"ဒီဒေသမှာ စပျစ်ခြံသွားမယ်လို့ ပြောရင်ကို အလှောင်ခံရတာ"
လူအများစုက စပျစ်သီးကို အအေးပိုင်းဒေသတွေပဲ စိုက်ပျိုးမှုများပြီး အပူပိုင်းဒေသတွေမှာ စိုက်လို့မဖြစ်ထွန်းဘူးလို့ မှတ်ယူထားကြတာပါ။ ဒါပေမဲ့ အဲဒီထင်မြင်ယူဆချက်ဟာ တက်တက်စင်အောင် လွဲနေတယ်ဆိုတာကို ဦးဇော်ခင်က သက်သေပြလိုက်ပါတယ်။ တောင်သူအများစုဟာ ဟိုးယခင် ရာစုနှစ်များစွာက ရိုးရာစိုက်ပျိုးနည်းတွေနဲ့ပဲ စိုက်ပျိုးလုပ်ကိုင်ကြတုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်က ပဲစဉ်းငုံစျေးကောင်းတယ်ဆိုရင် ဒီနှစ်ထွန်ချချိန်မှာတော့ တောင်သူအများစုဟာ ပဲစဉ်းငုံကိုပဲ ပေါ်ပင်လိုက်စိုက်ကြဆဲပါ။ ဦးဇော်ခင်ကတော့ ထိုထဲကမှ ဖောက်ထွက်သူတစ်ဦးလို့ ဆိုလို့ရမယ်ထင်ပါတယ်။ အခုဆိုရင် ဦးဇော်ခင်ရဲ့ စပျစ်ခြံဟာ အတော်လေးအောင်မြင်နေပါပြီ။ သူ့ခြံက မုံရွာမြို့ရဲ့အရှေ့ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက္ကာလမ်းမဘေး ရွာတုံရွာမှာ တည်ရှိပါတယ်။ ဒီတစ်ပတ် မုံရွာဂေဇက်နဲ့ အင်တာဗျူးကဏ္ဍမှာ စပျစ်စိုက်တောင်သူ ဦးဇော်ခင်နဲ့ တွေဆုံမေးမြန်းခဲ့တာတွေကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
MGZ-ဘယ်အချိန်က စ,စိုက်တာလဲ။ ဒီလိုအပူပိုင်းဒေသမှာ စိုက်ပျိုးလို့မရဘူးလို့ လူအများစုကထင်ကြတယ်။ ဘယ်လိုစိုက်ဖြစ်သွားတာလဲ။
UZK-အပူပိုင်းဒေသကပိုပြီးတော့ဖြစ်ပါတယ်။ ကျနော် စစိုက်တဲ့အချိန်က တပို့တွဲလ စစိုက်တာဗျ။ နေတအားပူချိန်ပေါ့။ တစ်တန်းကြီးပဲ အပင်ကလည်း စိမ်းညို့နေတာပဲ။ ကျင်းကို ၆ လက်မလောက်တူးပြီးတော့ စိုက်တာ။ စိုက်ပြီး ၆ လလောက်နေတော့ သဘာဝသီးပါလာတာ။ သဘာဝသီးဆိုတာ လူကသီးခိုင်းတာမဟုတ်ဘူး။ သူ့ဟာသူသီးတာ။ အကင်းလည်းပါမယ်။ စိမ်းတဲ့ဟာလည်းပါမယ်။ မှည့်တဲ့ဟာလည်းပါမယ်။ အသီးကမညီဘူးပေါ့။ အဲဒီအသီးက ရောင်းတန်းဝင်တဲ့အသီးမဟုတ်သေးဘူး။ ကျနော်က ဆယ်လလောက်နေတော့ စပြီးသီးခိုင်းတော့တာပေါ့။ ကျနော်က ရက်စောင့်တာပေါ့။ တပေါင်းလပေါ်ချင်လည်းရတယ်။ တခူးလပေါ်ချင်လည်းရတယ်။ ကဆုန်လပေါ်ချင်လည်းရတယ်။ သူ့ရာသီအလိုက်သီးတာမဟုတ်ဘူး။ သီးအောင်က လူကပြုပြင်ပေးရတာ။ ကိုယ်က ဘယ်အချိန်မှာ သီးစေချင်လည်းပေါ့။
MGZ -သုံးဦးစပ်ပေါင်းစိုက်တာလို့သိရတယ်။ ဘယ်လိုစပ်ပြီး စိုက်ကြတာလဲ။
UZK -ကျနော်က မန္တလေးတိုင်း ရမည်းသင်းအနောက်ဘက် ရွာတန်းကဗျ။ စပျစ်စိုက်တဲ့ဒေသဘက်က။ ဒီရွာတုံမှာ အိမ်ထောင်ကျတာ။ ကျနော်လည်း လုပ်ငန်းဘာညာမရှိတော့ ဒီဟာစိုက်ဖို့လုံးပန်းနေတာပေါ့။ ငွေစုဘာညာနဲ့။ အဲမှာသူငယ်ချင်းတစ်ယောက်နဲ့တွေ့လိုက်တော့ ဒီလိုဒီလိုပဲ စပျစ်စိုက်ချင်တာဗျလို့။ ပိုက်ဆံကအရင်းအနှီးကနည်းနေတာဗျာလို့။ ဘယ်လိုစိုက်မယ် ဘာညာနဲ့ သူတို့ယုံအောင် စည်းရုံးရတာပေါ့။ သူတို့ကလည်း အပင်တောင် မမြင်ဖူးဘူးလေ။ သေချာရှင်းပြလိုက်တော့မှ စိုက်မယ်ဆိုတာနဲ့ ကျနော့် အစ်မရောတွဲခေါ်မယ်တဲ့သူက။ ခေါ်လိုက်ဗျာ ကျနော်ကဦးဆောင်ပြီးလုပ်မယ်ဆိုပြီး အဲဒါနဲ့ သုံးဦးပေါင်းပြီး စိုက်ဖြစ်သွားတာ။

MGZ -ဒီလိုဒေသမှာ စပျစ်စစိုက်တော့ ပတ်ဝန်းကျင်က ဘယ်လိုအသံတွေကြားရလဲ။ ဘယ်လိုမြင်ကြလဲ။
UZK -ပတ်ဝန်းကျင်က တချို့ကျတော့လည်း ဒီကောင်တွေပေါ့။ စပျစ်ခြံသွားတယ်ဆိုလည်း သူတို့ကရယ်နေပြန်ရော။ သူတို့ကအသီးမှမမြင်ရသေးတာ။ ကိုင်းပဲအဓိကမွေးတာလေ။ ကိုင်းရမှအသီးပေါ်မှာကိုး။ အဲလိုကဲ့ရိပြန်ရော။ သီးအောင် ကိုင်းဖြတ်တော့ သစ်ရွက်တွေလည်းမရှိတော့ဘူး။ အပေါ်မယ် ထင်းချောင်းတွေလိုပဲဖြစ်နေတာ။ အကုန်လုံးကခြောက်နေတာလေ။ ခြောက်နေတဲ့ဟာကိုလာကြည့်ရော။ လာကြည့်တော့ တစ်နေ့ကမှ အရွက်တွေစိမ်းနေတာ ဒီကောင်တော့သေသွားပြီပေါ့။ အဲပုံစံမျိုး။ လာကြည့်ပြီး ကိုင်းခြောက်တွေမြင်တော့ မင်းဟာကွာ အရုပ်ရေးတာပါတဲ့။
MGZ -တစ်ခါသီးရင် ဘယ်လောက်ကြာကြာအထိ အသီးကဆွတ်လို့ရနေတာလဲ။
UZK -အသီးတစ်ခါသီးရင် တစ်လကျော်ကျော်လောက်ဆွတ်ရတယ်။ တစ်ရက်ကိုသုံးသိန်းခွဲ လေးသိန်းဖိုးလောက်ရောင်းရတယ်။ ပေါ်ပေါ်ချင်း စရောင်းတာပဲ။ တစ်ပတ်လောက်ပဲရှိသေးတာ။
MGZ -တစ်ဧကဆိုရင် အပင်ဘယ်လောက်ဆံ့လဲ။
UZK - တစ်ဧကအပင် ၈၀၀ လောက်ဆံ့တာ။ တကယ်လို့ ကိုင်းမွေးကောင်းမယ်ဆိုရင် တစ်ဧကကို အချိန် ၈၀၀၀ လောက်ထွက်တယ်။ ပထမတစ်နှစ်ကို။
MGZ -တစ်ခါစိုက်ပြီးရင် ဒီအပင်က ဘယ်နှနှစ်အထိ သီးတာလဲ။
UZK -ဒီကောင်က အနှစ် ၂၀၊ ၂၅ နှစ်အထိသီးတယ်လေ။ ဒီကိုင်းလေးတွေက တစ်နှစ်ကိုတစ်ခါတိုးတာလေ။ ဒီနှစ်ကိုင်းသုံးဆယ်ရှိတယ်လို့မို့လား။ လာမယ့်နှစ်ကျ ကိုင်း ၆၀ ဖြစ်လာတယ်။ အသီးကလည်း ဒီတစ်ဆဖြစ်လာတာ။ ကိုင်းတွေများရင်တောင် ပယ်ထုတ်ပစ်ရတာ။ ကိုင်းသေးတော့ အခိုင်သေးတယ်လေ။

MGZ -ဘယ်နှစ်ဧက စိုက်တာလဲ။
UZK -တစ်ဧကမပြည့်ဘူး။ လေးတောင်ထွာ ငါးတောင် ပုံမှန်စိုက်ရတာ။ ကျနော်က မြေငှားစိုက်တာဆိုတော့ အပင်ဆံ့ရေးပေါ့။ လေးတောင်ထွာပတ်လည် လုပ်ပစ်လိုက်တာ။ တစ်နှစ်ကို မြေငှားခနှစ်သိန်းပေးရတယ်။
MGZ -တစ်နှစ်ကို ဘယ်နှစ်သီးသီးတာလဲ။
UZK -တစ်နှစ်ကို နှစ်သီးပဲဖမ်းတယ်။ ဒီအသီးတုံးရင် ပြန်ပြီးတော့ သီးခိုင်းတော့မှာလေ။ သီးခိုင်းတော့ သီတင်းကျွတ်လပေါ်မယ်။ တန်ဆောင်မုန်းလောက်ဖြတ်ရင် ဖြတ်မယ်။ နတ်တော်လောက်ဖြတ်ရင်ဖြတ်မယ်။ တစ်ပေါင်းလလောက်ပေါ်မှာလေ။ သူ့ရာသီနဲ့ကို သီးတာမဟုတ်ဘူး။ လူကသီးခိုင်းမှသီးတာ။ တစ်ခြံလုံး ကိုင်းတွေကို ကတ်ကြေးနဲ့လိုက်ဖြတ်တာ။ ဒါမှသူကထွက်လာပြီးသီးတာ။
MGZ -စိုက်ပျိုးစရိတ်က ဘယ်လောက်လောက်ကုန်ကျလဲ။
UZK -စိုက်ပျိုးစရိတ်က ကျနော်တို့ သုံးယောက်လုပ်အားခတော့မပါဘူးပေါ့။ သိန်း ၆၀ လောက်ကုန်သွားပြီ။
MGZ -အပင်က ဘယ်အချိန်မှာ ပိုပြီးဂရုစိုက်ရလဲ။
UZK -သီးဖို့အတွက် ကိုင်းမွေးတဲ့အချိန်မှာ ပိုပြီးဂရုစိုက်ရတယ်။ ၆ လသားအရွယ်မှာ ပိုပြီးတော့ ဂရုစိုက်ရတယ်။
MGZ -ဘယ်လိုဆေးတွေသုံးရလဲ။
UZK -မှိုဆေးလည်းသုံးရတယ်။ အားဆေးတွေသုံးတယ်။ ဒီဘက်က အပူပိုင်းဒေသဆိုတော့ သိပ်ပြီးတော့ ရောဂါမကျဘူး။ ရမည်းသင်းအနောက်ဘက် ရွာတန်းဘက်ဆိုရင် ဆေးတော်တော်လိုက်ရတယ်။ နှင်းကလည်းအကျများတယ်။
MGZ -ဘယ်ချိန်တွေမှာ စစိုက်ရင်အကောင်းဆုံးလဲ။
UZK -အကောင်းဆုံး စိုက်လို့ကောင်းတာကတော့ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို အဲဒီလတွေက ပိုပြီးတော့အပင်ဖြစ်လွယ်တာပေါ့။ အေးတဲ့အချိန်လေးတွေလေ။ မြေကောင်းရင်တော့ စောစောအောင်သွားမှာ။
MGZ -ဘယ်အချိန်မှာ စင်ဆောက်ရတာလဲ။ စစချင်းဆောက်ရတာလား။
UZK-အပင် တစ်လခွဲလောက်ဆို စင်ဆောက်ပေတော့။ ဘာလို့လဲဆိုတော့ အပင်ကတစ်တောင်လောက်တက်သွားပြီလေ။ ဒါဆိုရင် သူကအပိုင်အောင်သွားပြီပဲ။ စင်က လူ့အရပ်ထက် တစ်ထွာလောက်ကျော်ရင်ရပြီ။ ငါးလလောက်ဆိုရင် အပင်နွယ်က စင်ပေါ်ရောက်ပြီ။
MGZ-တကယ်လို့ စိုက်ချင်တဲ့သူတွေရှိရင် အကူအညီပေးနိုင်မလားဗျ။
UZK-ရပါတယ်။ ကူညီပေးနိုင်ပါတယ်။ ဖုန်း - 09796195216
MGZ-ကျေးဇူးတင်ပါတယ်။
ထက်ဖြိုး တွေ့ဆုံမေးမြန်းသည်။
Monywa Gazette Facebook page မှ ကူးယူဖော်ပြပါသည်။
Hein Myint Kyaw
လွန်ခဲ့သော ၃ နှစ် ကစပျစ်ပင်ပျိုးနည်းသိချင်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026