မြေနည်းနည်းနဲ့ များများစိုက်မယ်
အပင်လည်းစိုက်ချင်တယ် မြေနေရာကလည်းမရှိဘူး၊ မြေနေရာတော့ရှိတယ် ခပ်ကျဉ်းကျဉ်းပဲ၊ ဘာစိုက်ရကောင်းမလဲ။
ဒီလိုကြုံရတဲ့သူတွေအတွက် မြေနည်းနည်းနဲ့ များများစိုက်နိုင်မယ့် နည်းလမ်းတစ်ခုကို မျှဝေပါရစေရှင့်။ Square Foot Garden (စကွဲဖု ဂါးဒန်း) ဆိုတဲ့ နည်းလမ်းလေးဖြစ်ပါတယ်
ဒီနည်းလမ်းကိုတော့ ၁၉၇၀ ပြည့်နှစ်ပိုင်းမှာ အငြိမ်းစားအင်ဂျင်နီယာကြီး Mel Bartholomew က တီထွင်ခဲ့တာပါတယ်။ မြေအကျယ်ကြီးမှာ စိုက်ပျိုးပြုစုချိန် အများကြီးပေးရတဲ့အပေါ် စဉ်းစားအဖြေရှာရင်း တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေမှာ စကွဲဖုဂါးဒန်းတွေက ရေပန်းစားလာခဲ့ပါတယ်။ ဖောင်ဒေးရှင်းတစ်ခုအနေနဲ့တည်ထောင်ပြီး တစ်ကမ္ဘာလုံးကို ဒီနည်းပညာတွေပြန့်ပွားအောင် လုပ်ဆောင်နေပါတယ်။
စကွဲဖုဂါးဒန်းဆိုတာ ဘယ်လိုမျိုးလဲ?
အကျဉ်းချုပ်ပြောရရင် စိုက်ဘောင်တွေကို လေးထောင့်ကျကျ အကွက်တွေရိုက်ပြီး စိုက်ပျိုးတဲ့နည်းလမ်းဖြစ်ပါတယ်။
၄ ပေ ပတ်လည်အကျယ်နဲ့ ၆ လက်မ ကနေ ၁ ပေအမြင့် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ ဘယ်နေရာကမဆို စိုက်ကွက်ရဲ့အလယ်ကို လက်လှမ်းမှီအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
ခြံရဲ့အောက်ခံမျက်နှာပြင်က ကွန်ဂရစ်ခင်းထားရင်ပဲဖြစ်စေ မြေကြီးပဲဖြစ်စေ မြက်ခင်းပဲဖြစ်စေ ကိစ္စမရှိပါဘူး။ ဘာလို့ဆိုတော့ စိုက်ဘောင်အကွက်လေးတွေကို စိုက်ပျိုးလို့အကောင်းဆုံးဖြစ်မယ့် မြေတွေဖြည့်မှာမိုလို့ပါ။ မြေစပ်နည်းကတော့ ဒီစိုက်ပျိုးနည်းမှာ အရေးကြီးဆုံးပါပဲ။
မြေစပ်နည်း
စိုက်ဘောင်တစ်ကွက်ကို
အုန်းဆံမှုန့် ၁/၃
တီကျစ်မြေဆွေး ၁/၃( မြေကြီးမှာ လေဝင်လေထွက်ကောင်းနေစေဖို့နဲ့ အစိုဓာတ်ကိုထိန်းထားနိုင်ဖို့ အဓိကလိုအပ်ပါတယ်)
သဘာဝမြေဆွေး ၁/၃(ကိုယ်တိုင်ပြုလုပ်နိုင်)
မြေဆွေးမရှိရင်တော့ အုန်းဆံမှုန့်မြေဆွေးကို ထည့်နိုင်ပါတယ်။
ဒီသုံးမျိုးကို ဆတူရောစပ်ပြီး စိုက်ဘောင်အကွက်တွေကိုဖြည့်ရမှာပါ။ ဒီလို စိုက်ဘောင်အကွက်တွေကို မြေဖြည့်ပြီးသွားရင်တော့ စိုက်ဘောင်အကွက်လေးတွေပေါ်မှာ သီးနှံများများစိုက်နိုင်ဖို့ တစ်ပေပတ်လည် အကွက်လေးတွေရိုက်ပါမယ်။ စနစ်တကျနဲ့ သီးနှံအစုံဝင်နိုင်ဖို့အတွက် လုပ်တာဖြစ်ပါတယ်။ တည်ထောင်သူကတော့ နောက်ပိုင်းပြုလုပ်ရလွယ်ကူစေဖို့ သစ်သားလေးတွေနဲ့ အကွက်ချဖို့ အကြံပေးထားပါတယ်။ ကျွန်မတို့ဒေသမှာပေါတဲ့ ဝါးခြမ်းလေးတွေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။
ဒီလိုဆိုရင်တော့ ဘာမြေသြဇာမှမထည့်ရဘဲ လုံလောက်တဲ့စိုက်ပျိုးမြေကို ရရှိသွားပါပြီ။ အကွက်ငယ်တစ်ကွက်မှာ သီးနှံတစ်မျိုးနှုန်း စိုက်နိုင်ပါတယ်။ ပင်ကြားတန်းကြားတွေလည်း ထည့်စဉ်းစားစရာမလိုဘဲ သမရိုးကျနည်းအတိုင်း စိုက်ပျိုးနိုင်ပါတယ်။ ဒီနေရာမှာ ယှဉ်ပြိုင်စိုက်ပျိုးနည်းစနစ်လို တစ်ပင်နဲ့တစ်ပင် အကျိုးပြုနေတဲ့ အမျိုးအစားတွေကို တစ်ကွက်ထဲအတူတူစိုက်ခြင်းက အရည်အသွေးကောင်းစေသလို ရောဂါပိုးမွှားတွေရဲ့ရန်ကိုကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်ရှင်။ ( အတူတကွတွဲဖက်စိုက်ပျိုးသင့်တဲ့ သီးနှံတွေကို ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်)။
ကဲ...ဒါဆိုရင်တော့ ၄ ပေ ပတ်လည်ကျယ်တဲ့ မြေနေရာလေးမှာ သီးနှံ ၁၆ မျိုးတောင်စိုက်ပျိုးစားသုံးနိုင်မှာဖြစ်ပါတယ်။
source - https://www.youtube.com/watch?v=f2FxJimob84
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....