စပါးစနစ်တကျ မျိုးညှောက်ဖောက်နည်း
(၁) ဆားဖျော်ရည်နဲ့ ရွေးထုတ်ထားတဲ့ မျိုးစေ့ကို ပလတ်စတစ်ပုံး၊ စည်ပိုင်းပြတ်စတဲ့ ထည့်စရာတစ်ခုထဲထည့်ပါ။
(၂) မျိုးစေ့အပေါ်ကနေ ရေကိုဖြည်းဖြည်းချင်း လောင်းပါ။ ဒါမှ အစေ့အဆန်ပြည့်ဝတဲ့ မျိုးစေ့တွေ ရေပေါ် ပေါလော ပေါ်မလာမှာ ဖြစ်ပါတယ်။
(၃) မျိုးစေ့အထက် ၄လက်မခန့်အထိ ရေဖြည့်ပါ။
(၄) ရေထဲမှာ ရှိတဲ့မျိုးစေ့တွေကို လက်နဲ့မွှေပါ။ ခပ်ပြင်းပြင်းမွှေရပါမယ်။
(၅) မျိုးစေ့တွေရေထဲမှာ ထိုင်သွားတဲ့အထိ စောင့်ပါ။
(၆) ရေပေါ်မှာ ပေါ်နေတဲ့ မျိုးစေ့တွေကို ဖယ်ရှားပစ်ပါ။

(၇) အောက်ခြေမှာမြုပ်နေတဲ့ လုံးပြည့်ဆန်ပြည့် စပါးစေ့တွေကို ရေသန့်နဲ့ (၄-၅) ကြိမ်ခန့် လက်နဲ့ ပွတ်သပ်ဆေးကြောပါ။
(၈) ဆေးကြောပြီး မျိုးစေ့တွေကို အခန်းအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှာ ၂၄ နာရီ စိမ်ပါ။
(၉) ၆ နာရီတစ်ကြိမ် ရေသန့်လဲပါ။ ရေသန့်လဲတိုင်း မျိုးစေ့မှာကပ်နေတဲ့ အကျိအချွဲတွေကို လက်နဲ့ ပွတ်သပ်ဆေးကြောပါ။
(၁၀) ၂၄ နာရီပြည့်တဲ့အခါ မျိုးစေ့တွေကို ရေသန့်နဲ့ (၂-၃) ကြိမ်ဆေးကြောပါ။
(၁၁) မာကြောတဲ့ အောက်ခံတစ်ခုခုအပေါ်မှာ ပလတ်စတစ်၊ ငှက်ပျောဖတ် သင့်ရာတစ်ခုခုခင်းပါ။ အခင်းပေါ်မှာ မျိုးစေ့ကို(၄-၆) လက်မ အထူထားပြီးဖြန့်ပါ။
(၁၂) မျိုးစေ့အပေါ်မှာ စိုစွတ်တဲ့ ဂုန်နီအိတ် အဝစသင့်ရာနဲ့ ဖုံးအုပ်ပါ။
(၁၃) မျိုးစေ့ကို ၁၂ နာရီတစ်ကြိမ်မွှေပေးပါ။ မွှေတိုင်း ရေဖျန်းပေးပါ။
(၁၄) မျိုးစေ့တွေ စာပါးစပ် ဖြူသည်အထိ (၂၄-၃၆) နာရီခန့်ကြာနိုင်သည်။
(၁၅) မျိုးစေ့တွေ စာပါးစပ်ဖြူလာပြီဆိုရင် ပျိုးထောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
(၁၆) အညှောက်ဖောက်ထားတဲ့ မျိုးစေ့ကပျိုးခင်း/ စိုက်ခင်းထဲမှာ အမြန်ဆုံးအပင်ပေါက်နိုင်ပါတယ်။
ဒါ့ကြောင့် ကြွက်/ငှက်နဲ့ အင်းဆက်ပိုးတွေဖျက်စီးဖို့ အခွင့်အရေး နည်းသွားပါတယ်။
Ref: ဦးဘဟိန်း (စိုက်ပျိုး) ရဲ့ စပါးအထွက်တိုးနည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
U Myint Naing
လွန်ခဲ့သော ၂ လ ကတစ် ဧကစိုက်ရန်မျိုးစေ့ဘယ်လောက်လိုမလဲ
ကိုမျိးဇော်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....