“မွေးမြူရေးကဏ္ဍ လမ်းညွှန်”
အဆင့်(၁) ပထမဦးစွာ Greenway ဖုန်းဆော့ဝဲလ်ကို Play store မှ Download ရယူပါ။ သို့မဟုတ် Greenway ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။
အဆင့်(၂) မှတ်ပုံတင်ခြင်း(Registration) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။

အဆင့်(၃) ထို့နောက် Greenway ဆော့ဝဲလ်ထဲသို့ ဝင်ရောက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ပင်မစာမျက်နှာတွင် မွေးမြူရေးနှင့် ဆိုင်သော ဆောင်းပါးများကို လေ့လာရန် “မွေးမြူနည်းပညာ”ဟူသော အဝိုင်းလေးကို နှိပ်ပေးပါ။

အဆင့်(၄) ပုံတွင်တွေ့ရသည့်အတိုင်း “ငါး” နှင့် “နွား” ဟူသော ခေါင်းစဥ် ၂ ခု ပေါ်လာပါလိမ့်မည်။

အဆင့်(၅) “ငါး” ဟူသည့် အကွက်ကို နှိပ်လိုက်ပါက “ငါးမွေးမြူခြင်း၊ နေရာရွေးချယ်ခြင်း၊ ငါးကြီးထွားမှု၊ ငါးမွေးကန်ပြင်ဆင်ခြင်း၊ ငါးသားပေါက်ထည့်သွင်းခြင်း၊ ပါဝင်ရမည့်အရာများ၊ ကြည့်ရှုစစ်ဆေးခြင်း၊ ငါးကျန်းမာရေး၊ ငါးကန်ဖော်ခြင်း၊ ငွေကြေးကိစ္စများ” အစရှိသည့် ကဏ္ဍငယ် ၁၀ခုကို မြင်တွေ့နိုင်ပါသည်။ “ငါးမွေးမြူခြင်း”နှင့် ပတ်သက်သည့် ဆောင်းပါးများကို လေ့လာလိုပါက “ငါးမွေးမြူခြင်း”ဟူသည့် အကွက်ငယ်ကို နှိပ်ပြီး လေ့လာနိုင်ပါသည်။ အလားတူပင် ၎င်းကဏ္ဍငယ် ၁၀ခုထဲမှ မိမိကြိုက်နှစ်သက်ရာကို လေ့လာလိုပါကလည်း သက်ဆိုင်ရာ အကွက်ငယ်များကို နှိပ်ပြီး လေ့လာနိုင်ပါသည်။ မိမိလေ့လာလိုသော ကဏ္ဍသို့ ဝင်ရောက်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့် အပေါ်စွန်းရှိ တြိဂံပုံ အတုံးလေးသုံးတုံးကို နှိပ်ပြီး ငါးအမျိုးအစားများကို ရွေးချယ်၍ လေ့လာနိုင်ပါသေးသည်။


အဆင့်(၅) ထို့အတူပင် “နွား” ဟူသည့် အကွက်ကို နှိပ်လိုက်ပါက “အခြေခံအာဟာရဗေဒ၊ နွားကလေး ပြုစုခြင်း၊ နွားစာပင်စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊ နွားနို့အရည်အသွေး၊ ခြံမှတ်တမ်း၊ ခြံစီးပွားရေး၊ ကျန်းမာရေး” အစရှိသည့် ကဏ္ဍငယ် ၈ခု ကို မြင်တွေ့နိုင်ပါသည်။ မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးကို လေ့လာလိုပါက သက်ဆိုင်ရာ အကွက်ငယ်များကို နှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါသည်။

အဆင့်(၆) ထိုဆောင်းပါးများထဲတွင် မိမိကြိုက်နှစ်သက်သော ဆောင်းပါးများ ပါဝင်ပါက မျှဝေသိမ်းဆည်းနိုင်စေရန် ဆောင်းပါးတစ်ပုဒ်ချင်းစီ၏ အောက်၌ ပုံတွင် မြင်တွေ့ရသည့်အတိုင်း “မျှဝေမည် သိမ်းဆည်းမည်” ဟူသော စာသားလေးများပါရှိပါသည်။ ထို့ကြောင့် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးကို ပြန်လည်မျှဝေနိုင်သလို အချိန်မရွေးပြန်လည်ဖတ်ရှုနိုင်စေရန်အတွက်လည်း သိမ်းဆည်းထားနိုင်ပါသည်။

အဆင့်(၇) ထို့ပြင် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးများကို facebook တွင်ပါ ပြန်လည်မျှဝေနိုင်ပါသေးသည်။ facebook တွင် မျှဝေရန် ပုံတွင်ပြထားသည့် “share” ဟူသည့် နေရာလေးကို နှိပ်ပြီး ပြုလုပ်နိုင်ပါသည်။

အဆင့်(၈) မိမိသိလိုသော ကြက်၊ ဝက်၊ ဘဲ အစရှိသည့် မွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်း၊ ဆောင်းပါး၊ အမေးအဖြေ၊ အမေးအဖြေတို့ကို တစ်စုတစ်စည်းတည်း ရှာဖွေလိုပါက ပင်မစာမျက်နှာရှိ အပေါ်ဆုံး bar(ဘား) တွင် မှန်ဘီလူး ပုံစံလေးကို နှိပ်ပြီး သိလိုသော ခေါင်းစဉ်ကို ရှာဖွေနိုင်ပါသည်။ ဥပမာ ကြက်မွေးမြူရေးနှင့် ပတ်သက်သော ဆောင်းပါးများကို ဖတ်လိုပါက ၎င်းမှန်ဘီလူးပုံ (search) ကို နှိပ်ကာ “ကြက်မွေးမြူရေး” ဟု ရိုက်ရုံဖြင့် ဆောင်းပါးများ၊ သတင်းများ အကုန် ပေါ်လာမည် ဖြစ်ပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
naingmyotun
လွန်ခဲ့သော ၅ နှစ် ကဟု
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026