ဆိုးဆေးအဖြစ်အသုံးပြုကြတဲ့ ပိုးသီတင်း
သိပ္ပံအမည်- Bixa orellana L.
မျိုးရင်း- Bixaceae
ပိုးသီတင်းပင်လေးဆိုတာ အစားအသောက်တွေကို ဆိုးတဲ့ သဘာဝဆိုးဆေးပေးတဲ့ အပင်အနေနဲ့ သိကြတာပါ။ ဘေးထွက်ဆိုးကျိုးနည်းပြီး အရောင်လှစေသော ပိုးသီတင်းလေးတွေပါ။ မူရင်းဒေသကတော့ Tropical America ဖြစ်ပေမဲ့ အခုတော့ နိုင်ငံအနှံ့ပြန့်နှံ့လို့နေပါပြီ။ အလှစိုက်အပင်အနေနဲ့တွေ့နိုင်သလို ဘယဆေးပင်အနေနဲ့လည်းစိုက်ကြပြန်တယ်၊ ပိုးသီတင်းလေးတွေက အအေးပိုင်း ဒေသတွေမှာပိုလို့ဖြစ်ထွန်းပါတယ်။
အမေရိကန် American လူမျိုးတွေက နှုတ်ခမ်းနီ ဆိုးရာမှာ လိုအပ်သော အနီရောင် ရောင်ခြယ်ကို ဒီအပင်ကရတာမို့လည်း အပင်အမည်ကို နှုတ်ခမ်းနီပင် lipstick tree လို့လည်းခေါ်ကြတယ်။ ဒါ့ပြင် အပင်အမည်ကို annatto လို့သိကြတယ်၊ သဘာဝ လိမ္မော်ရောင် အနီရောင်ဆိုးဆေး ဟင်းခတ်အမွှေအကြိုင်ပေးသော အပင်အနေနဲ့ သိကြတာပါ၊ သူ့ကို "achiote" or "bijol"လို့လည်းခေါ်ပါသေးတယ်။ ဒီအနီရောင်ကို အစေ့အပေါ်ဖုံးနေတဲ့ “waxy arils” ကနေရတာပါ၊ ဒီအစေ့တွေကို ရိုးရာဟင်းလျာများ (traditional dishes) အနေနဲ့ South and Central America မှာလည်းသုံးခဲ့ကြတယ်။
အင်ဒီးယမ်း လူမျိုးတွေဟာ သူတို့ ခန္ဓာကိုယ်နဲ့ ဆံပင်တွေကို ဆေးဆိုးရာမှာ ဒီအပင်ကရတဲ့ အနီရောင် ဆိုးဆေးတွေနဲ့သုံးခဲ့ကြတယ်၊ ဘရာဇီးလူမျိုးစုတွေဟာ Body-painting “urucu”(ခန္ဓာကိုယ်ကိုဆေးရောင်ခြယ်ခြင်း) ကို ဒီအပင်ကဆိုးဆေးနဲ့ အရေးပါသောရိုးရာအနေနဲ့ ထိန်းသိမ်းခဲ့ကြတယ်။
ပိုးသီတင်းပင်နဲ့ သူ့ရဲ့ ထွက်ကုန်ပစ္စည်း (extracts) တွေကို အစားအသောက်ထုတ်ကုန်တွေမှာ အဝါရောင် နဲ့ လိမ္မော် အရောင်ဆိုးရာမှာ အဓိကအသုံးပြုခဲ့ကြတယ်။ အထူးသဖြင့် ထောပတ်၊ ချိစ့်၊ ဝက်အူချောင်း၊ ကိတ်နဲ့ ပြောင်းဖူးပေါက်ပေါက် တို့ကိုဆေးဆိုးရာမှာ အန္တရာယ်ကင်းစွာအသုံးပြုခဲ့ကြတယ်။ ဒီအစေ့ကရတဲ့ ဆိုးဆေးဟာ နှစ်လိုဖွယ်အရောင်ရှိပြီး လူကို ဒုက္ခမပေးပါဘူး၊ စျေးကြီးလွန်းတဲ့ အစားအစာဆိုးဆေး saffron အစား အသုံးပြုကြပါတယ်၊ လူကို ဘေးဥပါဒ်ပေးမပေးကို သေသေချာချာ စီစစ်ပြီးမှသာ ရောင်းချခွင့်ပေးပြီး စားသောက်စေတာပါ။ ကျနော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေက ဘယ်လိုဆိုးဆေးသုံးသလဲဆိုတာကို တွေးနေမိတယ်။ ဓာတုဆိုးဆေးများက အသဲ၊ ကျောက်ကပ် ကိုဒုက္ခပေးနိုင်သလို ကင်ဆာရောဂါလည်းဖြစ်စေတယ်။
ဒါဆို ဒီအပင်ပုံစံလေးကိုကြည့်ရအောင်..
အပင်က အပင်လတ် တမျိုးပါ အရွက်တွေက ရွက်ထီးဖြစ်ပြီး ရွက်လွဲထွက်ပါတယ်၊ အရွက်များက ညောင်ရွက်နဲ့ဆင်ပါတယ်။ ရွက်စွယ်ပါပြီးအကြွေမြန်တယ်၊ ပန်းခိုင်က ကြားထွက် ထိပ်ထွက် corymbose panicle ဖြစ်ပါတယ်။ ပန်းပွင့်က ပန်းရောင်ပါ၊ ပွင့်ချပ်တွေက ပန်းခရမ်းရောင်ကနေ အဖြူရောင် အထိ ပြောင်းနေတတ်ပါတယ်။ အပွင့်ပွင့်စဉ်သိပ်ပြီး မထင်ရှားလှဖူး။ ၀တ်ဆံဖိုတွေကတော့ ရေတွက်လို့မရလောက်အောင် များပြားလှတယ်။ ထူးခြားတာက အသီးပါဘဲ မမြင်မသိရင် ဒီအရပ်က လူအချို့က ကြက်မောက်သီး လို့ခေါ်ကြပြန်တယ် အဆုပ်လိုက်သီးတာမို့ အသီးသီးချိန်မှာတော့အရမ်း လှပါတယ်။ ဘဲဥပုံစံအက်ကွဲသီးဖြစ်ပြီး အဖျားကရှူးပါတယ်။ အပေါ်မှာ ဆူးမွှာပုံစံ ကြက်သွေးရောင် အမွှေးများက ဖုံးအုပ်ထားပါတယ်။ ထင်ရှားလွန်းလို့ အဝေးကပင်မြင်နိုင်ပါတယ်။ အတွင်းမှာ အစေ့များစွာပါပါတယ်၊ အတွင်းအစေ့များက နီသောအရောင်ရှိပြီး ရေတွင်ဖျော်လျှင် အနီရောင်ပေးပါတယ်။
Bixa အပင်လေးက တိုင်းရင်းဆေးဖက်လည်းဝင်ပါတယ်
အရှင်နာဂသိန် ဆေးကျမ်းထဲတွင် အပင်သည် ခါး၏ စပ်၏ အေး၏ ဖန်၏ ကြေလွယ်သည် သွေးကိုဖြစ်စေ၏။ ဝါတရက်နာရေငတ်ခြင်း အဆိပ်နာ သည်းခြေနာ အန်ခြင်း ဦးခေါင်းကိုက်ခဲခြင်း သလိပ်ရောဂါ ကင်းဝေးစေ၏ အစေးသည်ရှုံ့တွစေ၏။ လွန်ကဲစွာစားလျှင် ဆူလျက် အလွန်လှုပ်ရှားတိုး၏။ အစေ့ အမြစ်သည် နှုတ်ကိုမြိန်စေ၏ အဖျားကိုဖယ်၏ လို့ဆိုထားပါတယ်။
အနီရောင်ဆိုးဆေးလည်းရ ..ဆေးဖက်လည်းဝင်တဲ့ ..ပိုးသီတင်းအပင်လေး အကြောင်း အနဲငယ်မျှကို ကို ..မိတ်ဆွေများကိုမျှဝေရင်း…
Ref: Wikipedia
http://www.medicalhealthguide.com/herb/annatto.htm
ကိုသက်နိုင်ဦး
ဟုမ္မလင်း
Ko T Kyuu
လွန်ခဲ့သော ၄ နှစ် ကမျိုးလိုချင်တယ်ဆရာရေ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026