ပြောင်းဆန်မှုန့် (Corn Gluten meal)
Corn Gluten meal ဆိုတာ ပြောင်းဆန်ကြိတ်ထားတဲ့ အမှုန့်ဖြစ်ပြီး ကြက်စာနဲ့ တခြားတိရိစ္ဆာန်အဖြစ်အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် Organic ပေါင်းသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ Corn Gluten meal မှာဆိုလျှင် နိုင်ထရိုဂျင် ၁၀% ပါဝင်ပါတယ်။ ပေါင် ၁၀၀ ရှိတဲ့ ပြောင်းမှုန့်တွေမှာ နိုင်ထရိုဂျင် ၁၀ပေါင် ပါဝင်ပါတယ်။ Organic အခြေခံ နိုင်ထရိုဂျင်ဖြစ်တဲ့အတွက် ဖြေးဖြေးချင်းစား မြေသြဇာအဖြစ် ၃လမှ ၄လအထိ မြေတွင်းတည်ရှိကာအပင်က တဖြည်းဖြည်းချင်း စုပ်ယူနိုင်ပါတယ်။
Corn Gluten ဘယ်လိုအလုပ်လုပ်တာလဲ?
ပြောင်းဆန်မှုန့်တွေဟာ မြေတွင်းပေါင်းစေ့များရဲ့ အညှောင့်များထွက်ချိန်ကို မူမှန်ပုံစံမထွက်အောင် တားဆီးဟန့်တားနိုင်ပါတယ်။ မျိုးစေ့အညှောင့်ပေါက်ချိန်မှာ မြေတွင်းရေခန်းခြောက်ပြီး အပင်မပေါက်အောင် ဟန့်တားပစ်ပါတယ်။
ပေါင်းသတ်ဆေးအဖြစ် ကြိုတင် ကြဲပက်အသုံးပြုရတဲ့ ပစ္စည်းဖြစ်ပါတယ်။
ပေါင်းစေ့များအညှောင့်ပေါက်ချိန် အညှောင့်ပေါက်ပြီးချိန်ကျမှ ကြဲပက်မိပါက ပေါင်းပင်များအတွက်မြေသြဇာဖြစ်သွားတတ်ပါတယ်။
ပြောင်းဆန်မှုန့်ကို ပေါင်းသတ်ဆေးအဖြစ်ကြဲပက်ပြီးချိန် မိုးရွာရန်လိုအပ်သလို ကြဲပက်ပြီး ၅ရက်တွင်း အစိုဓာတ်မရှိပါက ရေအစိုဓာတ် ၄ လက်မအထိ ရှိအောင် သွင်းပေး/ ဖျန်းပေးရပါမယ်။ ရာသီခြောက်သွေ့ပြီး အစိုဓာတ်ခမ်းခြောက်ချိန်မှာ ပြောင်းဆန်မှုန့်များက ပေါင်းစေ့များပေါက်ခြင်းကို ဖျက်စီးဟန့်တားပါလိမ့်မယ်။
အကယ်လို့ လုပ်နိုင်ပါက အပေါ်ယံမြေကို ပလပ်စတစ်၊ သတင်းစာစက္ကူ များဖြင့် ပေါင်းမြက်များ ဖုံးအုပ်ပြီး ခင်းထားပေးပါက ပိုမိုထိရောက်သော ပေါင်းသတ်ခြင်းကို ရနိုင်ပါတယ်။
ပြောင်းဆန်မှုန့် ဘယ်လောက်လိုလဲ?
ပြောင်းဆန်မှုန့် corn gluten meal များဟာ ပေါင်းစေ့ ၆၀% အထိ ၄ - ၆ ပတ်အတွင်း ထိန်းချုပ်နိုင်ပါတယ်။ ပေါင်းမြက်ထိန်းမနိုင်သော မြေအမျိုးစားများတွင် လစဉ် မိုးတွင်းမှ ကြဲပက် အသုံးပြုသင့်ပါတယ်။ မြေအကျယ် ၁၀၀ ပေ x ၁၀၀ ပေ ပတ်လည်ကို ပေါင် ၂၀ အသုံးပြုလေ့ရှိပါတယ်။ ပြောင်းဆန်မှုန့် ပေါင် ၂၀ အသုံးပြုခြင်းဟာ နိုင်ထရိုဂျင် မြေသြဇာ ၂ပေါင် ကျွေးတာနဲ့ ညီမျှပါတယ်။
Corn gluten meal ပြောင်းဆန်မှုန့် ဟာ pre emergence herbicide ဖြစ်ပြီး ကုန်ကျစားရိတ်သက်သာစွာနဲ့ အသုံးပြုနိုင်တဲ့အပြင် လက်နဲ့ ကိုင်တွယ်ကြဲပက်သော်လည်း လူကိုအန္တရယ်လုံးဝမဖြစ်နိုင်ပါ။
မှတ်ချက်
ကျွန်တော့်အနေနှင့် လက်တွေ့အသုံးပြု စမ်းသပ်မှု ပြုလုပ်ထားသော အဖြေမရှိပါ။ Internet မှ မှီငြမ်း ဖော်ပြထားသော စာသာဖြစ်ပါတယ်။
Khant Zaw Htet
Ref;Corn Gluten: Organic Pre-Emergent Herbicide
This Corn Milling Byproduct is Popular, But Success is in the Details
BY KELLY BURKE
Updated 10/23/17
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြောင်းဆန်မှုန့်
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Khant Zaw Htet
အားလုံး