မှိုကို အလွန်အကျွံမစားသင့်
မှိုဟုပြောရာတွင် သဘာဝမှိုနှင့် လူတို့ပြုပြင်ထားသောမှိုဟူ၍ နှစ်မျိုးနှစ်စားရှိပြန်ရာ စား၍ရသောမှိုနှင့် စား၍ မရသောမှိုတို့ကို ခွဲခွဲခြားခြားသိပြီးမှ စား၍ရသောမှိုကို ချက်ပြုတ်စားသောက်ရ၏။ စားမရေသာမှိုကိုစားမိလျှင် စားသူကို အသက်သေဆုံးသွားသည်အထိ ဒုက္ခပေးနိုင်၏။
အထူးသဖြင့် ကျေးလက်ဒေသများနှင့် တောထဲတောင်ပေါ်ဒေသများ၌ နေထိုင်သွားလာကြသူများသည် သဘာဝမှိုများကို အရမ်းမစားသင့်ပေ။
စား၍ရသောသဘာဝမှိုများတွင် ကောက်ရိုးမှို၊ မြက်ကြားမှို၊ တောင်ပို့မှို၊ မှိုဦးနက်၊ မှိုဖြူစသည့် စားသောက်ရသောမှိုများရှိသကဲ့သို့ ခွေးလှေးမှို၊ ကြက်ခူမှို၊ သဲမှို၊ မှိုကွန်ခြာ၊ သစ်ကြားမှို၊ နွားချေးမှို စသည့် မစားရသော မှိုများစွာရှိသည်။ မစားရသောမှိုများကို စားမိလျှင် အသက်ဆုံးသည်အထိ ဒုက္ခပေးနိုင်သောကြောင့် မှိုအကြောင်းကိုမသိဘဲ စားကောင်းသော မှိုလား၊ စား၍မရသော အဆိပ်ရှိမှိုလားဆိုသည်ကို ခွဲခွဲခြားခြားမသိဘဲ မှိုကို အရမ်းမစားသင့်ပေ။
အဆိပ်ရှိသောမှို (မစားရသောမှို) များကို သိနိုင်သော လက္ခဏာများ ရှိသည်။ မှိုများ၏ အရိုးကို လက်ဖြင့် ခြေကြည့်ပါ။ ကြေလျှင် ယင်းမှိုမှာ မစားကောင်းပါ။ မှိုကို ခြေကြည့်၍ နို့နှစ်ရည်ကဲ့သို့ ဖြူဖြူအရည်များထွက်လာလျှင်လည်း မစားရပါ။ ပိုးရှိသည့်မှို၊ ဆွေးနေသည့်မှိုများမှာ အမှည့်လွန်နေသည့် အသီးမျာကဲ့သို့ပင် အဆိပ်အတောက်ဖြစ်တတ်ပါသည်။ ကန်စွန်းရွက်ထည့်ချက်ကြည့်၍ စား၍ရသော မှိုလော (သို့မဟုတ်) အဆိပ်မှိုလော ဆိုသည်ကို သိနိုင်သည်။ (ကန်စွန်းရွက်ထည့်ချက်လိုက်လျှင် ဟင်းရည်အရောင်ပြောင်းကာ ညစ်ပုပ်ပုပ်ဖြစ်သွားပါက အဆိပ်မှိုဖြစ်သည်ဟု အချို့က ပြောကြသည်)။ လေ့လာသူတို့က ကန်စွန်းရွက်သည် အဆိပ်အတာက်ပြေကြောင်း ပြောကြသည်။
အဆိပ်အတောက်ဖြစ်လာသည့် လက္ခဏာများမှာ အစာစာပြီး များမကြာမီ
(၁) လည်ချောင်းမှာ တစ်ဆို့ဆို့ ဖြစ်လာမည်။ ရေငတ်လာမည်။
(၂) ဗိုက်အောင့်ဗိုက်နာဖြစ်လာမည်။
(၃) အန်လာမည်။
(၄) ပျို့လာမည်။
(၅) ဝမ်းလျောမည်။
(၆) အသားအရေပြာနှမ်းလာမည်။
(၇) သွေးခုန်နှုန်းအတိုး/ အလျော့ ဖြစ်လာမည်။
(၈) အသက်ရှုမြန်လာမည်။ ပြင်းထန်လာမည်။
အဆိပ်သင့်လက္ခဏာများတွေ့လျှင် အစာများ ပြန်အန်ထွက်ရန် ဆားရည်ကို များများသောက်ပြီး အစာကို အန်ထုတ်ပစ်ပါ။ လူနာကို နွေးနွေးထွေးထွေးထားပါ။ ဆေးရုံဆေးခန်းနှင့်ဝေးလျှင် ဝမ်းနှုတ်ဆေးကို တိုက်ပါ။ ဆူဆေးရလျှင် ပိုကောင်း၏။ လူနာသက်သာလာလျှင် ဟောလစ်၊ နွားနို့၊ ကော်ဖီ၊ သစ်သီးဖျော်ရည်စသော အစာနုနုကို တိုက်ကျွေးပါ။
မြသိန်း(လယ်ယာစီးပွားဂျာနယ်)
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....