လက်ပ်တိုစပိုင်ရိုးစစ် (Leptospirosis) ရောဂါဆိုတာဘာလဲ? ဘာကြောင့် သတိပြုရပါမလဲ?
• လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် လက်ပ်တိုစပိုင်ရာ (Leptospira Species) ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားသော တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါ (Zoonotic disease) ဖြစ်ကာ ကပ်ရောဂါအဖြစ်ရောက်ရှိသည်အထိ ဖြစ်ပွားနိုင်ပါတယ်။
• ရောဂါကူးစက်ခံရနိုင်ချေ ပိုမိုများပြားသူများမှာ- တိရစ္ဆာန်တို့၏ ဆီးနှင့် အညစ်အကြေးများ ရောနှောပါဝင်နေသည့်ရေများ (ညစ်ညမ်းသောရေများ) အတွင်း အလုပ်လုပ်ကိုင်ကြရနိုင်သူများဖြစ်သည့် တောင်သူလယ်သမားများ၊ မိုင်းတွင်းလုပ်သားများ၊ သန့်ရှင်းရေးလုပ်သားများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်သားများဖြစ်ပါတယ်။
• မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန်ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားလေ့ရှိပြီး ရေကြီးရေလျှံစဉ်ကာလများနှင့် မုန်တိုင်းတိုက်ပြီးချိန်တွင် ရောဂါကူးစက်ဖြစ်ပွားမှု သိသာစွာ ပိုမိုများပြားနိုင်ပါတယ်။
• ရောဂါကူးစက်ပုံကတော့- ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များ (ကြွက်၊ နွား၊ ဝက်၊ ခွေး၊ မြင်း၊ ကျွဲ၊ သိုး၊ ဆိတ် စသည်..)၏ ဆီးနှင့် အညစ်အကြေးများတွင် ပါဝင်သောရောဂါပိုးများသည် ရေမှတစ်ဆင့် ထိတွေ့သူ(လူ)များ၏ အရေပြား (အထူးသဖြင့် အနာနှင့် ပွန်းပဲ့ဒဏ်ရာများ)၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ဝင်ရောက်၍ ရောဂါကူးစက်ခြင်းခံရနိုင်ပါတယ်။
• ရောဂါလက္ခဏာတွေကတော့- ဖျားခြင်း၊ ချမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အရေပြားတွင် အနီစက်/အနီကွက်များထွက်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသားဝါခြင်းတို့ဖြစ်၍ အချိန်မီကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
• ရောဂါကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့- လယ်ယာလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လည်ရှည်ဖိနပ်၊ လက်အိတ်စသည့် အကာအကွယ်များဝတ်ဆင်ခြင်း၊ ခန္ဓာကိုယ် (အထူးသဖြင့် ခြေလက်များ)တွင် အနာများ၊ ပွန်းပဲ့ဒဏ်ရာများရှိပါက ရေလုံသော ပလာစတာများကပ်ထားခြင်း၊ မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန် ကာလများအတွင်း ရေလျှံနေသောနေရာများရှိ ရေအိုင်များ၌ ဆော့ကစားခြင်း/ ရေချိုးခြင်း/ ရေကူးခြင်းများကို ရှောင်ကြဉ်ခြင်း၊ ရေကို ကျိုချက်ပြီးမှသာသောက်သုံးခြင်း၊ စားကြွင်းစားကျန်နှင့် အမှိုက်သရိုက်များအား အဖုံးပါသော အမှိုက်ပုံးအတွင်း လုံခြုံစွာ စွန့်ပစ်ခြင်းတို့ဖြစ်ပါတယ်။
• လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟု အတည်ပြုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်ပြသ၍ ဓာတ်ခွဲစစ်ဆေးရန် လိုအပ်ပါတယ်။
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါကို သိရှိကာကွယ်ဖို့နဲ့ နီးစပ်ရာကျန်းမာရေးဌာနမှာ စောစီးစွာ အချိန်မီ ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။
Source- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....