ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ဖော့စဖိတ်ဆေးအုပ်စုများ)
၂။ OPI(Organo Phosphate Insecticides - ဖော့စဖိတ်ပါသော ဆေးအုပ်စုများ)
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသောဆေးများအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အိုပီအိုင်ဆေးအုပ်စုများ ဖြစ်ပါသည်။

OPI ဆေးအုပ်စုအေအိုင်များ
အက်ဆီဖိတ်75 -SP (ဆေးအမည်များ - အက်ကော့/အဆီဟီးရိုး/အော်တီမာ/ အဇီဖိတ်/ အဂရိုအေဆာ/ဟန့်တာဖိတ်/ပီလာသိန်း/ကေဖိုးအဆီဖိတ်/အမ်ဖိတ်/ရန်ရှင်း/အက်စ်ဖိတ်စူပါ/အေ့စ်ကင်း/အင်ပက်/တိုက်ဂါးဆီဖိတ်.....)
ဒိုင်မီသိုအိတ် (ကန့်သတ်ပြီး)
ကလိုပိုင်ရီဖော့(ကန့်သတ်ပြီး)
ပရိုဖီနိုဖော့ (ဆေးအမည်များ - ပရီဆိုက်/ပိုင်းလော့/ရွှေနိုဖော့/ကျူရာဒရင်း/ကပ်အော့ဖ်/အာမိုပရိုဖစ်/မက်နိုဖော့/ရှပ်ပရိုဖန်/အန်နေဗီ- ကီး/အီးတီ-ပရို/ပရိုဆယ်လီ..)
ဖန်သိုအိတ် (ဆေးအမည်များ - ကမ်မရွန်း/အယ်လ်ဆန်/ဗိုက်ဆန်/ဖော်ဆန်/ဟီးရိုးဆန်/ရွှေဖန်သို/ဖန်သိုကင်း/မာလာမြိုင်ဖန်သိုအိတ်..)
ဒိုင်ယာဇီနွန် (ဆေးအမည်များ - ဒိုင်ယာဒရင်း/ဒါရိုက်/ဖော်ဒီနွန်/ပန်ဒီနွန်...)
ထရိုင်ယာဇိုဖော့ (ဆေးအမည်များ - ထရိုင်ဖော့/တိုင်ဖွန်း/ရူပတိုက်ဂါး/ယူအပ်..)
မာလာသီယွန် (ဆေးအမည်များ - ဖိုင်ဖနွန်/ဟက်ဇာသီယွန်/မာလာနွန်/မာလာမြိုင်မာလာနွန်/ရွှေမာလာ/အဂရိုမာလာသီယွန်...)
အိုမီသိုအိတ် (ဆေးအမည်များ - တိုးပွား/အိုမီ-40...)
ဖီနိုက်ထရိုသီယွန် (ဆေးအမည်များ - ရွှေသီယွန်....)
ထရိုင်ကလိုဖွန်း (ဆေးအမည်များ - ဖွန်း....)
အီသီယွန် (ဆေးအမည်များ - မီထရိုးMitrol)
၁။ Acephate(အက်ဆီဖိတ်-75 SP)
အဆိပ်သင့်လမ်းကြောင်း
- inhibit the enzyme acetylcholinesterase (AChE)
အာနိသင် - ပင်လုံးပြန့်အာနိသင်
အဓိကနှိမ်နင်းနိုင်သောဖျက်ပိုးများ
လယ်ယာသီးနှံစိုက်ခင်းများ၊ သစ်သီးခြံ၊ ပန်မာလ်၊ ဟင်းသီး/ဟင်းရွက် စိုက်ခင်းများတွင် ကျရောက်သော ပျ၊ ဖြုတ်၊ လှေး ယင်ဖြူ စသည့်စုပ်စားပိုးများ၊ အရွက်စားပိုးများ ကြိုတင်ကာကွယ်ရာတွင်လည်းကောင်း၊ နှိမ်နင်းရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
အထူးသဖြင့် ပန်းပွင့်ချိန်တွင် ပိုးကျရောက်၍ ဖျန်းပါက ပန်းပွင့်ဝတ်မှုန်ကူးမှုကို မထိခိုက်သည့်အပြင် ဖော့စဖိတ်ဓာတ်ပါဝင်မှုကြောင့် ဇီဝကမ္မကို မြှင့်တင်ပေးပါသည်။
မြေကြီးထဲ၊ အပင်ထဲ၊ ပိုးကောင်အတွင်း ရောက်သည်နှင့် အဆီဖိတ်သည် မီသာမီဒိုဖော့ Methamidophos အဆိပ်အဖြစ် ပြောင်းလဲသွားပြီး အဆိပ်ပြင်းထန်စေပါသည်။
အသုံးပြုရန်နှုန်းထား
- ရေတဂါလံ = ၁၀ ဂရမ်နှုန်း
အဆိပ်သင့်နှုန်း
- သန(၅၀) = (၁၀၃၀-၁၄၄၇ မီလီဂရမ်/ကီလိုဂရမ်)
သီးနှံပင်လောင်ကျွမ်းမှု
- လောင်ကျွမ်းမှုမရှိပါ။
သတိပြုရန်
- အက်ဆီဖိတ်ကို ပန်းပွင့်ဆေးအဖြစ် ပိုးမကျဘဲ အကြိုက်ဖျန်းကြသည်ကို အချို့ဒေသများမှာ တွေ့ရပါသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် ပိုးများအနေဖြင့် အဆီဖိတ်ဆေးကိုယဉ်ပါးမှု Resistance ကို ဖြစ်စေနိုင်ပါသည်။
- ပန်းသီးပင်တွင် အသုံးပြုပါ အနည်းငယ် Phyto-toxic ဖြစ်စေတတ်ပါသည်။
( OPI ဆေးအုပ်စုတမျိုးချင်းကို ဆက်လက်ဖော်ပြပါမည်)
စေတနာများစွာဖြင့်..
ဦးသာပို
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးအေအိုင်များ
အလင်းရောင်
လွန်ခဲ့သော ၇ လ ကပွင့်ထွေးပိုးအတွက်ဘာဆးသုံရမလဲ
zizi
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....