သီးနှံပင်ကြီးထွားရန်နှင့် ပိုးမွှားအန္တရာယ်အတွက် ဝါးပေါင်းခံရည် အသုံးပြုနိုင်ဟုဆို
ဝါးပရိဘောဂလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများဖစြ်သည့် ဝါးအတိုအစများကို အသုံးပြု၍ ဝါးပေါင်းခံရည် ထုတ်လုပ်ကာ စိုက်ပျိုးရေးလုပ်ငန်း၌ အပင်ကြီးထွားရန်နှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရန် အသုံးပြုနိုင်သလို လူသုံးကုန်ပစ္စည်းများဖစြ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာများကိုပါ ထုတ်လုပ်ပေးနေကြောင်း ဝါးပေါင်းခံရည် ထုတ်လုပ်သူများထံမှ သိရသည်။
“ဝါးပေါင်းခံရည်ကို ဝါးမီးသွေးထုတ်လုပ်ရာကနေ ရရှိတာပါ၊ ဝါးတောထဲမှာရှိနတေဲ့ ဝါးကိုင်းတွေ၊ အပဲ့တွေ၊ အခြောက်တွေ၊ ဝါးပရိဘောဂလုပ်ငန်းတွရေဲ့ စွန့်ပစ်ပစ္စည်း အတိုအစတွေနဲ့ အမှိုက်ဖြစ်မယ့် ဝါးတွေကို အသုံးပြုပြီး ဝါးပေါင်းခံရည် ထုတ်လုပ်ပါတယ်”ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဝါးပေါင်းခံရည် ထုတ်လုပ်အသုံးပြုနေသူ ဦးစိုးလင်းကျော်က ပြောသည်။
ဝါးပေါင်းခံရည်ဆိုသည်မှာ ဝါးအစိမ်းကို မီးရှို့ပေါင်းခံရာက အအေးခံထွက်လာသော အရည်တမျိုးဖြစ်ပြီး ဂျပန်စိုက်ပျိုးရေး တောင်သူများနှင့် ဩဂဲနစ်စိုက်ခင်းများတွင် အများဆုံးအသုံးပြုနေကြောင်း၊ ဝါးမီးသွေး ပေါင်းခံရည် တစ်လီတာလျှင် ကျပ် ငါးထောင်ခန့်သာ ဈေးရှိပြီး မြေဧက ၂၀ ခန့်အထိ သီးနှံမစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးအချိန်များတွင် အပင်၏အမြစ် အာဟာရ စုပ်ယူမှု အားကောင်းစေရန်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရန် အသုံးပြုနိုင်ကြောင်း သိရသည်။
“ပီပါတစ်လုံးစာ ဝါးချောင်းဖတ်စလေးတွေကို ပေါင်းခံရင် ဝါးပေါင်းခံရည် နှစ်လီတာကနေ သုံးလီတာဝန်းကျင် ထွက်ပါတယ်။ ဝါးအသုံးပြုတာ နည်းရင် ဝါးပေါင်းခံရည် ရရှိတာ နည်းပါးတယ်၊ များများလိုချင်မှုကြောင့် ဝါးအကောင်းအသုံးပြုတာကိုတော့ အားမပေးပါဘူး။ ဝါးပေါင်းခံရည် တစ်လီတာကို မြေဧက ၂၀ လောက်အထိ အသုံးပြုနိုင်ပါတယ်၊ ပိုးသတ်ဆေးဖျန်းသလိုမျိုး အသုံးပြုရတာပါပဲ” ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဦးစိုးလင်းကျော်က ပြောသည်။
ယခုအခါ ဝါးပေါင်းခံရည်ကို စိုက်ပျိုးတောင်သူများ အသုံးပြုမှုများရှိနေသဖြင့် ဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချသူများ ရှိနေသော်လည်း ပြည်တွင်းဈေးကွက်၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုနည်းပါးနေသေးကြောင်း၊ ၎င်းအား ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုမှု များပြားလာလျှင် ဝါးတောများအတွက် စိုးရိမ်စရာရှိနေကာ လက်ရှိအချိန်တွင် စွန့်ပစ်ဝါးများနှင့် အသုံးမပြုနိုင်တော့သည့် ဝါးများကိုသာ အသုံးပြုထုတ်လုပ်နေကြောင်း သိရသည်။
“လက်ရှိစိုက်ပျိုးရေးမှာ ဓာတုမြေဩဇာတွေ အသုံးများတဲ့အခါကျတော့ မြေဆီတွေ တဖြည်းဖြည်း ပျက်စီး လာရာကနေ ဓာတ်ကြွင်းတွေများ လာတယ်၊ ဝါးပေါင်းခံရည်ကို အဲဒီလို စိုက်ပျိုးမြေတွေမှာ ပက်ဖျန်းပေးရင် ဓာတ်ကြွင်းတွေ ချေဖျက်ပေးနိုင်တဲ့ အာနိသင်ရှိနေတယ်၊ ဝါးပေါင်းခံရည်ကို သုံးနှစ်လောက် သုံးလိုက်ရင် ဓာတ်ကြွင်းကုန်သွားမယ်၊ နောက် မိုးနည်း ဒေသတွေမှာ သုံးရင် မြေကြီးရေအစိုဓာတ်ကို ထိန်းပေးတယ်”ဟု မြန်မာနိုင်ငံ ဝါးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
ဝါးပေါင်းခံရည် အရည်အသွေးမမီလျှင် ကတ္တရာဓာတ်ပါလာနိုင်သောကြောင့် ဝါးပေါင်းခံရည်ထုတ် လုပ်ပြီး ဝါးမီးသွေးကို အသုံးပြုအဆင့် ငါးဆင့် ခံစစ်ယူကာ နှစ်လခန့်ထိန်းသိမ်းပြီးမှ အသုံးပြုလျှင် စိုက်ပျိုးပင်များ အတွက် အကောင်းဆုံးဟု သိရသည်။
”ဝါးပေါင်းခံရည်ကို ထုတ်လုပ်ပြီး စိုက်ခင်းတွေ ချက်ချင်းအသုံးမပြုစေချင်ဘူး၊ အကောင်းဆုံးကတော့ ၂ လလောက် သိမ်းထားပြီးမှ သုံးသင့်တယ်၊ နှစ်လလောက် သိမ်းထားပြီးမှ ပေါင်းခံရည်မှာကျန်နေတဲ့ ကတ္တရာဓာတ်အနည်တွေ အောက်မှာ ထိုင်တဲ့အချိန် အပေါ်ယံအရည်ကြည်ကို ပြန်ခပ်ပြီး သုံးတာက စိုက်ပျိုးပင်တွေအတွက် အကောင်းဆုံးပါ၊ ဝါးပေါင်းခံရည် မှာက မီးခိုးနံ့ပါတော့ ပိုးမွှားတွေ ပြေးတယ်။ ပိုးသတ်ဆေးလိုအသုံးပြုနိုင်တယ်”ဟု ဦးစိုးလင်းကျော်က ဆက်လက် ပြော သည်။
ယခုအခါ မြန်မာနိုင်ငံ ဝါးအသင်းအနေဖြင့် ဝါးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် ဝါးစိုက်ခင်းများ ထူထောင်နိုင်ရန် ဝါးစိုက်ပျိုးမှုလုပ်ငန်းများကို စည်းရုံး၍ လုပ်ဆောင်နေမှုများရှိနေသလို ရှိပြီးသား သက်တမ်းလွန် ဝါးတောများတွင် ဝါးမီးသွေးထုတ်လုပ်ရင်း ဝါးပေါင်းခံရည် ထုတ်လုပ်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်အတွက် သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိသည်။
”ရှိပြီးသား ဝါးတောတွေမှာ ဝါးပင်တွကေ မလိုအပ်ပဲ ကြပ်နေတာတွေ၊ သက်တမ်းလွန်တာတွေ ရှိတယ်၊ သက်တမ်းလွန်ဝါးတွေကို ခုတ်ထွင်ရှင်းလင်းရင်း အလကားမဖြစ်ရအောင် ဝါးပေါင်းခံရည်ထုတ်မယ်၊ နောက် ဝါးမီးသွေးထုတ်မယ်၊ ဝါး ပေါင်းခံရည်ကို စုဆောင်းပြီး ပြည်တွင်းဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်မယ်၊ အဲဒီကနေမှ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်နိုင်ဖို့အထိ လုပ်ဆောင်သွားမယ်၊ ဝါးပေါင်းခံရည်နဲ့ အခြားလူသုံးကုန်ဖြစ်တဲ့ ခေါင်းလျှော်ရည်၊ ဆပ်ပြာတွေ ထုတ်လည်းထုတ်နေတယ်၊ ရောင်းလည်းရောင်း နေတယ်။ နည်းပညာအားနည်းချက်တော့ ရှိနေသေးပါတယ်”ဟု မြန်မာနိုင်ငံ ဝါးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် အပင်ကြီးထွားရန်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရန် အသုံးပြုနိုင်သည့် ဝါးပေါင်းခံရည် ထုတ် ပစ္စည်းများကို စိုက်ပျိုးရေးသုတဌာန၊ သိပ္ပံနှင့်နည်းပညာဌာနများက ထောက်ခံချက်များ ပေးထားပြီး ဖြစ်သလို အဆိုပါ နည်းပညာမှာ ဂျပန်နိုင်ငံတွင် အသုံးပြုနေသည့် နည်းပညာဖြစ်ကြောင်း သိရသည်။
Source - ဧရာဝတီ (27.11.2017)
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....