မျိုးစေ့ထုတ်လုပ်ခြင်း (အသီးစိုများ)
မျိုးမှန်မှ အပင်သန်သကဲ့သို့ အပင်သန်မှလည်း အရည်အသွေးကောင်း အသီးအရွက်များကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ ယနေ့ ကာလတွင် မျိုးစေ့များကို ဆိုင်များ ကုမ္ပဏီများမှ အလွယ်တကူ ဝယ်ယူ စိုက်ပျိုးနေကြသော်လည်းတောင်သူများ အနေဖြင့်ကုန်ကျ စရိတ်များကိုချွေတာရန်သော်လည်းကောင်း၊ ဒေသခံ မျိုးများကို ထိန်းသိမ်းရန်သော်လည်းကောင်း မိမိတို့ ကိုယ်တိုင်တနိုင်တပိုင် အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်သင့်ပါသည်။
ပထမဦးစွာ အသီးများကို အစိုသီးနှင့်အခြောက်သီးဟူ၍ (၂)မျိုးခြား သိစေချင်ပါသည်။ အစိုသီး ဆိုသည်မှာ အစေ့များသည် အသီးအတွင်း အရည်များအတွင်းရှိနေသော အသီးကိုခေါ်ပါသည်။ (ဥပမာ- ဖရဲသီး၊ ခရမ်းချဉ်သီး၊ သခွားသီး) စသည်တို့ ဖြစ်ကြသည်။ အခြောက်သီး ဆိုသည်မှာ အစေ့များသည်ခြောက်သွေ့သော အနေအထားဖြင့် ရင့်မှည့်ကြသည့် အသီးများကို ဆိုလိုပါသည်။(ဥပမာ- ရုံးပတီသီး၊ ခဝဲသီး) စသည်တို့ ဖြစ်ကြပါသည်။
အစိုသီးများ၏ သဘာဝကို ဦးစွာ ရှင်းပြလိုပါသည်။ မျိုးစေ့များသည် ရင့်မှည့်လာသည်နှင့် အစိုဓာတ်နှင့်တွေ့သည်နှင့်တပြိုင်နက် အညှောက်ပေါက်သည့် သဘာဝ ရှိသည်။ အစိုသီးများ၏ သဘာဝမှာ အသီးတွင်းမှ အရည်များက မျိုးညှောက် မပေါက်စေရန် တားဆီးပေးသည်။ မျိုးစေ့တွင် ထိုသကြားဓာတ်ပါသော အရည်များ ကျန်နေပါက မျိုးစေ့မြုံခြင်း၊ အညှောက်ပေါက်နှုန်း နည်းခြင်းများ ဖြစ်နိုင်ပါသည်။

မျိုးယူရန် အသီးကို ခူးဆွတ်ပြီးအသီးများမှ အလွယ်တကူ မရွေးချယ်သင့်ပါ။ အပင်မှစ၍ စနစ်တကျရွေးချယ်ရန် လိုအပ်ပါသည်။ မျိုးယူမည့် အပင်သည် မိုးခေါင်ဒါဏ်ခံနိုင်ခြင်း၊ ရောဂါ ပိုးမွှား ဒါဏ်ခံနိုင်ခြင်း၊ အပင်သန်စွမ်း၍ အထွက်နှုန်းကောင်းခြင်း စသည့်လက္ခဏာများ ပြည့်စုံရန် လိုအပ်ပါသည်။ မျိုးယူရန် အသီးရွေးချယ်ရာတွင် အရင်း အဖျား မကျလွန်းသောနေရာမှ ယူပါ။ မိမိ အကြိုက်ဆုံး အရောင်၊ အရွယ်အစားရှိသော အသီးများကိုရွေးချယ်ပြီး အရိပ်အောက်တွင် လုံးဝ မှည့်လာသည် အထိထားပါ။
(၂) မျိုးစေ့ထုတ်ယူခြင်း(အချဉ်ဖောက်ခြင်း)
အသီးများအား ထက်ဝက်ခန့်မှခွဲပြီး မျိုးစေ့များနှင့်အတူ အတွင်း ကလီစာများ အားလုံးကို ထုတ်၍ ပလပ်စတစ်ပုံး၊ဘူးအတွင်း ထည့်ပါ။ အတွင်း ကလီစာများ အားလုံးကြေအောင် လက်ဖြင့်ချေပါ။ သတိပြုရန်မှာ သံ သို့မဟုတ် အခြား သတ္ထုခွက်၊ ပုံးများဖြင့် မထည့်ရ။ အသီးမှ ထွက်သော အရည်နည်းပါ ကရေအနည်းငယ်ရောပါ။ ထိုမျိုးစေ့နှင့်ကလီစာများ ထည့်သော ပုံးကို အရိပ်အောက်တွင်၁ရက်မှ၂ရက်အထိထားပြီး အချဉ်ဖေါက်ထားပါ။ ပုရွက်ဆိတ်၊ ကြွက်စသည်တို့ ရန်မှ ကင်းဝေးအောင် ဂရုစိုက်ပါ။ ထိုသို့ အချဉ်ဖောက်ခြင်းသည် အသီးတွင်း ကလီစာများမှ သကြားဓာတ်များ မျိုးစေ့ အတွင်းသို့ ဝင်ရောက်စေခြင်း၊ မျိုးစေ့ကို အုပ်ထားသော အလွှာပါးအားဆွေးမြေ့ပျက်စီးပြီး မျိုးစေ့မြုံခြင်းမှ ကင်းရှင်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ အချို့ ခရမ်းချဉ်တောင်သူများသည် မိရိုးဖလာနည်းဖြင့် ခရမ်းချဉ်သီးကို အသီးလိုက် အခြောက်ခံခြင်း၊ အဝတ်ပါးပါးပေါ်တွင် ညှစ်၍ အခြောက်ခံခြင်း စသည့် နည်းများဖြင့် မျိုးထုတ်ယူကြပါသည်။ ထိုနည်းဖြင့် ထုတ်ယူသော မျိုးစေ့များ ပျိုးထောင်ရာတွင် မသန်စွမ်းသော ပျိုးပင်များခြင်း၊ အပင်ပေါက်နှုန်း နည်းခြင်း၊ မညီခြင်းများ ကြံုတွေ့ရတတ်ပါသည်။
(၃) မျိုးစေ့ရေဆေးခြင်း
အချဉ်ဖောက်ပြီး၂ရက်ခန့်အကြာတွင် မျိုးစေ့နှင့် အတွင်းကလီစာ အရောကို ဘူး(သို့မဟုတ်)ပုံးကြီး အတွင်းသို့ ထည့်ပြီးရေထပ် ဖြည့်ပါ။ မျိုးစေ့ အပိန်အဖျင်းများ အားလုံး အထက်မျက်နှာသို့ တက်လာသည်ကိုတွေ့ရမည် ဖြစ်သည်။ အသာစောင်း၍ သွန်လိုက်ပါ။ ရေကြည်ပြီး မျိုးစေ့ အဖျင်းများ တက်မလာသည် အထိရေ အကြိမ်ကြိမ်ဆေးပါ။ နောက်ဆုံး ကျန်သော မျိုးများသည် အရည်အသွေးကောင်း မျိုးစေ့များ ဖြစ်ပါသည်။
(၄) မျိုးစေ့အခြောက်ခံခြင်း
နောက်ဆုံးကျန်သော မျိုးစေ့များကို ဇကာ သို့မဟုတ် အဝတ်ပါးပေါ် သို့လောင်းချရေစစ်ပြီး အရိပ်အောက်တွင်(၁)ရက် လှန်းပါ။ သေးငယ်သော အစေ့များခြောက်လာလျှင်လေဖြင့် လွင့်ပါ တတ်သဖြင့်လေငြိမ်သောနေရာတွင် ဖြစ်ရန် သတိပြုပါ။ ထို့နောက်နေရောင် ပြင်းပြင်းတွင်၄-၇ရက်ခန့် လှန်းပါ။ မျိုးစေ့များ ကပ်ပြီး ခဲနေပါက လက်ဖြင့်ချေပြီး တစ်စေ့ချင်းဖြစ်အောင် လုပ်ပါ။ သဲ၊ ဖုန်နှင့် အမှိုက်များ မပါအောင် ဂရုစိုက်ပါ။ လေလုံသော အိတ်၊ ဘူးအတွင်း ထည့်ပြီးအေးမြ၍ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ မျိုးစေ့ ထုတ်ယူသောနေ့ကို မှတ်သားပါ။ ဤနည်းဖြင့် ထုတ်ယူသော မျိုးများသည် အများအားဖြင့် ချက်ခြင်း ပြန်လည် ပျိုးထောင်နိုင်ပါသည်။ မျိုးစေ့ ၁၀၀ခန့် ယူ၍ ပျိုးဘောင်တွင် ပျိုးထောင် ကြည့်ပါ။ အနည်းဆုံး အပင်ပေါက်(၈၀)ခန့်ရမှ အရည်အသွေးမီ မျိုးကောင်း ဖြစ်ပါသည်။

ကိုမျိုးကြီး
လွန်ခဲ့သော ၅ နှစ် ကအခြောက်သီးကြဘယ်လိုလုပ်ရမလည်းဆရာ
A k h
လွန်ခဲ့သော ၅ နှစ် ကကျွန်းပင်ကသီးတဲ့မျိုးစေ့ကျတော့အပင်ပေါက်အောင်ဘယ်လိုလုပ်ရမလဲ
ဆက်စပ်မေးခွန်းများ
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ
ko htet • ဖြေကြားချက် 2 ခု
ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်
Myat lin Oo • ဖြေကြားချက် 1 ခု
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
UU Kyaw Gyi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Ko Ye Linn Oo
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....