မြေကြီးထဲရှိ အဏုဇီဝပိုးများအကြောင်းသိကောင်းစရာ
ဦးကြီးတို့ မင်္ဂလာပါဗျ။
စိုက်ပျိုးရေးသမားဟူသည် မြေကြီးနှင့် မကင်းနိုင်သူများဖြစ်ကြပါသည်။ ထို့ကြောင့် မိမိတို့စိုက်ပျိုးသော မြေကြီးတွင် မည်သည်များဖြစ်ပျက်နေပြီး မည်သည်များရှိနေသည်ကို သိရှိနားလည်ရန် လိုပါသည်။
မြေကြီးထဲတွင် အကျိုးပြုအဏုဇီဝပိုးများနှင့် အပင်များကို ရောဂါဖြစ်စေသော အကျိုးမပြုအဏုဇီဝပိုးများဟူ၍ ရှိပါသည်။ မြေကြီးထဲရှိ အဏုဇီဝပိုးများသည် သူတို့ရဲ့ ဘဝတစ် လျှောက်လုံးကို မြေကြီးထဲမှာပင် ကုန်ဆုံးကြရပါသည်။ မြေကြီးလက်တစ်ဆုပ်စာထဲတွင် အဏုဇီဝပိုးများ သန်းနှင့်ချီ၍ ပါဝင်ကြပါသည်။ မြေကြီးထဲတွင် အကျိုးပြုအဏုဇီဝပိုးများ များစွာရှိနေပါက အပင်များကို ဒုက္ခပေးနိုင်သော အဏုဇီဝပိုးများကို ကာကွယ်ပေးနိုင်ပါသည်။
မြေကြီးထဲရှိ သြဂဲနစ်မက်တာ(သစ်ဆွေးဓာတ်)ဆိုသည်မှာ အကျိုးပြုအဏုဇီဝပိုးများ နှင့် သေကြေနေသော သစ်ပင်အကြွင်းအကျန်များ ပေါင်းစပ်ထားသော အရာဖြစ်ပါသည်။ အကျိုးပြုအဏုဇီဝပိုးများသည် ထိုသေကြေနေသော သစ်ပင်အကြွင်းအကျန်များကို တစ်ဖန် ပြန်လည်ဆွေးမြေ့စေပြီး အပင်များအတွက် အာဟာရဓာတ်များ ထုတ်ပေးပါသည်။ အဏုဇီဝ ပိုးများတွင် ဘက်တီးရီးယားများ၊ မှိုများ၊ တီကောင်များ၊ ခြများစသည့်တို့ ပါဝင်ပါသည်။
မှိုများသည် မြေကြီးထဲရှိ သြဂဲနစ်မက်တာများကို တစ်ဖန််ပြန်လည်၍ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖြိုခွဲပေးပါသည်။ ၎င်းတို့ကို အဆွေးစားသတ္တဝါ (Saprophytes) များဟု ခေါ်ပါသည်။ ထို့အပြင် ဘက်တီးရီးယားများသည်လည်း မြေကြီးထဲရှိ အာဟာရဓာတ်များကို အပင်များ စုပ်ယူနိုင်သော ပုံစံသို့ပြောင်းပေးပြီး အပင်များကို ကူညီပေးပါသည်။ ထိုမှိုနှင့် ဘက်တီးယားများသည် အပင်များကို ရောဂါဖြစ်စေသော ပိုးများကို သားရဲကောင်အနေနှင့် စားသုံး၍သော်လည်းကောင်း၊ ကပ်ပါးပြု၍သော်လည်းကောင်း ကာကွယ်ပေးပါသည်။ ထို့အပြင် အပင်များ၏ အမြစ်များကို အခြားရောဂါများ၊ ပိုးမွှားများ မတိုက်ခိုက်နိုင်အောင် လည်း ကာကွယ်ပေးပါသည်။
ထို့ကြောင့် မြေကြီးထဲတွင် အကျိူးပြုအဏုဇီဝပိုးများပေါများစွာရှိနေပါက မြေကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံကောင်းမွန်စေခြင်း၊ မြေကြီး၏ အစိုဓာတ်ကို ထိန်းပေးခြင်း၊ သီးနှံ အကြွင်းအကျန်များကို လျှင်မြန်စွာ ဆွေးမြေ့စေခြင်း၊ အပင်မှ မစုပ်ယူနိုင်သော အာဟာရဓာတ် များကို စုပ်ယူနိုင်သော ပုံစံသို့ပြောင်းပေးခြင်း၊ အပင်များ၏ အမြစ်ဇုန်ကို လေဝင်လေထွက် ကောင်းမွန်စေခြင်း၊ ပိုးမွှားရောဂါများမှ ကာကွယ််ပေးခြင်းများ စသည့်လုပ်ငန်းများကို အပင်များအတွက် လုပ်ဆောင်ပေးပါသည်။ ထို့သို့ အပင်များအတွက် အကျိုးများသော အဏုဇီဝပိုးများ မြေကြီးထဲတွင် ပေါများစွာ ရှိနေရန်လိုအပ်ပါသည်။
ယနေ့ခေတ်တွင် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဓာတ်မြေသြဇာများ လွန်ကျွံစွာသုံးစွဲခြင်းကြောင့် ထိုအကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီးကြရပါသည်။ ထို့ကြောင့် ဦးကြီးတို့အတွက် အကျိုးပြုပေးနေသော အဏုဇီဝပိုးများအတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာများကို လျော့သုံး၍ သဘာဝမြေသြဇာများ၊ သဘာဝ ပိုးသတ်ဆေးများကို အသုံးပြုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ချမ်းသာဦး
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....