ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပိုင်ရီသရွိုဒ်/ဆေးဂန္ဓမာအုပ်စု)
၁။ Pyrethroid (ပိုင်ရီသရွိုဒ်/ဆေးဂန္ဓမာအုပ်စု)

အုပ်စုဝင်ဆေး( အေအိုင်) များနှင့် စျေးကွက်ဝင်အမည်များ
ဆိုက်ပါမီသရင် ( ဆေးအမည်များ - အဂရိုဆိုက်ပါ/အာမိုဆိုက်ပါ/ဖို့စတင်း/ဟိုက်ပါဆိုက်/ဆိုက်ပါမက်/ပီလာဆိုက်ပါ/ပရိုဆိုက်ပါ/ဗိုက်တာမီသရင်/ဝှိုက်တိုက်ဂါး/ဝှိုက်ဂိုးလ်/မာလာမြိုင်ဆိုက်ပါ/အမ်ဆိုက်ပါ/ပံ 35...)
အယ်လ်ဖာဆိုက်ပါမီသရင် ( ဆေးအမည်များ - အယ်ဖာ-5/အယ်ဖာဆိုက်/ဖော်တက်/အဂရိုအယ်ဖာ/အင်ဂါး..)
ဘီတာ ဆိုက်ပါမီသရင် ( ဆေးအမည်များ - ရှင်းဘီတာ/လီရှာဒန်)
ဇီတာ ဆိုက်ပါမီသရင် ( ဆေးအမည်များ - ဖျူရီ)
ဆိုင်ဖလူသရင် ( ဆေးအမည်များ - တော်နာဒို)
ဘီတာဆိုင်ဖလူသရင် ( ဆေးအမည်များ - ဘူးဒေါ့/ဘောင်းဒက်)
ဒယ်လ်တာမီသရင် ( ဆေးအမည်များ - ဗေးလစ်/ဒီစစ်/ဒီဆိုက်/ရန်ကင်း/အာမိုဒယ်တာ..)
လမ်ဘဒါဆိုင်ဟေလိုသရင် ( ဆေးအမည်များ - ကရောင်း/ဖို့စ်စူပါ/ပီလာလန်ဒါ/ရှောင်လင်/သန်းဒါး/မစ်ဆိုင်း/လမ်ဒါ/ခရာတေး/ဖိုက်တာလပ်စ်)
ဖန်ပရိုပါသရင် ( ဆေးအမည်များ - ဆန်နီတော)
ဖန်ဘယ်လာရိတ် ( ဆေးအမည်များ - ဆူမီဆီဒင်/ဟန့်ဖင်ဗာ)
ပါမီသရင် (ဆေးအမည်များ - မက်ပါမီသရင်)
ဂမ်မာဆိုင်ဟေလိုသရင် (ဆေးအမည်များ - နိမ်းဆိုက်)
ဘိုင်ဖန်သရင် (ဆေးအမည်များ - ရွှေဖန်သရင်/တယ်လ်စတား)
အဆိပ်သင့်လမ်းကြောင်း(MoA - Mode of Action)
- Sodium channel modulator
ဆေးအာနိသင်
- ထိသေ၊ စားသေ အာနိသင်ဖြစ်ပြီး တွန်းလှန်/ဂျွမ်းပြန်သတ္တိ (Knock down action) ရှိသည်။
အဓိက ကာကွယ်နှိမ်နင်းနိုင်သောဖျက်ပိုးများ
- သီးနှံစုံမှာ ဖျန်းနိုင်ပြီး ကျရောက်တတ်သော ကိုက်ဖြတ်စားသောက်ပိုးများ၊ ပိုးစိမ်းကောင်၊ ထွာကောင်စိမ်း၊ ပဲဂျပိုးစိမ်း၊ ငမြှောင်တောင်၊ ခူမွှေးရှည်၊ ရွက်စားပိုးများ၊ မှက်၊ ခြင်၊ ယင်၊ အခွံမာကျိုင်းများ....)
- ပျ၊ ဖြုတ်၊ လှေး၊ ပိုးစေးနှဲများကိုလည်း ပင်လုံးပြန့်ဆေးများနှင့် ရောစပ်နှိမ်နင်းနိုင်ပါသည်။
အသုံးပြုရန်နှုန်းထား
- ဆေးဘူးပါအညွှန်းကို သေချာစွာဖတ်ပြီး အညွှန်းပါနှုန်းထားအတိုင်း တိကျစွာလိုက်နာပါ။
(အကြမ်းအားဖြင့် ရေတဂါလံ = ဆေး ၁၀ စီစီ)
အဆိပ်သင့်မှုနှုန်း
သန(၅၀) = (၂၅၀ ppm/ကီလိုဂရမ်)
သီးနှံပင်လောင်ကျွမ်းမှု
EC ဖော်မြူလာဖြင့် ထုတ်လုပ်မှု များသဖြင့် ပန်းပွင့်ချိန် (နံနက်ခင်း) ဖျန်းလျှင် ပန်းဝတ်မှုံကူးမှုကို ထိခိုက်နိုင်ပါသည်။
သတ်မှတ်နှုန်းထားထက် ပိုဖျန်းမိလျှင် သီးနှံပင်ထိခိုက်နိုင်ပါသည်။
သတိပြုရန်
- မလိုအပ်ဘဲ ပိုးမကျရောက်မီ ကြိုတင်မဖျန်းသင့်ပါ။
- အယ်လ်ကာလီပါသော ပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့်မတည့်ပါ။ ဘော်ဒိုဆေး၊ ထုံး ကန့်တို့နှင့် ရောစပ်မဖျန်းရပါ။
ai (အစွမ်းရှိပစ္စည်း) ဆိုတာဘာလဲ၊ inert (အစွမ်းမဲ့ပစ္စည်း) ဆိုတာဘာလဲ၊ သန (သေနှုန်း) ဆိုတာ ဘာလဲ၊ ပိုးသတ်ဆေးဆိုတာဘာလဲ ဆိုတာတွေကို သိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။
ပိုးသတ်ဆေးဖျန်းလို့ ပိုးမျိုးတွေ ပိုတိုးလာတာလား >>> https://greenwaymyanmar.com/posts/Thar_Aung_Thar_Maung_Conversation_2
စေတနာများစွာဖြင့်
ဦးသာပို
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးအေအိုင်များ
Hein Myint Kyaw
လွန်ခဲ့သော ၃ နှစ် ကဘူးသီးလေးတွေပုတ်သွားတာဘာကြောင့်ပါလဲ
Myint Wai
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်ကျုံပျော်မြို့ကပါ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် က၀၉၂၆၅၀၄၁၉၉၆ နာမည် နဲ့ နေရပ် ပြောပြီး အရင်မိတ်ဆက်ပေးပါ
Thu Lwin
လွန်ခဲ့သော ၃ နှစ် ကဦးလေးရေ ph noလေးပေးပါအုံးဗျ ကျွန်တော် စပါးခင်းအတွက်မေးစရာလေးရှိလို့
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Thar Po
အားလုံး