အစိမ်းရောင်လမ်း
စိုက်ခင်းထဲက ဓာတ်ကြွင်းအတွက် PHI

စိုက်ခင်းထဲက ဓာတ်ကြွင်းအတွက် PHI

Htunn Winn Kyaw
Htunn Winn Kyaw Greenovator 29/10/2019

   PHI ဆိုတာက Post Harvest Interval ဆေးဖျန်းပြီး စောင့်ဆိုင်းရမယ့် အချိန်ကာလကို ပြောတာပါ။ အောက်မှာ အဖြစ်များတတ်တဲ့ အမေးအဖြေလေးတွေကို တစ်ခါတည်း ရှင်းပြပေးထားပါတယ်။

စိုက်ခင်းမှာ ဆေးကို အညွှန်းအတိုင်းသုံးတယ်။ ဒါပေမဲ့ ပြန်ပြီးဝင်လို့ရတဲ့ အချိန်ကိုမသိဘူး။ ဘယ်အချိန်မှာ ခူးပြီးစားလို့ရမှာလဲ ဆိုတာကိုလည်း မသိဘူး။ ဆေးထုပ်မှာလည်း ဘာမှ မရေးထားဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ?

   ဆေးတွေခြောက်သွားတဲ့အထိ စောင့်ပါ။ ဖျန်းထားတဲ့ဆေးက အနံ့လည်းသိပ်မထွက်တော့ဘူး အနယ်ကျလောက်ပြီဆိုတဲ့အထိ စောင့်ပေးရမှာပါ။ ဝေးဝေးကပဲ စောင့်ပါ။ အနံ့သိပ်မထွက်တော့တဲ့အချိန်ဆိုလို့ သွားသွား အနံ့ခံနေမှ ပိုပြီးကြောက်စရာ ကောင်းလာပါလိမ့််မယ်။ အချိန်အနေနဲ့ဆိုရင် အနည်းဆုံး (၁၂) နာရီလောက်စောင့်ပေးပါ။ မိုးအုံ့လို့ နေမပူဘူး စိုထိုင်းဆတွေများနေတယ်ဆိုရင် အချိန်ကို ပိုပြီးတော့ကြာအောင် စောင့်ပေးရမှာပဲဖြစ်ပါတယ်။

တကယ်လိုများ အချိန်မပြည့်သေးပဲ အခင်းထဲကိုဝင်ဖို့ ဖြစ်လာတယ်ဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ?

   မဝင်တာက အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့  ဝင်ရမယ်ဆိုရင်တော့ ဆေးထုပ် ဆေးဘူးမှာ ပါဝင်တဲ့ အချက်တွေကို အရင်သေချာအောင်ဖတ်ကြည့်ပြီးတော့ လိုက်လုပ်တာ အကောင်းဆုံးဖြစ်မှာပါ။

သူက ၁၂ နာရီစောင့်ပါလို့ ပြောတယ်။  ဆေးဖျန်းပြီး ၃ နာရီလောက်ကြာတော့ မိုးကကျလာတယ်။ အဲ့လိုဆို (၁၂)နာရီပြည့်အောင် မစောင့်ပဲ လူဝင်ပြီး ခူးစားလို့ရမလား?

   မဝင်သင့်ပါဘူး။ ဆေးထုပ်တွေမှာ မြန်မြန်စားချင်ရင် နည်းနည်းပဲသုံးပါဆိုရင်တောင် မဝင်သင့် မစားသင့်ပါဘူး။ ခံစားရမဲ့ အကျိုးရလဒ်က တူတူပါပဲ။ အဲ့တော့ မိုးရွာရွာ မရွာရွာ သေချာအောင်လို့ ကိုယ့်ဖက်က လုပ်နိုင်တာအကုန်လုပ်ပေးပါ။ 

ကျုပ်က ဆေး (၂)မျိုး သုံးထားတယ်။ တစ်ခုက (၁၂) နာရီ စောင့်ခိုင်းတယ်။ တစ်ခုကကျတော့ (၁၅) နာရီစောင့်ခိုင်းတယ်။ အဲ့လိုဆိုရင် ဘယ်အချိန်ပြန်ဝင်ပြီးခူးတာ အကောင်းဆုံးဖြစ်မလဲ? 

   အမြဲတမ်း လုံခြုံစိတ်ချရမှ ဝင်ပါ။ အရှည်ဆုံးကာလကိုရွေးပါ။ PHI တို့ REI တို့ ဆိုတာ အသုံးပြုသူတွေေရော စားသုံးသူတွေကိုရော ဘေးကင်းအောင်လုပ်ထားပေးဖို့ ရည်ရွယ်ပါတယ်။ 

ဒီမယ် ငါ့တူ၊ ဦးစိုက်ခင်းထဲက ငရုတ်သီးတွေက ခူးပြီးရင် ချက်ချင်းစားမှာမဟုတ်ဘူး ပြီးတော့ ငရုတ်သီးခြောက်လုပ်မှာ အဲ့တော့ ဆေးဖျန်းပြီးရင် ခူးလိုက်မယ်လေ

  ဒီမယ် အန်ကန် အဲ့လေ ဦိးလေး မရပါဘူး၊ သူ့အချိန်ရောက်အောင် စောင့်ပေးပါ။ အချိန်မတန်ခင် ဝင်လိုက်ရင် မကုန်သေးတဲ့ဆေးတွေက အသီးတွေမှာ ကပ်ပါသွားရော၊  အဲ့လိုဆိုတော့ စစချင်းပြောခဲ့တဲ့ လက်ခံနိုင်တဲ့ အများဆုံးဓာတ်ကြွင်းပမာဏဆိုတာက မရိတ်ခင်စောင့်ရမဲ့အချိန်အတိုင်း စောင့်မှပဲ ကိုယ်လိုချင်တဲ့ ပမာဏကိုရမှာ။ မဟုတ်ရင် ဦးလေးငရုတ်သီးတွေမှာ လက်ခံလို့ မရတဲ့ပမာဏအထိ ပါသွားတယ်ဆိုရင် စားတဲ့သူတွေ အကုန်လုံးကို ထိခိုက်မယ်။ အဲ့ဒါက ရောင်းထွက်သွားရင် ဖြစ်မဲ့အနေအထား။ တကယ်လို့များ နိုင်ငံခြားကိုတင်ပို့ပြီး ရောင်းမယ်လို့ဆိုထားရင် သူတို့စစ်တာနဲ့ တစ်ခါတည်းကျပြီးတော့ လှည့်ပြန်လာရမှာ အသေအချာပါပဲ။ 

ထွန်းဝင်းကျော်

Reference

“Respecting Preharvest and Restricted Entry Intervals—A Question of Common Sense!”,Compliance, Laboratory Services and Regional Operations Directorate, Pest Management Regulatory Agency,March 2007.

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

Ba Gyan • ဖြေကြားချက် 2 ခု

ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်

Nan • ဖြေကြားချက် 1 ခု

ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ

Nan • ဖြေကြားချက် 2 ခု

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။