စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထ ကောင်းများ (၅)
လတ်ဆတ်စွာ စားသုံးသော စိုက်ပျိုးသီးနှံများ ထုတ်လုပ်ရာ တွင်ကျင့်သုံးသင့်သည့် အလေ့အထ ကောင်းများအကြောင်း ကို ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်..။ ယခု ဆက်လက် ဖေါ်ပြလို သည် မှာ ဘေး အန္တရာယ် ကင်းရှင်းရေး (Food Safety Module ) ဖြစ်ပါသည်။ ထို ကဏ္ဍတွင် ဆွေးနွေးထားသော အပိုင်းကဏ္ဍ မှာ ၁၀ ပိုင်း( 10 Element )ရှိပြီး အကြံပြုထားသည့် အလေ့အထ မှာ ၈၄ ချက် ( 84 Recommended Practices ) ရှိပါသည်။ ယခုဆောင်းပါးတွင် အပိုင်း (၁) (Element -1) မြေယာ သမိုင်းကြောင်း နှင့် ပတ်သက်၍ အကြံပြုလိုသော စိုက်ပျိုးရေး အလေ့အထကောင်း များ (4 Recommended Practices) ကို ဖေါ်ပြမည်ဖြစ်ပါသည်။
အပိုင်း (၁) မြေယာသမိုင်းကြောင်း နှင့်ပတ်သက်၍ ကျင့်သုံးရန် အကြံပြုလိုသော စိုက်ပျိုးရေး အလေ့အထ ကောင်း များ
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၁)
မစိုက်ပျိုးခင် မြေယာ တွင် ယခင်က အသုံးပြုခဲ့သော အန္တရာယ် ဖြစ်စေသည့် အဏုဇီဝပိုးများ နှင့် ဓာတု ပစ္စည်းများ ကြွင်းကျန် ခြင်းရှိမရှိသိရှိစေရန် သေချာစွာ စစ်ဆေးပြီး မှတ်တမ်း ထားရန်လိုအပ်ပါသည်။ ထိုစိုက်ပျိုးမြေ တွင်
၁။ တိရိစ္ဆာန် အညစ်အကြေး များတာရှည် သိုလှောင် ခဲ့ခြင်းရှိမရှိ။
၂။ တိရိစ္ဆာန် များ လွှတ်ကျောင်းခဲ့သောမြေနေရာ ဖြစ်နေခြင်း ရှိမရှိ။
၃။ လူတို့ ၏ အညစ်အကြေး များသိုလှောင် ထားသောနေရာ ၊သို့မဟုတ် ထိုလူ့အညစ် အကြေး ကို သန့်စင် မှုပြုထားသောနေရာ ဖြစ်ခဲ့ ခြင်းရှိမရှိ။
၄။ ရေဆိုးများ ကိုသိုလှောင်ထားသောနေရာ (သို့မဟုတ်) ရေဆိုးများကို သန့်စင်မှု ပြုသည့်နေရာ ဖြစ်နေခြင်းရှိမရှိ။
၅။ ဓာတု ပစ္စည်းများစွန့်ပစ်ထားသော နေရာ ဖြစ်နေခြင်း ဟုတ်မဟုတ်။
၆။ ယခင်က ထိုမြေတွင် စိုက်ပျိုးခဲ့သော သီးနှံ အတွက် ပိုးသတ်ဆေးများ ဖြင့် နှိမ်နင်းခဲ့ခြင်း ( ဥပမာ- ပုရွက်ဆိတ် လမ်းကြောင်း ကို ပိုးသတ်ဆေး တို့ဖြင့်တားဆီးခြင်း) ရှိမရှိ။
၇။ ကျင်း မြေဖြည့်ရန် အမှိုက်များ စွန့်ပစ်ခဲ့သော နေရာ ဖြစ်ခြင်းရှိမရှိ။
၈။ စက်ရုံ များအသုံးပြုခဲ့သော နေရာဟောင်းဟုတ်မဟုတ်။
၉။ စစ်မက်ဖြစ် ပွားခဲ့သောနေရာ ဖြစ်နေခဲ့ခြင်းရှိမရှိ..သေချာစွာ စုံစမ်းမှတ်တမ်း တင်ရန်လိုအပ်ပါသည်။
ထိုကဲ့သိုအတိတ်က ဖြစ်ရပ်ကို မှတ်တမ်း တင်ထားသလို ယခု လက်ရှိတွင်လည်း ထိုသို့သောအချက်များ ဖြစ်ပေါ်နေခြင်းရှိမရှိ … သေချာစွာ လေ့လာ စုံစမ်း မှတ်တမ်းတင်ရမည် ဖြစ်ပါသည် ။
မှတ်တမ်း တင်သည့် အခါတွင် လည်း မြေနေရာတည်ရှိမှု နှင့် ကြွင်းကျန်ခဲ့သော ၊ အဆိပ်အတောက် အမျိုးအစားကို တွဲဖက် မှတ်တမ်းတင်ရပါမည်။
ထို့အပြင် စိုက်ပျိုးရန်ရည် ရွယ်သော သီးနှံ နှင့် စစ်ဆေး မှတ်တမ်းယူခဲ့သော ရက်စွဲ ၊စစ်ဆေး ရာတွင်တွေ့ ရှိသော ရလဒ် ၊ စစ်ဆေးသောသူ၏ အမည် တို့ကို စနစ်တကျ မှတ်တမ်းပြုစုရပါမည်။
မှတ်တမ်း တင် ရမည့်ဇယား ပုံစံကို နောက်ဆက်တွဲ တွင် ဖေါ်ပြထားပါသည်။
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၂)
စိုက်ပျိုးမြေ တွင် တည် ရှိနေသော အဆိပ်အတောက် ကို အမျိုးအမည် မှန်ကန်စွာ လေ့လာ သုံးသပ် အမည် တပ်ရန်လိုပါသည်။ ထို့နောက် လတ်လတ် ဆတ်ဆတ် စားသုံးမည် ဟင်းသီးဟင်းရွက် များ မစိုက်ပျိုးသင့်ပါ။ ကြွင်းကျန်သော အဆိပ်အတောက် အညစ်အကြေး ကင်းဝေး သက်သာစေမည့် ကုစားမှုများကို ဆက်လက်ဆောင်ရွက်ရပါမည်။
အကယ်၍ မြေတွင် တည်ရှိကြွင်းကျန်နေသော အညစ်အကြေး အဆိပ်အတောက်သည် ထင်ရှားလွန်းပါက စိုက်ပျု်းခြင်းကို အလျင်စလို မလုပ်သင့်ပါ။ ကုစား မှုကို ဆောင်ရွက်ရန်အချိန်ယူရပါမည်။ သို့မဟုတ်… ထိုအဆိပ်အတောက် ကို လျော့ကျစေနိုင်မည့် သီးနှံကို မိမိ စိုက်လိုသော သီးနှံ အစား အစားထိုးစိုက်ပျိုးရပါမည်။
ဥပမာ။ တိရိစ္ဆာန်များ အလွန်အမင်းလွှတ်ကျောင်း ထားခဲ့သည့်နေရာဖြစ်ပါက မြေတွင်ကပ်ပေါက်သော လတ်လတ်ဆတ်ဆတ် စားသုံးသော သီးနှံ ကို မစိုက်ပျိုးခင် စားသုံးလို့ရသည့်သီးနှံအစိတ်အပိုင်းသည် မြေ နှင့် ဝေးကွာနေသော သီးနှံအမျိုးအစားကို ရွေးချယ် စိုက်ပျိုးရပါမည်။
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၃)
အကယ်၍ ကုစားသည့်နည်းလမ်းကို ကျင့်သုံးရန်လိုအပ်လာပါက ထိုကုစားသည့်ကျင့်ထုံးကိုလည်း အကဲဖြတ်မှတ်တမ်းပြုရမည်။ သီးနှံ တွင်ပါဝင်သော ဓာတု ဓာတ်ကြွင်း (သို့မဟုတ်) အဏုဇီဝပိုးကို အရင်စစ်ဆေးရပါမည်။ ကုစားပြီး ရလဒ်ကိုလည်းမှတ်တမ်းတင်ရပါမည်။
ကုစားသည့် ကျင့်ထုံးသည် ထို နယ်ပယ် တွင် ကျွမ်းကျင့်သည့်ပညာရှင် ၊ ပြုလုပ်နေကျ တာဝန်ရှိသည့်အဖွဲ့ အစည်း မှ လမ်း ညွှန်မှုဖြစ်ရပါမည်။သို့ မှသာ မြေပြုပြင်ရန်ကုစားသည့်ကျင့်ထုံးသည် အကျိုးရှိမည် ဖြစ်ပါသည်။ ဥပမာ အားဖြင့် အာလူးသည် ကက်ဒမီယမ် သတ္တု ကို လိုအပ်သည်ထက်ပိုမို စုတ်ယူမိခြင်းသည် မြေ သည် ချဉ်လွန်းခြင်း၊ အော်ဂဲနစ် ပစ္စည်းများပါဝင်မှုနည်းပါးနေခြင်း ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကုစားမှုမှာ မြေသို့ ထုံးထည့်ပေးခြင်းဖြင့်မြေဆီလွှာ ချဉ်ငံဓာတ် လျော့ပါး ၍ အော်ဂဲနစ် မြေသြဇာများထည့်သွင်းပေးခြင်းသည့်သင့်တော်သောကုထုံးပင်ဖြစ်ပါသည် ။ ထို့နောက် ပြုလုပ်ပြီးပါကလည်းမြေခဉ်ငံဓာတ် နှင့် ကက်ဒမီယမ် စုတ်ယူမှုလျော့ကျခြင်းရှိမရှိ စစ်ဆေးပေးရပါမည်။
ထိုသို့ ကုစားသည့်ကျင့်ထုံး နှင့် ဓာတ်ခွဲစစ်ဆေးသည့် အဖြေ မှတ်တမ်းများကိုလည်း အလေ့အထ (၁) နှင့်အတူ ဖြည့်စွက်ရမည့် ဇယားကို ဖြည့်စွက် မှတ်တမ်းပြုစုရပါမည်။ သိမ်းဆည်းထားရပါမည်။
ထောက်ခံထားသည့် ကျင့်သုံးသင့်သော အလေ့အထ (၄)
ဓာတု ဓာတ်ကြွင်း၊ အန္တရာယ်ဖြစ်စေသော အဏုဇီဝပိုးများ ဖြင့် ညစ်ညမ်းနေသော မြေ ၊ကို တည်နေရာ နှင့်တကွ လတ်လတ်ဆတ်ဆတ်စားသုံးရသော ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးရန်မသင့်တော်ကြောင်း ကိုလည်း မြေယာ ပိုင်ဆိုင်မှု မှတ်တမ်း တွင် ဖေါ်ပြထိန်းသိမ်း ထားရပါမည်။ မှတ်တမ်းတွင် ဖေါ်ပြထားသလို မြေပုံတွင်လည်းသိသာလွယ်အောင် အမှတ်အသားပြုရပါမည်။ မြေယာမှတ်တမ်းပြမြေပုံ ကို မူတည် ၍ စိုက်ပျိုးထုတ်လုပ်သင့်သည့်မြေနေရာ၊ ဓာတုပစ္စည်းသိုလှောင်ရမည့်နေရာ၊ မြေသြဇာ နှင့်မြေယာ ပြုပြင် သည့်ပစ္စည်း များသိုလှောင်ရန်နေရာ ၊ အဆောက်အဦးဆောက်မည့်နေရာ ၊ လမ်းဖေါက်မည့်နေရာ စသည်ဖြင့် သတ်မှတ် စီမံနိုင်မည် ဖြစ်ပါသည်။
အဆိပ်အတောက် ရှိနေသော မြေကို မြေပုံပေါ်တွင် သေချာ ထင်ရှားစွာ မှတ်သားရမည့်အပြင် တိကျသော အချက်အလက် ကိုလည်းတွဲဖက်ဖေါ်ပြရပါမည်။ သို့ မှသာ ထို မြေပုံသည် သင်နှင့်အတူ သင့်အလုပ်သမား များကို ပါတိကျသော ညွှန်ကြားချက်များ ပေးရန် အထောက်အကူပြုပါလိမ့်မည်။
ဆက်လက်ဖေါ်ပြပါမည်။
ဒေါက်တာမသစ္စာ
ဆက်စပ်မေးခွန်းများ
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ
ko htet • ဖြေကြားချက် 2 ခု
ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်
Myat lin Oo • ဖြေကြားချက် 1 ခု
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
UU Kyaw Gyi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026