ကျွန်းပန်းလေးတွေအကြောင်း
ဒီလဟာ ကျွန်းပင်တွေပွင့်သောလဖြစ်တယ်။ စက်တင်ဘာလထဲမှာ ကျွန်းသီးလေးတွေစမြင်ရပြီ။ ကျွန်းဆိုတာ ရာသီအလိုက် အရွက်ကြွေသောအပင် deciduous tree ဖြစ်တယ်။ နွေရာသီဆိုရင် အရွက်လုံးဝကင်းမဲ့သည်အထိကြွေကျသည်။ မီးအန္တရာယ်ရှိသည်။ မိုးရာသီကာလမှာ အရွက်ဖားဖားနှင့်စိမ်းစိုနေသည်။ ကျွန်းဆိုတာ အာရှတိုက်နဲ့ အာဖရိကအရှေ့ပိုင်းမှာ ပေါက်ရောက်သည့် အပင်၊ သစ်သားအားလုံးထဲမှာတော့ တန်ဖိုးမြင့်မားလှသော အဖိုးတန်သော အသားဖြစ်သည်။ မဟော်ဂနီကလွဲပြီးရင် တန်ဖိုးအမြင့်မားဆုံးဖြစ်သည်။
မြန်မာ့ကျွန်းသစ်သည် ကမ္ဘာကျော်သည်။ ကျုံခြင်း ကြွခြင်း မရှိသောကြောင့် ပထမတန်စားသစ်အဖြစ်ကျော်ကြားသည်။ ကျွန်းသားကို ခြမစား ၊ အက်စစ်လည်း မစားပါ၊ တာရှည်ခံသည် ၊ ခိုင်ခံသည်၊ ရာသီဥတုဒါဏ်ခံနိုင်သည်၊
ကျွန်းသစ်ကို အိမ်ဆောက်ခြင်း၊ ပရိဘောဂထည်များပြုလုပ်ခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများ ပြုလုပ်ခြင်း၊ သင်္ဘောာများ၊ လှေများ တည်ဆောက်ခြင်း၊ မီးရထားတွဲများတည်ဆောက်ခြင်း၊ ပန်းပုလက်ရာများထုဆစ်ခြင်း၊ ကြမ်းခင်းခြင်း၊ တံတားများတည်ဆောက်ခြင်းပြုလုပ်ရာတွင် ကျွန်းကိုမီသည့် သစ်သားကို ယနေ့အထိမတွေ့ရသေးပါ။ ကျွန်းနှင့် နံမည်ကျော်ကြားသောတံတားထဲတွင် မန္တလေးက ဦးပိန်တံတားပါသည်။ ယနေ့တိုင်ရှိနေဆဲ။ ဟုမ္မလင်းမှာလည်း သစ်သားဖြင့်ဆောက်သည့် ကံသာဦး တံတား၊ ဟုမ္မလင်းဦးပိန်တံတားတွေက လူသိများသည်။ ကျွန်းနှင့်ဆောက်ထားသည့် ရှေးခေတ် ဘုန်းကြီးကျောင်းတွေက လူတွေရဲ့စိတ်ကို ဆွဲဆောင်သည်။ နိုင်ငံခြားသားများလာလျှင် အလွန်သဘောကျသည်။ ထိုကျောင်းတွေကို ဖြိုဖျက်ပြီး ခေတ်မီ အုတ် ကွန်ကရစ်များ အစားထိုးခြင်းက ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်များ ဆုံးရှုံးစေသည်။ ကျွန်တော် ရောက်လေရာကျောင်းတွေကိုဖြင့် မဖျက်ဖို့ ဆရာတော်ကြီးများကို လျှောက်ထားခဲ့မိသည်။
ဝီကီပီးဒီယားထဲမှာ ကျွန်းကို teak လို့လည်း ခေါ်သလို Burma teak လို့လည်း ခေါ်ကြောင်း မှတ်သားမိသည်။ ကျွန်းပင်စည်က အခြားအပင်တွေနဲ့ မတူ၊ ဖြောင့်တန်းစွာ ရှိနေသည်။ ပင်ပွား ၂ ပင်ရှိရင် ငယ်သော ပင်ပွားကို သတ်ရသည်။ ကျွန်းပင်က တောမီးဒဏ်ကို ခံနိုင်ရည်ရှိသည်။ တောမီးကြောင့် အပင်ကြီးတွေက သေမသွား၊ ပိုလို့တောင် သန်မာလာတယ်လို့ဒေသခံတွေက ယုံကြည်နေကြတယ်။
ကျွန်းကို ရှေးနှစ်ပေါင်းများစွာကတည်းက တန်ဖိုးထားခဲ့ကြသည်။ ခရစ် ၁၇၅၂ ခုနှစ်အလောင်းမင်းတရားကြီး စိုးစံစဥ်ကာလမှာ ကျွန်းပင်ကို မခုတ်လှဲရ ဘုရင့်ဘဏ္ဍာတော်အဖြစ် ကြေညာပညတ်ခဲ့သည်။ လွတ်လပ်ရေးမရမီက ဗြိတိသျှအစိုးရ၏ ထင်ရှားသောသစ်ကုမ္မဏီက ဘုံဘေဘားမား သစ်ကုမ္မဏီဖြစ်ပြီး မြန်မာပြည်မှ ကျွန်းသစ်များကို ထုတ်ယူခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ကျွန်းသစ်ကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။
အပင်သရုပ်
ကျွန်းမျိုးရင်းကို ယခင်က မျိုးရင်း Verbenaceae ထဲမှာထားသော်လည်း မျိုးခွဲစံနစ်အသစ်ကြောင့် Family Lamiaceae ထဲရောက်ရှိသွားတာကို သတိပြုမိကြမှာပါ။ ပင်စည်နုနုတွေက လေးဒေါင့် ပုံစံ (quadrangular) ရှိကြတယ်။ စိမ်းညိုသောအရောင် (brownish green) သန်းပြီး၊ ကြယ်ပုံစံ အမွှေးများနှင့် အနက်ရောင် ဂလင်း (densely stellate -tomentose with black gland-dotted) များစွာဖြင့် ဖုံးထားလေ့ရှိသည်။ အရွက်ကြီးတွေက ရွက်ထီးဖြစ်ပြီး အဆစ်တဆစ်မှာ ၂ ရွက် ဆိုင်ထွက်သည်။ ရွက်စွယ်လည်း မရှိပါ။ အရွက်တစ်ခုလုံးကို ကြမ်းသော ကြယ်ပုံအမွှေးများတွေကဖုံးထားပါတယ်။
ကျွန်းရွက်တွေက (elliptic to ovate) အီလစ်ပုံကနေ ဘဲဥပုံ အထိရှိတယ်။ အလွန်ကြီးပါတယ် (30-80 cm) လောက်အထိ ဗျက်ကျယ်ပါတယ်။ ကျွန်းပန်းခိုင်ကြီးကို အဝေးကပင်မြင်နိုင်သည်။ ထိပ်ထွက် ပန်းခိုင်ပေါင်း (terminal , large and lax panicles) ဖြစ်ပြီး အလွန်ကိုများပြားလှသော ပန်းပွင့် အငယ်တွေပါတယ်။
Verbenaceae အနွယ်၀င် အပင်တိုင်းမှာ ရှိတဲ့ ပန်းအတော်များများဟာ ၂ ချမ်းသာညီသော ပန်း Zygomorphic flowers တွေသာဖြစ်သည်။ ပွင့်ချပ်အဝိုက် မညီသော ပန်းတွေအကြားမှာ ကျွန်းပန်းလေးတွေက တစ်မူထူးခြားနေပါတယ်။ ဒီပန်းမှာရှိသော အဝိုက်လေးတွေရဲ့အရွယ်က အတော်လေးကို ညီနေကြတယ်။ သိပ်ပြီး မကွာကြဖူး အချို့ကဆိုရင် subequal လို့တောင် ခေါ်သည်အထိပါ။ ကျွန်းပန်းလေးတွေကို အချို့သော မျိုးခွဲစာအုပ်တွေမှာ လေးချမ်းညီသောပန်း (actinomorphic flowers) လို့တောင် ဖေါ်ပြထားသည်။ unique character လည်းဖြစ်သည်။
နောက်တခုထူးခြားချက်က ကျွန်းတွေက (hexamerous) ခေါ်သည့် ၆ အင်္ဂါဆပန်းတွေ ဖြစ်တယ်။ ပွင့်ဖတ်အုံ Calyx ပွင့်ချပ်အုံ Corolla စသော အစိတ်အပိုင်းတွေမှာ အစိတ်အပိုင်း ၆ ခုစီ ပါကြသည်။ အများစုက ၅ ခုစီသာပါကြသည်။ ထိုနည်းတူ မညီညာသော ၀တ်ဆံဖိုကလည်း ၆ ခုပါပြီး ပန်း၏အပြင်ဖက်ကို ထိုးထွက်နေပါတယ်။ ကာမယ် ၂ ခုပါပြီး အစေ့အိမ်က အမြင့် အင်္ဂါ ဖြစ်သည်။ အခန်းလေးခန်ပါသော်လည်း ယင်းမှာ အကန့်တုကြောင့်ဖြစ်ရသည်။ တစ်ခန်းမှာအစေ့လောင်းတစ်စေ့စီသာပါသည်။ ကျွန်းသီးဟာ အတွင်းခွံမာသီး အနွယ် Drupes ဖြစ်ပါတယ်။ အညိုရောင်အမွှေးများနဲ့ဖုံးထားပြီး အပြင်ခွံက မာလှတယ်။
ရာသီအလိုက် ပွင့်နေသော ကျွန်းပန်းလေးတွေ အကြောင်းကို taxonomic ရှုဒေါင့်ကနေ သိရသလောက် တင်ပြပေးလိုက်ပါသည်။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....