တောင်သူလယ်သမားအကျိုးပြု မိတ်ဆွေငှက်များ (၁)
ပိုးမွှားကာကွယ်နှိမ်နင်းရေးတွင် တစ်ဖက်တစ်နေရာမှာ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနေသည်မှာ မိတ်ဆွေငှက်များဖြစ်ပါသည်။ တောင်သူလယ်သမားများ၏ သီးနှံအစေ့အဆန်ကို ငှက်များဖျက်ဆီးသည်ကို မြင်တွေ့ကြရပြီး ငှက်ဟူသမျှ ရန်သူဟု မထင်ကြပါနှင့်။ ဖျက်စီးသော ငှက်ရှိသကဲ့သို့ ကောင်းကျိုးပြုသော ငှက်လည်းရှိပါသေးသည်။ မိတ်ဆွေငှက်များသည် ပိုးမွှားများကို များများနှင့်မြန်မြန်စားနိုင်၏၊ မိတ်ဆွေငှက်များကို မသိ၍ ပစ်ခတ်သတ်ဖြတ်မိကြသည့်အတွက် ဆိုးကျိုးများစွာ ပေါ်ပေါက်လာနိုင်သည်။ မိတ်ဆွေငှက်များ နည်းပါးသွားသည့်အခါဖြစ်စေ၊ သေကျေပြုန်းတီးသွားကြသည့်အခါဖြစ်စေ ကောက်ပဲသီးနှံများကို ဖျက်စီးလေ့ရှိသော ရန်သူပိုးများသည် တိုးတက်များပြားလာတတ်၏။
ထို့ကြောင့် ပိုးမွှားစားငှက်များကို ဘေးကင်းစေရန်နှင့် လွတ်လပ်စွာ ပေါက်ပွားစေရန် စောင့်ရှောက်ပေးပါက ရန်သူပိုးများသည် သီးနှံများကို ယခုဖျက်ဆီးနေကြသလောက် ဖျက်ဆီးနိုင်စွမ်း ရှိကြတော့မည်မဟုတ်ပါ။
မိတ်ဆွေငှက်များ
ငှက်တော်၊ တစ်တီတူး၊ လင်းနို့၊ ဘီးတောင်ဖိုငှက် (တောင်ပီစူးငှက်) သစ်တောက်ငှက်ထိပ်နီ၊ ပုစဉ်းထိုး၊ ငှက်ကြာချောက်၊ စွေ့၊ ငှက်ရွှေဝါ၊ ငှက်ကျား၊ စာချစ်တီး၊ ဆက်ရက်၊ ဇီးကွက်၊ ငှက်ခါး၊ လင်းဆွဲ၊ ပျံလွှား၊ သောင်တင်းငှက်၊ သပိတ်လွယ်၊ ဗျိုင်း စသည်တို့ဖြစ်သည်။
မည်သည့်နိုင်ငံမဆို လူမျိုးမရွေးစိုက်ပျိုးသူ တောင်သူလယ်သမားကြီးများသည် နည်းအမျိုးမျိူးဖြင့် မိမိတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို လာရောက်ဖျက်ဆီးစားသောက်ကြသည့် ငှက်များ (စာ၊ ခို၊ ကျီး) စသည်ကို ခြောက်လန့်၍ မောင်းထုတ်ကြရသည်။ ဤသည်ကိုကြည့်၍ ငှက်မှန်သမျှ လယ်ယာအတွင်းလာရောက်လျှင် မောင်းထုတ်ကြရမည်၊ နှိမ်နင်းကြရမည်ဟု ယူဆကြလျှင် မှားသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လယ်ယာကို ဖျက်သည့်ငှက်ရှိသကဲ့သို့ လယ်သမား၊ ယာသမား၊ ကိုင်းသမားတို့အတွက် မိတ်ဆွေငှက်များလည်း ရှိကြသေးသည်။ မိတ်ဆွေငှက်များကို ပွားအောင်ထား၍ များအောင်ပြုလုပ်သင့်သည်။ မိတ်ဆွေနှင့် ရန်သူကိုခွဲခြား၍ သိထားကြခြင်းဖြင့် သီးနှံပင်များ၌ ပိုးမွှားကျရောက်မှုကို များစွာသက်သာစေနိုင်ပြီး ကြိုတင်သိရှိသဖြင့်လည်း မပျက်စီးအောင် ကာကွယ်နှိမ်နင်းသွားနိုင်သည်။
ဗျိုင်း
အမွေးတောင်တို့၏ အရောင်သည် ရာသီဥတုကိုလိုက်၍ ပြောင်းလဲတတ်သည်။ ထို့ကြောင့် အဖြူရောင်မှ မွဲပြာပြာအရောင်၊ အညိုရောင်ထိရှိ၏။ နားနေစဉ်ညိုရောင်သန်း၍ ပျံသောအခါမှ အဖြူရောင်ကိုတွေ့ရ၏။ ဤဗျိုင်းမျိုးမှာ ဗျိုင်းအောက်ဖြစ်သည်။ ဗျိုင်းသည် ဂဏန်း၊ ပိုးတုံးလုံး၊ ငမြှောင်တောင်၊ ပေါက်ဖတ်၊ ခူများကို စားသည်။ ထနောင်းပင်များပေါ်တွင် အသိုက်ပြုလုပ်တတ်၏။ သီးနှံပင်တွင် ကျရောက်တတ်သည့် ပိုးမွှားများကိုသာမက ကျွဲ၊ နွား တို့ကိုယ်ပေါ်ရှိ ပိုးမွှားတို့ကိုပါ စားကြသဖြင့် ကျွဲ၊ နွားတို့၏ မိတ်ဆွေ၊ လယ်သမားတို့၏ မိတ်ဆွေများဖြစ်သည်။ စပါးခင်း၌ ဗျိုင်းအုပ်ကျနေလျှင် ငမြှောင်တောင်ကျနေသည်ကို အသိပေးသကဲ့သို့ရှိသည်။

တစ်တီတူး
နှုတ်သီးနီနီ၊ ခြေထောက်ဝါဝါ၊ အမည်းအဖြူ၊ အညိုရောင်ကျားသည့် အမွေးအတောင်နှင့် လှသောအကောင်ဖြစ်၏။ ဥကိုမြေကြီးချိုင့်ထဲဥတတ်၏။ ပိုးတုံးလုံး၊ တီကောင်နှင့် ပိုးမွှားတို့ကို စား၏။ နှောင့်ယှက်မှုပေးလိုက်လျှင် ကျယ်လောင်စွာအော်မြည်တတ်၏။
ငှက်တော်
သပိတ်ရောင်နက်မှောင်သော အမွေးနှင့်ရှည်သော အမြီးနှစ်ခုရှိ၏။ တစ်နေရာရာတွင် နားနေပြီးပျံသန်းနေသည့် ပိုးကောင်တွေ့သည်နှင့် တစ်ဟုန်ထိုးဆင်းလာပြီး ထိုးသုတ်တတ်၏။ နားပြီးလည်း ပိုးကောင်ကို စောင့်ဖမ်းတတ်ရာ လယ်ယာအတွင်း၌ အကိုင်းအခက်များထိုးစိုက်ပေးခြင်းဖြင့် ငှက်တော်ကို ဖိတ်ခေါ်ရာရောက်သည်။
အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါဦးမည်။
ကိုရဲ (စိုက်ပျိုးရေး) ရေးသားသော 'အသိသတိရှိရှိဖြင့် အသုံးပြုရမည့် ပိုးသတ်ဆေးများ 'စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aမာမွတ်
လွန်ခဲ့သော ၃ နှစ် ကခို စာကလေး ကျေး ကျီး များ တောင်သူဦးကြီးများ စိုက်ခင်းများ လာရောက်ဖျက်စီးနေပါက မန္တလေး တိုင်း အတွင်းကဆို လာရောက် ဖမ်းဆီး ပေးပါမယ် ဖုန်း 09796884042 ကိုဆက်သွယ်ပေးပါ မိတ်ဆွေ တောင်သူများကို လည်း မျှဝေပေးပါ
သန့်ဇင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကမှတ်သားရပါသည် ကျေးဇူးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026