စိုက်ပျိုးသုတ ဒီဇင်ဘာလ
ဒီဇင်ဘာလမှာ ဆောင်းသီးနှံအများစုကို အပြီးစိုက်ရမှာ ဖြစ်သည်။ အလားတူ ကြံသီးနှံကို ဒီအချိန်မှာ စိုက်နိုင်သည်။ နွေစပါးကိုလည်း စတင်စိုက်ပျိုးရမှာဖြစ်သည်။ ဒါ့ကြောင့် အဆိုပါသီးနှံများဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုပါသည်။
မတ်ပဲအဝါရောင်မိုစေ့ရောဂါသတိထားရေး
စပါးရိတ်သိမ်းချိန်နောက်ကျခြင်း၊ မိုးရွာသွန်းမှုကြောင့် အစိုဓာတ်များနေခြင်းတို့ကြောင့် နိုဝင်ဘာလအတွင်းစိုက်ပျိုးခြင်းမပြုနိုင်ဘဲ ဒီဇင်ဘာမှာမှစိုက်မည့် မတ်ပဲစိုက်ခင်းများအတွက် အသိပေးလိုသည်။ စိုက်ချိန်နောက်ကျသည့် မတ်ပဲစိုက်ခင်းများတွင် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်ပါသည်။
တစ်ပင်နှင့်တစ်ပင် ယင်ဖြူ(White fly)မှတစ်ဆင့် ရောဂါကူးစက်ခြင်း ဖြစ်သည်။ ရောဂါ ကျရောက်လျင် မတ်ပဲအရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက်များ ဖြစ်ပေါ်တာမြင်တွေ့ နိုင်သည်။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေ ဖြစ်ပေါ် နေတတ်သည်။
ရောဂါကျရောက်နေသောအရွက်တွေကို တစ်ပင်တွေ့ တစ်ပင်နှုတ်ယူ မီးရှို့ပါ။ ထို့နောက် ချက်ချင်းပိုးသတ်ဆေးဖျန်းရန် ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြားအပင်များကိုလည်း နှုတ်ပယ်ပစ်ရန် လိုပါသည်။
ကုလားပဲသီးနှံရောဂါကာကွယ်ရေး
ကုလားပဲသီးနှံသည် ရောဂါကျရောက်ဖျက်ဆီးမှုခံရလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ အပင်ပေါက်စမှ အသီးဝင်သည်ထိ ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်ကျလျင် ညှိုးသေနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲဖို့လိုပါသည်။စိုက်ပျိုးသည့်အပင်အတန်းအကွာအဝေး၊ တစ်နည်း အပင်အစိပ်အကျဲ၊ ပြီးတော့စိုက်ချိန်စောခြင်း၊ နောက်ကျခြင်း၊ ဒါတွေကြောင့် ရောဂါကျရောက်ဖျက်ဆီးမှု၊ ပြင်းထန်မှု မတူညီနိုင်ပါ။ ထို့ကြောင့် ရေမြေဒေသအလိုက် သင့်တော်သောစိုက်ချိန်မှန်မှာ စိုက်ပါ။ စိုက်ပျိုးနည်းစနစ် လည်း မှန်ကန်စေလိုပါသည်။
ယခင်နှစ်က ကုလားပဲစိုက်ခဲ့ပြီး ရောဂါကျရောက်ခဲ့လျင် ရောဂါအဆက်ပြတ်စေရေး အတွက် ဒီနှစ် အဲသည်မြေမှာ ကုလားပဲစိုက်ပျိုးခြင်းမပြုသင့်ပါ။
ကုလားပဲသီးနှံရောဂါကျရောက်မှုနည်းပါးရေးအတွက် သီးနှံအလှည့်ကျစိုက်စနစ်ကိုလည်း ကျင့်သုံးသင့်ပါသည်။
အစိုဓာတ်မဆုတ်ယုတ်မီ ပဲပုပ်သီးနှံစိုက်ပျိုးရေး
လယ်မြေတွင် ပဲပုပ်သီးနှံကို အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ပျိုးရန် ဖြစ်သည်။ ပုံမှန်ထွန်ယက်စိုက်ပျိုးနည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပဲပုပ်သီးနှံကို ထွန်ရေးမဲ့နည်းစနစ် (Zero Tillage)ဖြင့် စိုက်နိုင်သည်။ ထွန်ရေးအနည်းငယ်ပြုပြင်စိုက်ပျိုးနည်းစနစ်(Minimum Tillage )ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ အဓိကမှာ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာဖို့ ဖြစ်ပြီး မြေတွင်းအစိုဓာတ်မပြေးမီ လျင်လျင်မြန်မြန် စိုက်ပျိုးရန် ဖြစ်ပါသည်။
နေကြာသီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးရေး
စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သီးသန့်စိုက်နိုင်သည်။ သီးထပ်လည်း စိုက်နိုင်သည်။ ထို့ပြင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးရာတွင် နေကြာသီးနှံကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။
နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းဖြင့် အဓိကသီးနှံမှ အထွက်ရ၊ နေကြာမှ စားသုံးဆီလည်း ရရှိနိုင်သည်။ ထို့ပြင် နေကြာသီးနှံသည် မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး(Seed to Seed Ratio) အထူးကောင်းမွန်သော ဆီထွက်သီးနှံဖြစ်ပါသည်။

ပဲမြစ်ဖုဇီဝမြေသြဇာသုံးစွဲရေး
စိုက်ပျိုးဆဲ မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် ပဲမြစ်ဖုဇီဝမြေသြဇာကို သုံစွဲစိုက်ပျိုးစေချင်ပါ သည်။ မျိုးစေ့မှာ ပဲမြစ်ဖုဇီဝမြေသြဇာကို လူးနယ်စိုက်ပျိုးရုံပဲ ဖြစ်ပါသည်။
ပဲမြစ်ဖုဇီဝမြေသြဇာသည် အကျိုးပြုအဏုဇီဝသက်ရှိတစ်မျိုးဖြစ်သည့် ရိုင်ဇိုဗီယမ် ဘက် တီးရီးယားများဖြင့် ထုတ်လုပ်ထားသည့် မြေသြဇာတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံအတွက် ကုလားပဲမြစ်ဖုဇီဝမြေသြဇာ၊ မြေပဲသီးနှံအတွက် မြေပဲမြစ်ဖုဇီဝမြေသြဇာစသည်ဖြင့် ပဲမျိုး အလိုက် သီးခြားစီထုတ်ထားသည်။ သက်ဆိုင်ရာပဲအလိုက် မှန်ကန်စွာ သုံးစွဲရန်လိုပါသည်။
အကျိုးရှိမှုမှာ ရိုင်ဇိုဘီယမ်ဘက်တီးရီးယားလေးတွေက လေထဲရှိ နိုက်ထရိုဂျင်ကို ဖမ်းယူပြီး ပဲပင်များသုံးစွဲနိုင်အောင် ပံ့ပိုးပေးတာ ဖြစ်သည်။ ဤသို့ဖြင့် မြေကြီးထဲရှိ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ပေးသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်မြေသြဇာသုံးစွဲမှုကိုလည်း လျော့ချနိုင်ပါသည်။
ဂျုံသီးနှံမျိုးကောင်းမျိုးသန့်သုံးစွဲစိုက်ပျိုးရေး
ဂျုံသီးနှံသည် ပြည်တွင်းစားသုံးမှုဖူလုံခြင်းမရှိသည့်သီးနှံတစ်မျိုးဖြစ်သည်။ ပြည်ပမှ ဝယ်ယူတင်သွင်းနေရမှုသက်သာရေးနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများ အကျိုးအမြတ်ရ ရှိရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးသာမက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးသည် အရေးပါလျက်ရှိသည်။ ဒေသရေမြေနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုး စေလိုပါသည်။
ကြံသီးနှံအပင်ဦးရေပြည့်မီရေး
ကြံသီးနှံသည် လယ်ယာသီးနှံမျိုးစေ့များလို သုံးလေးညအိပ်ဆိုလျင် အပင်ပေါက်စုံတာ မဟုတ်ပါ။ ကြံမျိုးပိုင်းရှိ အဆစ်များကနေ တစ်ဆစ်ပြီးတစ်ဆစ် အပင်ပေါက်လာရတာ ဖြစ်လေတော့ သီတင်းပတ်နှင့်ချီပြီး အပင်ပေါက်စုံအောင်စောင့်ရသည်။ ထို့ကြောင့် အပင်ဦးရေပြည့်မီရေးအတွက် ထယ်ရေးနက်နက်ပြုပြင်ပြီး စိုက်ချိန်နောက်မကျစေရေး အသိပေးလိုပါသည်။
နွေစပါးအလျင်အမြန်စိုက်ပျိုးရေး
နွေစပါးကို မြန်မာနိုင်ငံအောက်ပိုင်းအတွက်စိုက်ချိန်မှန်ဖြစ်သော ဒီဇင်ဘာလအတွင်း ပြီးစီးအောင်စိုက်ပျိုးစေလိုသည်။ မေလကုန် မုတ်သုန်ဝင်လျှင် ဧရာဝတီတိုင်းဒေသကြီးလို အောက်ပိုင်းဒေသတွေမှာ စတင် ဝင်တာဖြစ်သည်။ နွေစပါးရိတ်သိမ်းချိန် အဆိုပါမုတ်သုန်မိုးနှင့် ကြုံပြီး လေလွင့်ဆုံးရှုံးမှာစိုး၍ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဆင်းသီဟ
အားလုံး