသခံများက သစ်အတွက်သာမက ထင်းအဖြစ်ခုတ်လှဲပစ်တာမို့ ငါးပေါက်သီးပင်တွေ တဖြည်းဖြည်း ရှားပါးလာပါတယ်၊ ငါးပေါက်သီးကို ယခင်လိုပေါပေါများများ မရတော့ဘဲ စိုက်ပျိုးထားသူများကဆီကသာရရှိပါတော့ပါတယ်။
ငါးပေါက်သီးပင်က ၃ နှစ်မှာ တကြိမ်သာ သီးပါတယ်၊ ငါးပေါက်သီးကောက်လျှင် ဝက်ဝံများကိုအထူး သတိထားရတယ်၊ သူတို့ဟာ ငါးပေါက်သီးကိုအလွန်ကြိုက်ကြတယ် (ref. ThetWin Tun)
ငါးပေါက်သီး အဆံပါသောနေရာသည် အပေါက် ၅ ပေါက်ရှိပြီး အစေ့တည်နေပုံက ဘုရားငါးဆူပေါ်ပေါက်လာပုံနှင့်ဆင်သောကြောင့် ငါးဆူသီးလည်းခေါ်ကြတယ်၊ တောသစ်ကြားလို့ခေါ်တာကတော့ ငါးပေါက်သီးအဆန်ဟာ သစ်ကြားသီးအဆံလို ချိုဆိမ့်သောသော အရသာရှိသောကြောင့်ဖြစ်မည်။

ငါးပေါက်သီးအဆံများကို ထုတ်ယူပြီး နေလှမ်းကာ ရလာသောအဆံများကို နို့မှုံ့ သကြား အုံးသီးထောပတ်တို့ဖြင့် ယိုထိုးရောင်းချကြတယ်၊ နေလှမ်းပြီး အတွင်းက အဆံလေးကို သွားကြားထိုးတန်လေးနဲ့ထုတ်ယူရတာမို့ အလွန်လက်ဝင်လှတဲ့အသီးပါ၊ အသီးကို ဒါးနဲ့ခုတ်ရင် အခန့်မသင့်ရင် မကြာမကြာ လက်ကိုဒါးထိတတ်ပါသေးတယ်၊ ငါးပေါက်သီးအဆံလေးတွေကို သီးသန့်ထုတ်ယူပြီး ဗူးလေးများနဲ့ ထည့်လို့ရောင်းကြတယ်၊ အိမ်အပြန်လက်ဆောင်အတွက် မျက်နှာပန်းလှလွန်းသော ကချင်ပြည်ရဲ့ အထူးလက်ဆောင်ပါ။
ကချင်ပြည်နယ် မိုးညှင်း ဒေသထွက် ငါးပေါက်သီးအဆံ၊ ငါးပေါက်ယို မုန့်များကို အိမ်အပြန်လက်ဆောင်ဝယ်ယူလေ့ရှိကြသည်၊ ကဲ မိတ်ဆွေများရော.. ငါးပေါက်သီးအဆံစားဖူးပါရဲ့လား..
ကိုသက်နိုင်ဦး
ဟုမ္မလင်း
Nay Lin Tun
လွန်ခဲ့သော ၄ နှစ် ကNice article bro. First time hearing about this type of tree. Thanks for sharing.
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....