ဗီတာမင်စီကြွယ်ဝတဲ့ ရှောက်ချိုသီး
ရှောက်မျိုးရင်းဝင်အပင်ဖြစ်ပြီး မူရင်းဒေသမှာ ဖိလစ်ပိုင်နှင့် အရှေ့တောင်အာရှနိုင်ငံများပင်ဖြစ်သည်။ မိုးနှောင်းပိုင်းတွင် စတင်သီးပြီး ဆောင်းရာသီတွင် ရင့်မှည့်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ကဲ့သို့ တောင်ပေါ်ဒေသတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ အခွံကျစ်ကာ အရည်ရွှမ်းပြီး အနံ့မွှေးသော ရှောက်ချိုသီးရဲ့ ဆေးဖက်ဝင်မှုအချက်တွေကလည်း အံ့မခန်းပါပင်။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သောအာဟာရဓာတ်များသည် နာတာရှည်ရောဂါဖြစ်ပွားနှုန်းအချို့ကို လျော့နည်းစေသောကြောင့် လတ်ဆတ်သော သစ်သီးများကို ကျန်းမာရေးအရ စားသုံးပေးသင့်သည်။ ရှောက်ချိုသီးဖျော်ရည်ကို ပုံမှန်သောက်ပေးခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရော များခြင်းတို့ကို လျော့ချပေးနိုင်သည်။
ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့အတွက် ပြင်းထန်စွာနာကျင်မှုဝေဒနာကို ဖြစ်စေသည့် ဂေါက်ရောဂါဖြစ်ပွားမှု့ အဆင့်ကိုလည်းလျော့ချပေးနိုင်သည်။ ဂေါက်ရောဂါသည် အသက် ၄၀ ကျော်အရွယ်အမျိုးသားများတွင် အဖြစ်များလေ့ရှိပေသည်။ အလေးချိန်များသူများတွင်လည်း တွေ့ရှိရတတ်ပါသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်မှုဖြစ်စေရန် ဗီတာမင်စီပါသော အစားအစာများကို စားသုံးသင့်ပေသည်။
ရှောက်ချိုသီးကို စားသုံးရခြင်းအကြောင်းအရင်းများတွင် သဘာဝသစ်သီးမှရရှိသော ဗီတာမင်စီသည် ဓာတုဗေဒ ဗီတာမင်စီထက် ပိုမိုအာနိသင်မိစေသည့်အတွက်ကြောင့်လည်းဖြစ်သည်။ ဗီတာမင်စီဖွဲ့စည်းမှု သဘာဝဓာတ်များသည် ဆီးချို၊ သွေးချိုတို့ကို ဖြစ်ပေါ်စေသော တစ်ရှူးပျက်စီးမှုကို ကာကွယ်နိုင်ပြီး သွေးတွင်းမြင့်တက်နေသော အချိုဓာတ်တို့ကိုလည်း လျော့ချပေးနိုင်သည်။ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားစေခြင်းတို့ကိုလည်းလျော့နည်းစေနိုင်သည်ဟုလည်း သိရပါသည်။
အစိမ်းရောင်လမ်းပရိတ်သတ်များလည်း ရှောက်ချိုသီးကိုစားပေးခြင်း၊ ဖျော်ရည်တစ်ခွက်ကို သောက်ပေးခြင်းဖြင့် သဘာဝအာဟာရဓာတ်များကို ရယူလိုက်ပါ။
နည်းပညာများကို ကျော်တင့်ဆွေ၏ “သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026