လဲမှို့ပင်ခေါ် သင်္ဘောလက်ပံပင်
လဲမှို့ပင်ကို သင်္ဘောလက်ပံပင်လို့လည်းခေါ်ပါသည်။ ရိုးရိုး လက်ပံ Bombax ပွင့်ရင် အနီရောင်စွေးစွေးမို့ လူတိုင်း လက်ပံပွင့်နေမှန်းသိကြသည်။ သင်္ဘောလက်ပံပန်းကမူ ပွင့်နေမှန်းတောင် မသိကြပါ။ အရွက် အဖူး အပွင့် အရောင်တွေက ရောနေသည်။ တစ်ပင်လုံး ဝေနေအောင် ပွင့်နေသော်လည်း လူတွေရဲ့စိတ်ကို ညွှတ်ပြောင်းအောင် မစွမ်းသာ။ အပွင့်အရောင်က အစိမ်းဘက်ကဲနေတာမို့ ရောထွေးနေသည်။ သဘောလက်ပန် အပွင့်ပွင့်တာကို မြင်ဖူးသူရှားပါလိမ့်မယ်။ သင်္ဘောလက်ပံအပင်တွေက ပွင့်ရင်သာမသိ ရှိမယ်။ အသီးသီးရင်တော့ လူတိုင်းသိကြသည်။ အသီးထဲက မှို့က တန်ဖိုးရှိတာမို့ အသီးမအက်ကွဲခင် ခူးဆွတ်ပြီးရောင်းကြသည်။ အညာမှာတော့ လဲမှို့ပင်လို့ အသိများကြသည်။ ခေါင်းအုံး မွှေ့ယာများလုပ်ရာမှာ လဲမှို့ကို အဓိက အသုံးပြုသည်။ သဘာဝလဲမှို့နှင့် လုပ်ထားသော ခေါင်းအုံး၊ မွှေ့ယာများက ကျမ်းမာရေးနဲ့ ညီညွတ်ပြီး ပိုပြီးစျေးကောင်းသည်။
အပင်သရုပ်
သင်္ဘောလက်ပံ အပင်သည် ယခင်က မျိုးရင်း Bombaceae ထဲမှာပါသော်လည်း ယခုအခါ မျိုးခွဲစံနစ်အရ မျိုးရင်း Malvaceae ထဲပြောင်းခဲ့ပြီဖြစ်သည်။ သင်္ဘောလက်ပံ အပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အပင်နုစဉ် ဆူးငယ်များက ပင်စည်ပေါ်ရှိသော်လည်း ရင့်သောအခါမရှိတော့ချေ။ အရွက်က လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၅ ကနေ ၉ အထိရှိတတ်သည်။ ပန်းခိုင်က ကြားထွက် fascicles ဖြစ်သည်။ ပန်းပွင့်အရောင်က creamy white ဖြစ်ကာ လိင်စုံသည်။ ၅ အဂါဆ ဖြစ်သည်။ ပွင့်ဖတ်အုံက ခွက်ပုံ campanulate urceolate ဖြစ်ကာ အဝိုက် ၅ ခုပါသည်။ ပွင့်ချပ် ၅ ခုပါသည်။ ဝတ်ဆံဖို ၅ ခုပါပြီး တစုစည်းဖြစ်သည် ပွင့်ချပ်အခြေကနေဆက်လို့နေသည်။ ဝတ်ဆံဖိုအိတ်တွေက တစ်ခန်းသာပါပြီး လိမ်နေသည်။ အစေ့အိမ်မှာ ကာပယ် ၅ ခုသာပါပြီး ဆက်နေကြသည် ။ အစေ့လောင်းများစွာပါသည်။ style က ထူးခြားစွာ contoted ဖြစ်နေသည်။ ဝတ်မှုံခံထိပ်ပိုင်းက ၅ ခုကွဲလို့နေသည်။ အသီးကအက်ကွဲသီး အမျိုးအစား ဖြစ်ပြီး ၁၅ စင်တီမီတာခန့်ရှည်သည်။ အသီးထဲမှာ အစာများစွာနှင့်အတူ ပိုးသားလို နုညံ့သော အမွှေးတွေပါ ပါသည်။
သင်္ဘောလက်ပံပွင့်ကို မြင်ဖူးကြလား...။

ကိုသက်နိုင်ဦး
ဟုမ္မလင်း
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကငယ်ငယ်ကတော့မြင်ဖူးပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026