မတ်ပဲသီးနှံ စပါးအပြီးစိုက်ပျိုးရန်
မတ်ပဲသီးနှံ စပါးအပြီးစိုက်ပျိုးရန်
စပါး-မတ်ပဲသီးနှံပုံစံသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထင်ရှားသည့် သီးနှံပုံစံဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ မတ်ပဲကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချရန် စိုက်ပျိုးနိုင်ပါသည်။
မတ်ပဲရေဆင်း-၂၊ မတ်ပဲရေဆင်း- ၃ နှင့် ဟင်္သာတလုံးကြီးမျိုးတို့ကို တောင်သူအများစု စိုက်ပျိုးကြောင်းသိရသည်။ စပါးရိတ်သိမ်းအပြီး လယ်မြေများတွင် သင့်တော်ရာ မတ်ပဲတစ်မျိုးမျိုးကို မြေတွင်းအစိုဓါတ်မဆုတ်ယုတ်မီ အချိန်မီစိုက်ပျိုးရန် စိုက်ပျိုးသင့်သည့် သုတေသနပြု ထုတ်ဝေထားသည့် မျိုးအချို့ကို ဖေါ်ပြအပ်ပါသည်။
မတ်ပဲရေဆင်း-၄
အသက် ၆၅ ရက်မှ ရက် ၇၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၃၀ မှ ၃၅ ဖြစ်သည်။ တစ်တောင့်တွင် အစေ့ ၄ မှ ၅ စေ့ရှိသည်။ အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်သည်။ စပါးရိတ်သိမ်းအပြီးလယ်မြေတွင် စိုက်ပျိုးသင့်ပါသည်။
မတ်ပဲရေဆင်း-၅
သက်တမ်းမှာ ၈၅ ရက်မှ ရက် ၉၀ ဖြစ်သည်။ တစ်ပင်တွင် သီးတောင့် ၄၅ မှ ၅၀ သီးနိုင်သည်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားခြင်း သီးတောင့်များခြင်း၊ ပဲပင်ပေါက်အရည်အသွေးကောင်းခြင်းတို့နှင့် ပြည့်စုံပြီး အထွက်ကောင်း မတ်ပဲမျိုးဖြစ်ပါသည်။ စပါးရိတ်သိမ်းအပြီးလယ်မြေတွင် စိုက်ပျိုးသင့်သောမျိုးတစ်မျိုးဖြစ်ပါသည်။
မတ်ပဲရေဆင်း-၆
အသက် ၉၀ ရက်မှ ရက် ၉၅ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၃၅ မှ ၄၀ ဖြစ်သည်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားသည်။ အစေ့အရောင်နက်ပြောင်နေသည်။ ဆီပဲ-ဟု လူသိများသည်။ ဖားအုမှိုရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးဖြစ်သည်။ စပါးရိတ်သိမ်းအပြီးလယ်မြေတွင် စိုက်ပျိုးသင့်ပါသည်။
မတ်ပဲပုလဲထွန်း
သက်တမ်းမှာ ၁၁၀ ရက်မှ ရက် ၁၂၀ ဖြစ်သည်။ တစ်ပင်တွင် သီးတောင့် ၂၅ မှ ၃၀ သီးနိုင်သည်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိသည်။ အစေ့အရွယ်အစားကြီးမားသည်။ အထွက်ကောင်းသော မတ်ပဲမျိုးဖြစ်ပါသည်။ စပါးရိတ်သိမ်းအပြီးလယ်မြေတွင် စိုက်ပျိုးသင့်သောမျိုး တစ်မျိုးဖြစ်ပါသည်။
မတ်ပဲရေဆင်း-၇
အသက် ၈၀ ရက်မှ ရက် ၈၅ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်ပင်ပါသီးတောင့် ၂၅ မှ ၃၀ ဖြစ်သည်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိသည်။ အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးဖြစ်သည်။ စပါးရိတ်သိမ်းအပြီးလယ်မြေတွင် စိုက်ပျိုးသင့်ပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မတ်ပဲစိုက်ပျိုးနည်း
အကြောင်းအရာ 2
စပါးအပြီးစိုက်သင့်သော သီးနှံ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
win ko thu
လွန်ခဲ့သော ၁ နှစ် ကမတ်ပဲရေဆင် ၅လ်ုခြင်တယ်ဘယ်၀ယ်ယူလိုရသည်ပြေားပါ
winnaingoo
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲ ရေဆင်း ၄ ဘယ်မှာ မှာလို့ရနိုင်မလဲ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....