အစိမ်းရောင်လမ်း
ချည်ထုတ်လုပ်လို့ရသည့် ဖက်ယားပင်

ချည်ထုတ်လုပ်လို့ရသည့် ဖက်ယားပင်

Green Way
Green Way 07/10/2021

ရန်ကုန်ရောက်တော့ နေရာအတော်များများမှာ ဖက်ယားပင်တွေ တွေ့ရတယ်။ သူတို့အားလုံးဟာ မျိုးစု Urtica မှာပါဝင်ကြတယ်။ စိုထိုင်းဆများတာရယ် လောင်းရိပ်ကျခြင်းတွေက ဖက်ယားပင်တွေ ပွားများစေပုံရတယ်။ အချို့နေရာတွေဆို ၂ ပေကျော် ၃ ပေနီးပါးမြင့်တယ်။ ပင်ပျော့လေးတွေဖြစ်ပြီး မျိုးရင်းကတော့ Urticaceae ဖြစ်ကြတယ်။ Urtica (အာတီကာ) ကတော့ genus (မျိုးစု) အမည်ဖြစ်ပါတယ်။ Urtica genus မှာ မျိုးစိတ်များစွာရှိကြတယ်။  ဖက်ယားပင်ရဲ့ သိပ္ပံ အမည်ကို Urtica dioica လို့ခေါ်ပြီး nettles or stinging nettles လို့အသိများကြတယ်၊ 

Urtica species ဖက်ယားပင် မျိုးစိတ်တွေအများစုက တစ်နှစ်ခံပင်  နှစ်ရှည်ခံပင်ပင်အနေနဲ့ အတွေ့များပါတယ်။ ခြုံပင်အနေနဲ့ကတော့ အလွန်ရှားပါတယ်။ အမျိုးအစားနဲ့ တည်နေရာ အမျိုးအစား အာဟာရရရှိမှုအပေါ်မူတည်ပြီး အပင်အမြင့်က ၃၀၀ စင်တီမီတာ (300 cm) အထိရှိတတ်ပါတယ်။ မြေအောက်ပင်စည်ရှိပါတယ်။ အစိမ်းရောင်အစိမ်းအပိုင်းအားလုံး ယားယံစေသောအမွှေး (stinging hairs) တွေဖုံးအုပ်ထားပါတယ်။ ပင်စည်က လေးထောင့် (quadrangular stems) ဖြစ်ပါတယ်။ ပင်ထောင်ဖြစ်ပြီး ကိုင်းဖြာပါတယ်။ 

အရွက်တွေက ရွက်ညှာပါပြီး ရွက်ဆိုင်ထွက်တယ်၊ ရွက်ပြားပုံစံအမျိုးမျိုးပါ elliptic, lanceolate, ovate or circular ပုံစံဖြစ်ကြပါတယ်။ အရွက်တိုင်းမှာ အဓိက ရွက်ကြော ၃ ခုကနေ ၅ ခုအထိပါပါတယ်။ ရွက်နားတွေက လွှသွားပုံရွက်နားသွားပုံရှိကြပါတယ်။

ယားယံသော အမွှေးများကြောင့် ဖက်ယားပင်တွေကိုအရွက်စားသတ္တဝါတွေက မနှစ်မြို့ပါဘူး၊ စားလည်း စားခဲပါတယ်၊ ဒါ့ကြောင့်လည်း အပင်ကိုမှီခိုနေထိုင်ရတဲ့ အင်းဆက်များအတွက်တော့ နားခိုစရာ အိမ်သဖွယ်ဖြစ်လို့နေတယ်၊ ပန်းခိုင်ကကြားထွက်ဖြစ်ပြီး ပန်းခိုင်တလျောက်  လုံးဝန်းသော ပန်းခိုင်အလုံးများ ဖြစ်ပြီး သေးငယ်သော ပန်းလေးများစွာပါပါတယ်။ 

ဖက်ယားအပင်တွေမှာ ယားယံသော အမွှေးမပါသော မျိုးစိတ်တွေလည်းရှိပါတယ်။ ယားယံစေသော အမွှေးတွေက ထိတာနဲ့ ခန္ဓာကိုယ်အတွင်း အပ်သဖွယ်စူးဝင်ပြီး ဓာတုပစ္စည်းများဖြစ်တဲ့ acetylcholine, histamine, 5-HT (serotonin), moroidin, leukotrienes, formic acid များကို သွတ်သွင်းစေပါတယ်။ ဒီဒြပ်ပေါင်း အနှောက အရေပြားကို ပြင်းထန်စွာယားယံစေပါတယ်။ ဒါ့ကြောင့်လည်း ဒီအပင်ကို stinging nettle လို့ ခေါ်ကြပါတယ်။

ပန်းလေးတွေကငယ်ပြီး အစိမ်းရောင် လိင်မစုံကြပါ၊ ပွင့်ဖတ် ၄ ခုသာပါပြီး ပွင့်ချပ်မရှိပါဘူး၊ ဝတ်ဆံတန်တွေက ပွင့်ဖတ်တွေနဲ့ မျက်နှာခြင်းဆိုင်နေရုံသာမက အတွင်းထဲမှာတောင်လှလျောင်းနေပုံက တခြားမျိုးရင်းတွေနဲ့ လုံးဝ လုံးဝ ကွဲပြားလှတယ်။ အစေ့အိမ်က ဘဲဥပုံဖြစ်သော်လည်း ဝတ်မှုံခံတိုင် အရမ်းတိုပါတယ်၊ အသီးသည်ပြားသောပုံသဏ္ဍာန်ရှိပါသည်။

ဖက်ယားပင်ကို ဘယ်နေရာတွေမှာသုံးသလည်း? 

သမိုင်းကြောင်းအထောက်အထားတွေအရ ဆေးဝါးအနေနဲ့သုံးစွဲခဲ့ကြတယ်၊ အချို့လည်း ချက်ပြုတ်စားကြတယ်၊ အချို့ မျိုးစိတ်တွေကနေ အမျှင် (fiber) တွေထုတ်ယူကြတယ်။ Urtica dioica ကတော့ အဓိက species မျိုးစိတ်ဖြစ်ပြီး အထက်ပါရည်ရွယ်ချက်တွေအတွက်သုံးခဲ့ကြတယ်။ အဆစ်ယောင် (Arthritic joints) ရောဂါကို ရိုးရာတိုင်းရင်းဆေးအနေနဲ့ ဖက်ယားအကိုင်းတွေနဲ့ ရောင်နေသောအဆစ်ကို whipping လုပ်ပြီးကုသကြတယ်။ ဖက်ယားရွက် (Nettles) တွေကို ဆေးဖက်ဝင်လက်ဖက်ရည် (herbal tea) အနေနဲ့လည်းသောက်သုံးကြပြီး ဒီလက်ဖက်ရည်ကို  nettle tea လို့လည်းခေါ်ပါတယ်။ 

Urtrica dioica အပင်ကို သြစတေးလျရဲ့ ရိုးရာဆေးဖက်ဝင်အပင် (the traditional Austrian medicine)(လက်ဖက်ရည်အနေနဲ့သော်လည်းကောင်း အရွက်ကိုလည်းကောင်း) အနေနဲ့ သောက်သုံးပြီး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါများ ၊ အစာလမ်းကြောင်း အူများ gastrointestinal tract, locomotor system, အ​​​ရေပြား skin, နှလုံးကြွက်သား cardiovascular system, hemorrhage, တုပ်ကွေး  influenza, အဆစ်​အမြစ်ရောင်သောရောဂါ rheumatism နဲ့  ဂေါက်ရောဂါ gout ရောဂါများကုသရာမှာသုံးကြပါတယ်။

ဖက်ယားပင်တွေမှာ အကောင်းဆုံးအမျှင်တွေပါကြတယ်။ ရိုးရာအနေနဲ့  အတွင်းခံ လိုင်နာအသား linen အနေနဲ့ အသုံးပြုကြပါသည်။ ဝါဂွမ်းနဲ့မတူတာက (nettles) ဖက်ယားတွေက ပိုးတွေရဲ့ ဖျက်စီးမှုမခံရတာပါဘဲ၊ ဒါပေမဲ့ နူးညံမှုမရှိကြမ်းတမ်းသောလက္ခဏာရှိပါတယ်။ သမိုင်းကြောင်းကိုပြန်ကြည့်ရရင် ဖက်ယားပင်က ချည်ကို လွန်ခဲ့သော နှစ်၂၀၀၀ ခန့်ကသုံးခဲ့တယ်လို့ပြောရင် မိတ်ဆွေတို့ အံသြကြလိမ့်မယ်၊ ဝါဂွမ်းအခက်အခဲကြောင့် ပထမကမ္ဘာစစ်က ဂျာမန်စစ်သည်တွေရဲ့ ယူနီဖောင်းကို ဒီအပင်ကရတဲ့ ချည်ကိုဘဲသုံးခဲ့ရတယ်၊ မကြာမီကဆိုရင် သြစတေးလျ၊ ဂျာမနီ၊ အီတလီ မှာရှိတဲ့ ကုမ္ပဏီများက   စီးပွားဖြစ် nettle textiles များထုတ်လုပ်နေပြီဖြစ်ပါတယ်။ အချို့နိုင်ငံတွေဆို ဖက်ယားအရွက်က အရသာကောင်းလွန်းလို့ ချက်တောင်စားကြပါသေးတယ်၊ လူသားအကျိုးပြုအပင်လေးတွေပါ။

Wikipedia ကိုမှီ၍ရေးပါသည်။

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

Ba Gyan • ဖြေကြားချက် 2 ခု

ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်

Nan • ဖြေကြားချက် 1 ခု

ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ

Nan • ဖြေကြားချက် 2 ခု

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။