စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၇)
ကျွန်မ ဘာသာပြန်ခဲ့သည် မှာ Food Safety Module , Element 3 ကိုရောက်ရှိခဲ့ပါပြီ..။သုံးစွဲသင့်သည့် မြေသြဇာ များအကြောင်း ဖြစ်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၀)
မြေသြဇာ နှင့် မြေဆီလွှာပြုပြင် ပစ္စည်း များ ကို သုံးစွဲရန်ရွေးချယ် ရာတွင် စိုက်ပျိုးသီးနှံများတွင် အန္တရာယ် ဖြစ်စေသော ဓာတ်သတ္တု ပါဝင်မှုကို နည်း နိုင်သမျှ နည်းစေသည့် အချက်ကို ထည့်သွင်းစဉ်းစားရပါမည်။ မြေသြဇာ နှင့် ထို မြေဆီလွှာပြုပြင် ပစ္စည်းအများစု သည် စက်ရုံ တစ်ခု ခု မှ ထွက်ရှိသော ဘေးထွက် ပစ္စည်း များကိုအခြေခံ၍ ထုတ်လုပ်ထားသည့်အတွက် အပင် မှ မလို အပ်သော အဟာရဓာတ်များ ပါဝင်နေတတ်ပါသည်။
ခေါ် (အန္တရယ် ဖြစ်စေနိုင်သည့် သိပ်သည်းဆလေးသော သတ္တုများ)၏ ပါဝင်မှု နှင့်ပတ်သက်၍ အသုံးပြုသင့်သော မြေသြဇာ အမျိုးအစားမှာ တရားဝင်ထုတ်လုပ်ထားသော (သို့ မဟုတ်) ထောက်ခံ အတည်ပြုချက် ရထားသော အတိုင်းအတာ သတ်မှတ်ချက်ဘောင် အတွင်းရှိသော (သို့မဟုတ်) အနည်းဆုံး အနေအထားတွင်ရှိသော မြေသြဇာ မျိုးကိုသာသုံးစွဲသင့်ပါသည်။
ဥပမာ အားဖြင့်…
ကက်ဒမီယမ် ပါဝင်မှုအလွန်နည်းသောအထူး စူပါဖော့စဖိတ် မြေသြဇာ သုံးစွဲခြင်း ကက်ဒမီယမ် တုံ့ပြန်မှု များသည့်သီးနှံအတွက် အသုံးပြုသင့်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၁)
ကောင်းစွာ ပြုပြင် စီရင် ထားခြင်း မရှိသော အော်ဂဲနစ် ပစ္စည်း များကို အန္တရာယ် ဖြစ်ရန်လွယ်ကူထင်ရှားသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရတာ တွင် မသုံးစွဲသင့်ပါ။
ဥပမာ အားဖြင့်မြေကြီးနှင့် နီးကပ်စွာပေါက်ရောက်နေသော ၊ မချက်ပြုတ်ပဲ အစိမ်းအတိုင်း စားသုံးသော သီးနှံများကို စိုက်ပျိုးရာတွင် အသုံးမပြုသင့်ပါ။ ကောင်းစွာပြုပြင် စီရင်ခြင်းမရှိသော အော်ဂဲနစ် ပစ္စည်းများကို မြေဆီလွှာ သို့ထည့်သွင်းလိုပါလျှင်မြေ ပေါ် မှ ကွာဝေးစွာပေါက်ရောက်သောအပင် များ တွင် လေတိုက်နှုန်းမြင့်သောနေရာ တွင် အသုံးပြုနိုင်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၂)
အကယ်၍ မြေဆွေးပြုလုပ်ခြင်း ကို အသုံးမပြုမီမိမိ တို့ ခြံဝန်းအတွင်းတွင် ပြုလုပ်မည် ဆိုပါက အသုံးပြုသည့် နည်းပညာ၊ ပြုလုပ်သည့် ရက်စွဲ၊ ကြည်ရှည် သည့်ကာလ အပိုင်းအခြား တို့ကို မှတ်တမ်းပြုစုထားရပါမည်။ မြေဆွေး ပြု လုပ် သည့် နည်းသည်အော်ဂဲနစ် ပစ္စည်းများကို ဆွေးမြေ့အောင် ပြုနေကျ နည်းစနစ် ဖြစ်ပါသည်။ ဆွေးမြေ့ မှုသေချာစေရန် အကျိုးရှိစေရန် အနည်းဆုံး (၆)လ ထားရပါမည်။ စနစ်တကျ လှန်ပေးရမည် သမ ပေးရပါမည်. လိုအပ်သော အပူချိန်နှင့် အစိုဓာတ်တို့ကို ထိန်းသိမ်းထားရပါမည်.။
ကောင်းစွာ ဆွေးမြေ့ပါကြောင်း သက်သေ ထားရှိရန်အလို့ ငှာ မှတ်တမ်းမှတ်ရာကို နညးနာ နိဿယ ၊ ပြုလုပ်သည့်ရက်စွဲ ၊ပြုလုပ်သည့်ကာလ တို့ကို မှတ်တမ်း ပြုစုထားရပါမည်။ ထို မှတ်တမ်းသည် အနာဂတ်အတွက် အသုံးဝင်ရည် ညွှန်းချက် တစ်ခု အဖြစ် ကျန်ရစ် နိုင်မည် ဖြစ်ပါသည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၃)
အကယ် ၍ မိမိခြံ မှ ထုတ်လုပ်စိုက်ပျိုးသော သီး နှံ တွင် ကောင်းစွာ မပြုပြင်ထားသောအော်ဂဲနစ် ပစ္စည်းတစ်စုံတရာပါဝင်နေပါလျှင် ၊ ပါဝင်ခြင်းသည်လည်း သိသာထင်ရှားသော အန္တရာယ် ကိုဖြစ်စေနိုင်ပါလျှင် မှတ်တမ်းမှတ်ရာ သည် သက်သေခံပြရာ ခိုင်လုံသော အထောက်အထား အဖြစ်ပြသ နိုင်ပါလိမ့်မည်။ ထို ပစ္စည်း၏ အန္တရယ် ဖြစ်မှုကို လျှော့ချထားကြောင်း နည်းပါးစေကြောင်း၊လုံးဝမပါဝင်ကြောင်း သက်သေ ဖြစ်ပါလိမ့်မည်။
အလေ့အထ (၁၁) တွင် ဖေါ်ပြ မှတ်တမ်းတင်ထားသကဲ့သို့ မိမိ ၏ သီးနှံ ရောင်းချသည့် နေရာတွင် မိမိ ၏ကုန်ပစ္စည်းအမှတ်တံဆပ် ကပ်ရာတွင် ၊ တွင်လည်းကောင်း ၊ ပါဝင် သည့်ပစ္စည်း နှင့် ထုတ်လုပ်မှုအတွက်တိကျစွာညွှန်းဆိုရာတွင်လည်းကောင်း ၊ တရားဝင် ကြေညာချက်တွင်လည်းကောင်း ဖေါ်ပြနိုင်ရာ တွင်အသုံးဝင်ပါမည်။
နောင်တစ်ချိန်မိမိ၏ ကုန် ပစ္စည်း နှင့်ပတ်သက်ပြီး အန္တရာယ်ပြုနိုင်သည့်ပစ္စည်း တစ်စုံတစ်ရာပါဝင်ပါသည့်ဟုစွပ်စွဲချက်ရှိလာခဲ့လျှင် စုံစမ်းစစ်ဆေးရန်လွယ် ကူ သလို မဟုတ်မှန်ကြောင်းခုခံ ကာကွယ်ရာတွင်လည်းအသုံးဝင်ပေလိမ့်မည်။
ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၄)
GAP စံနစ် တွင် လူ့ အညစ်အကြေးများ ကို လူ တို့ လတ်လတ်ဆတ်ဆတ်စားသုံးမည့် မည်သည့်သီးနှံများစိုက်ပျိုးရာတွင်မဆို အသုံးမပြုသင့်ပါ။
လူ့ အညစ်အကြေးများသည် ရောဂါဖြစ်စေသောအဏုဇီဝပိုးများပါဝင်နေသဖြင့် လတ်ဆတ်စွာ စားသုံးမည့်သီးနှံများတွင်အသုံးမပြုသငိ့ပါ။ တစ်ချို့သော တိုင်းပြည်များတွင် ဇီဝ အစိုင်အခဲ များ အဖြစ် ဇီဝ ဓာတ်ငွေ့ များ ကိုအဏုဇီဝ ပိုးများ ဖြင့်ပြုပြင် ချေဖျက်ပြီး ထုတ်ယူလေ့ရှိပါသည်
သို့သော် သေချာစွာသုတေသနပြုလုပ်ထားခြင်းမရှိပါက အသုံးမပြုသင့်ပါ။
ဆက်လက်ဖေါ်ပြပါဦးမည်။
ဒေါက်တာ မသစ္စာ
ဆက်စပ်မေးခွန်းများ
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ
ko htet • ဖြေကြားချက် 2 ခု
ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်
Myat lin Oo • ဖြေကြားချက် 1 ခု
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
UU Kyaw Gyi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026