သမပိုင်းနဲ့ အပူပိုင်းသီးနှံတွေကို ခူးဆွတ်ပြီးနောက် ထိခိုက်ပျက်စီးမှုနည်းစေမယ့် ခိုက်တိုဆန်(Chitosan)၏ လျှို့ဝှက်ချက်များ
အားလုံးသိကြတဲ့အတိုင်းရိတ်သိမ်းချိန်လွန်နည်းပညာအခက်အခဲတွေကြောင့် လွှင့်ပစ်လိုက်ရတဲ့ စိုက်ပျိုးရေးထုတ်ကုန်များစွာရှိကြပါတယ်။ တစ်နေရာနဲ့ တစ်နေရာသယ်ပို့ချင်ပေမယ့် အထိခိုက်မခံတဲ့ အသီးအနှံတွေအတွက် ခိုက်တိုဆန်က သဘာဝနဲ့လိုက်လျောညီထွေဖြစ်စေမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ အလွန်အကြူးသုံးခြင်းကလည်း လူကိုထိခိုက်မှုရှိစေတာကြောင့် သီးနှံတွေရဲ့ ရိတ်သိမ်းချိန်လွန်သက်တမ်းအတွက် သဘာဝနည်းအားဖြင့် အထောက်အကူပြုစေမယ့် ပစ္စည်းကတော့ ခိုက်တိုဆန်ပဲဖြစ်ပါတယ်။
ကျွန်မတို့တောင်သူတွေ သိရှိပြီး အသုံးချနိုင်အောင်ရေးသားဖော်ပြပေးလိုက်ရပါတယ်။
၁။ ပက်သိုဂျင်တွေ
ခိုက်တိုဆန် အသုံးပြုလိုက်တဲ့အခါ အသီးတွေရဲ့ အခွံပေါ်မှာရှိနေတဲ့ ကျွန်မတို့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဖွဲ့စည်းမှုလေးတွေကပြောင်းလဲသွားပါတယ်။ မှိုပေါက်လာမယ့် အသီးတွေဆို မှိုတွေကအစာမရတော့ဘဲ မပေါက်လာတော့တာမျိုးပေါ့နော်..။ဒီလိုနည်းနဲ့ ခိုက်တိုဆန်က ရိတ်သိမ်းပြီးချိန်မှာဖြစ်လာမယ့် ပက်သိုဂျင်တွေကို ကာကွယ်ပေးပါတယ်။
၂။ အပင်တွေမှာ
ခိုက်တိုဆန်သုံးထားတဲ့အပင်တွေမှာ ခံတပ်ကို ကောင်းစေပါတယ်တဲ့။အကြောင်းကတော့ အပင်ရဲ့ ခုခံအားကိုတိုးမြှင့်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်စေလို့ပါ။ ခိုက်တိုဆန်က ဒီလိုနည်းအားဖြင့် အပင်တွေကို သက်ရှိ(ခူးဆွတ်ပြီးချိန်မှာ ရောက်လာတတ်တဲ့ မှိုတွေ)ရဲ့ ရန်ကနေကာကွယ်ပေးပါတယ်။ ထိခိုက်ရှနာမှုတွေ အနည်းဆုံးဖြစ်သွားတာပေါ့နော်..
၃။ အသီး
ခူးဆွတ်ပြီးသား အသီးတွေကို ခိုက်တိုဆန်စိမ်လိုက်မယ်ဆိုရင်တော့ အသီးရဲ့ အသက်ရှုနှုန်းကို လျော့ချပေးလိုက်ပါတယ်တဲ့။ ဒီနေရာမှာ ကျွန်မတို့ရဲ့ သစ်သီးတွေမှည့်လာတယ်ဆိုတာက အသက်ရှူကြလို့ပါရှင့်(ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ်နဲ့ ထပ်မံဖော်ပြပေးပါမယ်)။ ဒီလိုတင်မက အသီးထဲက ရေဓာတ်တွေ မဆုံးရှုံးအောင်လည်း ထိန်းထားပေးပါတယ်။
ဒီလိုအချက်တွေကြောင့် ခိုက်တိုဆန်ကို အသီးတွေခူးဆွတ်ပြီးအဆင့်မှာသုံးကြပါတယ်။ ဒီလိုသုံးခြင်းက Colletotrichum gloeosporioides,Alternaria alternata, Rhizopus stolonifer, and Fusarium oxysporum. ရောဂါတွေကိုပါ ကာကွယ်တားဆီးနိုင်စွမ်းရှိပါတယ်။
ဒါတင်မက တစ်ချို့သော လေ့လာမှုတွေမှာဆို အသီးထဲက အာဟာရပါဝင်မှုတွေပါ ခိုက်တိုဆန်ကြောင့် တိုးလာတယ်လို့ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကောင်းကျိုးများစွာရှိတဲ့ ခိုက်တိုဆန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ရာ ရေးသားမျှဝေလိုက်ရပါတယ်
ref:Alternative Eco-Friendly Methods in the Control of Post- Harvest Decay of Tropical and Subtropical Fruits: Published:April 11th 2019
DOI : 10.5772/intechopen.85682 (section 5)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from သိမ့်ဇာ
အားလုံး