ထင်းရှူးရွက်ရေနွေးကြမ်းရဲ့ ကျန်းမာရေးအာနိသင်
ထင်းရှူးပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
ထင်းရှူးရွက်ရေနွေးကြမ်း
လတ်ဆတ်တဲ့ ထင်းရှူးရွက်လေးတွေကို ရေသေချာစင်အောင် ဆေးပြီး ရေစစ်ထားပါ။ ပြီးရင် ရေနွေးဆူဆူကို ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် ထင်းရှူးရွက်ကို သင့်တော်သလောက် ထည့်ပြီး ခဏ သိမ်ထားပါ။
ပြီးရင်တော့ ရေနွေးကြမ်းလေးလို သောက်လို့ ရပါပြီ။
ထင်းရှူးရွက် ရေနွေးကြမ်း သောက်တဲ့အခါ
ထင်းရှူးရွက်ရေနွေးကြမ်း သောက်တဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဗီတာမင် C ကြွယ်ဝတယ်
ထင်းရှူးရွက် ရေနွေးကြမ်းမှာ လိမ္မော်သီး ဖျော်ရည်ထက် ဗီတာမင် ၄ ဆ ကနေ ၅ ဆကျော်လောက် ပိုများများ ပါဝင်နေပါတယ်။ ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အမြင်အာရုံ ကျန်းမာစေနိုင်တယ်
ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A ရော ဗီတာမင် C ပါ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အမြင်လွှာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အသက်ရှုလမ်းကြောင်း ကျန်းမာစေတယ်
အသက်ရှူ လမ်းကြောင်း ကျန်းမာပြီး ချောင်းဆိုး၊ ရင်ကြပ်တာနဲ့ လေပြွန်ရောင်တာတွေ သက်သာစေဖို့ ဆိုရင် ထင်းရှူးရွက် ရေနွေးကြမ်း ကို သောက်သုံးပေးလို့ ရပါတယ်။ နှာစေးနှာပိတ်တာ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
ကိုယ်အလေးချိန် ထိန်းပေးတယ်
ထင်းရှူးရွက်ရေနွေးကြမ်းက အဝလွန်တာမျိုး ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဝိတ်ကျစေဖို့လည်း ကူညီပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာက ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်
ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
နှလုံး ကျန်းမာစေနိုင်တယ်
ထင်းရှူးရွက်ရေနွေးကြမ်းရဲ့ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတစ်ရပ်က သွေးတွင်းကိုလက်စထရောကိုကျစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာပါ။ နှလုံးသွေးကြောရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
သိမြင်မှု စွမ်းရည် ကောင်းစေနိုင်တယ်
ထင်းရှူးရွက်ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အာရုံကြောတွေကို ကျန်းမာစေပြီး သိမြင်မှု စွမ်းရည် ကျဆင်းတာမျိုးမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ကဲ …….ထင်းရှူးရွက်ရေနွေးကြမ်း က သောက်လည်း သောက်လို့ရသလို အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။
Hello ဆရာဝန် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026