ရှေးဟောင်းနည်းဖြစ်တဲ့ ငါးကို စိုက်ပျိုးမြေထဲတိုက်ရိုက်ထည့်စိုက်ခြင်း
ငါးရဲ့ဈေးက မြေဩဇာဈေးထက်အဆပေါင်းများစွာသက်သာနေတဲ့အခါ…..
ငါးကို စိုက်ပျိုးမြေထဲ တိုက်ရိုက်ထည့်တာမျိုးတွေ အခြားနိုင်ငံတွေရဲ့ ဘိုးဘေးတွေခေတ်မှာ ရှိခဲ့ကြပါသတဲ့။ (အောက်ပါပုံထဲကလို) အကြောင်းကတော့ မြေဩဇာဈေးတွေအဆမတန်များလွန်းတာကြောင့် ဖော့စဖောရပ်ဓာတ်ကို ငါးပုပ်ခြင်းကနေ ရယူခဲ့ကြတာမျိုးပါ။ ငါးက မြေထဲမှာဆွေးမြေ့သွားတဲ့အခါ သဘာဝမြေဆီမြေနှစ်တွေရရှိပြီး စိုက်ပျိုးထားတဲ့ အာလူးပင်အတွက် အညှောင့်ပေါက်ကောင်းသလို အထွက်နှုန်းကိုလည်း ကောင်းစေတာဖြစ်ပါသတဲ့ခင်ဗျာ။
ဒီလိုရှေးကျတဲ့နည်းလမ်းတစ်ခုကို ဥရောပနိုင်ငံတွေဖြစ်တဲ့ နော်ဝေလို နိုင်ငံမှာ ယခုအချိန်ထိ အသုံးပြုဆဲပါ။ ခုအချိန်မှာတော့ ဒီလို ငါးအကောင်လိုက် မြေထဲထည့်ပြီး စိုက်ပျိုးတဲ့စနစ်က အရည်အသွေးမြင့်ပြီး ဈေးကောင်းတဲ့ အာလူးတွေကို ထုတ်လုပ်ပေးနိုင်နေပါတယ်တဲ့ဗျ။

(Buhay Bukid ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာက ပို့စ်လေးတစ်ခုကို အစိမ်းရောင်လမ်းပရိတ်သတ်တွေအတွက် ဗဟုသုတဖြစ်စေဖို့ရာ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။)
ဒီလိုနည်းလမ်းက ငါးပေါတဲ့အရပ်ဒေသမှာတော့ အဆင်ပြေပေမယ့် ငါး မပေါတဲ့နိုင်ငံတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
ငါးမှ မဟုတ်ပါဘူး ငါးလိုဓာတ်သဘော အသားဓာတ်ရှိတဲ့ မည်သည့်အရာမဆို အဆင်ပြေပါတယ်။ တီထွင်ကြံဆနိုင်ဖို့ပါပဲ။ ကျွန်တော်တို့စီမှာ ပေါပေါရတဲ့ ပဲဖတ် လိုအရာမျိုးတွေလည်း အသုံးပြုလို့ရပါတယ်။
ဒီဆောင်းပါးလေးကိုပြန်လည်ဖော်ပြပေးလိုက်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံကတောင်သူတွေလည်း ကိုယ့်ဒေသမှာရှိတဲ့ပေါများတဲ့အရာတွေ ဈေးသက်သာတဲ့အရာတွေနဲ့ မြေဩဇာတွေပြုလုပ်သုံးစွဲနိုင်ကြဖို့ပါ။
စိုက်ပျိုးရေးကို လုပ်ငန်းရှင်လို အရှုံးအမြတ်တွက်ပြီး လုပ်နိုင်ကြပါစေခင်ဗျာ
ကိုယ်တိုင်ပြုလုပ်လို့ရတဲ့မြေဩဇာပြုလုပ်နည်းတွေကိုလည်း ဆော့ဝဲထဲက "အပင်အာဟာရ" ကဏ္ဍမှာလေ့လာနိုင်ကြောင်း သတင်းကောင်းပေးအပ်လိုက်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026