"လွယ်ကူပြုလုပ် စာငှက်ခြောက်ရုပ်"
စပါးစိုက်ပျိုးသူများနှင့် အခြားတိရစ္ဆာန်စာများကို ငှက်များလာရောက်စားသောက်သောအခါ သီးနှံများပျက်ဆီးမှုမှ ကာကွယ်ရန်အတွက် အင်တာနက်မှတွေ့ရှိလိုက်ရသော ဤစာနှင့် ငှက်ခြောက်ကိရိယာလေးကို တောင်သူများ မိမိဘာသာ အလွယ်တကူပြုလုပ်နိုင်ရန် တင်ပေးလိုက်ပါသည်။
ခေတ်နှင့်အညီလယ်ယာလုပ်သားရှားပါးမှု ကုန်စျေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းရန်အတွက် ဤနည်းပညာကို မျှဝေပေးလိုက်ရခြင်းဖြစ်ပါသည်။
လိုအပ်သော ကိရိယာများ
- ဝါး (သို့မဟုတ်) သစ်သားတစ်ချောင်း
- ပန်ကာအရွယ် ပလတ်စတစ် ကော်ပြားတစ်ပြား
- သွပ်နန်းကြိုးတစ်ချောင်း
- ခဲသီးတစ်ခု
- နို့ဆီခွက်တစ်ခွက် တို့ဖြစ်ပါသည်။
ပြုလုပ်ဆောင်ရွက်နည်း
- ပထမဦးဆုံးကို ဝါးလုံးကို အပေါက်ဖောက်ပါ။
- သွပ်နန်းကြိုးကို ဝါးလုံးထဲထည့်ပြီး ထိပ်ဖက်မှာ ကော်ပြားကို တပ်ပါ။ ကော်ပြားရှေ့က သွပ်နန်းကြိုးကို အနည်းငယ်ပြန်ကွေးပေးပါ။ ကော်ပြားရဲ့ နောက်ဘက်ကိုတော့ ဖော့တုံးလိုအရာလေးတပ်ပေးထားရင် ပိုကောင်းပါတယ်။ လေတိုက်ပြီး ကော်ပြားကျွတ်ထွက်မသွားအောင်ပါ။
- ဝါးလုံးရဲ့တစ်ဖက်မှာရှိတဲ့ သွပ်နန်းကြိုးကို အနည်းငယ်ကွေးပြီး ခဲသီးကို တပ်လိုက်ပါ။
- ခဲသီးလည်ပြီး အသံထွက်လောက်မယ်ဆိုတဲ့ အနေအထားလောက်မှာ နို့ဆီခွက်ကို မှောက်ခုံးအနေအထား ဝါးလုံးနဲ့ကပ်ပြီး တပ်ပေးပါ။
လေတိုက်ရာအရပ်ဘက်ကို လှည့်ထားဖို့တော့ လိုပါသည်။ လေမတိုက်ခတ်ပါက အခက်အခဲရှိပါသည်။ ဒါဆိုရင်တော့ လေတိုက်လို့ ပန်ကာလည်တဲ့အချိန် ခဲသီးက နို့ဆီခွက်ကိုထိပြီး အသံမြည်လာမှာပါ။
စိုက်ခင်းအတွင်းသီးနှံများကို လာရောက်ဖျက်ဆီးတတ်သော အဓိကအားဖြင့် စာကလေး၊ ကြက်တူရွေး စသော တိရစ္ဆာန်ငယ်များမလာမီ ကြိုတင်၍ ကိရိယာကိုပြုလုပ်ကာ ခြောက်လှန့်ပေးခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့တောင်သူများအဖို့ ဒီထက်ပိုကောင်းမွန်သော ကိရိယာများ ထုတ်လုပ်သုံးစွဲခြင်းဖြင့် ယနေ့သီးနှံစိုက်ခင်းအတွင်း ကျရောက်ဖျက်ဆီးခြင်းပြုသော ကျေးငှက်များကို ကာကွယ်တိုက်ဖျက်ကြပါဟု ဆန္ဒပြုရင်း တင်ပါလိုက်ပါသည်။
ဘိုးရာဇာ (စိုက်ပျိုးရေး)
၅/၈/၂၀၁၉
* ပြုလုပ်ရလွယ်ကူစေဖို့အတွက် ဗီဒီယိုဖိုင်လေးပါ တင်ပေးလိုက်ပါတယ်။ အသုံးတည့်ရင်း အဆင်ပြေကြပါစေ။ *
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စာခြောက်ရုပ်ပြုလုပ်နည်း
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးထင်အောင်ရှိန်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....