ဗိုင်းရပ်စ်ရောဂါတွေအတွက်ကောင်းတဲ့ ချဉ်စော်ကားသီး
Cydonia oblonga Mill.(Quince)
Pseudocydonia sinensis C.K.Schneid.....(Chinese quince)
Family : Rosaceae
ချဥ်စော်ကားသီးနဲ့ ပတ်သက်ပြီး Wikipedia ဝီကီပီးဒီးယားမှာ ရေးသားထားချက်များကို ကူးယူဖော်ပြပေးလိုက်ပါသည်။
ချဥ်စော်ကားသီး ၂ မျိုးကို ဂူဂဲလ်မှာဖော်ပြထားသည်။ ချဉ်စော်ကားသီး၏ အရပ်အမည်မှာ Quince ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cydonia oblonga ဖြစ်သည်။ နွေးသမရာသီဥတုရှိသော အာရှတိုက်အနောက်တောင်ပိုင်းဒေသများဖြစ်သော ဥရောပတိုက်နှင့် အာရှတိုက်နယ်ကြားဒေသများသည် ချဉ်စော်ကားသီး၏ဇာတိနေရာဖြစ်သည်။ အပင်မှာငယ်ပြီး မီရာသီအလိုက် အရွက်ကြွေမျိုးဖြစ်သည်။ အပင်သည် ၅မီတာမှ ၈ မီတာအတွင်းမြင့်ပြီး ၄ မီတာမှ ၆ မီတာအထိ အဝန်းကျယ်သည်။ အသီးမှာ ပန်းသီး၊ သစ်တော်သီးများနှင့်ဆင်တူသည်။ အသီးရင့်မှည့်သောအခါတွင် အဝါရင့်ရောင်တောက်တောက်ဖြစ်သည်။ အသီးသည် ရင့်မှည့်ချိန်တွင် ၇ စင်တီမီတာမှ ၁၂ စင်တီမီတာအတွင်းရှည်လျားပြီး ၆ စင်တီမီတာမှ ၉ စင်တီမီတာထိ ကျယ်သည်။
ချဉ်စော်ကားသီး
အသီးမရင့်မှည့်မီတွင် အစိမ်းရောင်ရှိပြီး အဖြူရောင်သမ်းသော မီးခိုးရောင်အမွှေးနုလေးများပါရှိသည်။ ဆောင်းဦးကုန်တွင် အသီးရင့်မှည့်လာပြီးနောက် အမွေးနုများမရှိတော့ဘဲ အသီးမှာ အဝါရောင်ပြောင်းကာ မာကျောသည်။ မွှေးမြသောအသားရှိသည်။ အရွက်များသည် အစိမ်းရောင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၁ စင်တီမီတာအထိ ရှည်လျားသည်။ အရွက်တွင် အမွေးနုလေးများပါရှိသည်။
နွေဦးပေါက်ရာသီတွင် အရွက်နုအသစ်များထွက်ပေါ်လာပြီးနောက် အဖြူရောင် (သို့မဟုတ်) ပန်းရောင်ရှိသော အပွင့်များပွင့်လာကြသည်။ ပန်းပွင့်သည် ပွင့်ဖတ် ၅ခုပါရှိပြီး ၅ စင်တီမီတာဗြက်ကျယ်သည်။ အသီးစားအပင်ဖြစ်သည်။ ချဉ်စော်ကားသီးပင်၏ မျိုးစိတ် Cydonia ၏ မျိုးကွဲများမှာ တရုတ်နိုင်ငံ ဇာတိဖြစ်သော Chinese Quince (Pseudocydonia sinensis) နှင့် အာရှတိုက်အရှေ့ဘက်ပိုင်းဇာတိဖြစ်ကြသော ပန်းပွင့်သောအပင်မျိုး ၃ မျိုး တို့ဖြစ်ကြသည်။
ကမ္ဘာပေါ်တွင် တူရကီနိုင်ငံမှာ တစ်ကမ္ဘာလုံးထုတ်လုပ်သော ချဉ်စော်ကားသီး၏ ၄ ပုံ ၁ ပုံကိုထုတ်လုပ်နိုင်ပြီး ချဉ်စော်ကားသီးထုတ်လုပ်နိုင်မှု အမြင့်မားဆုံးတိုင်းပြည်ဖြစ်သည်။ ချဉ်စော်ကားသီးအပင်မှာ ရေခဲသည့်ဒေသများတွင်လည်း ခံနိုင်ရည်ရှိပြီး ၇ ဒီဂရီထက်နည်းသော ရာသီဥတုတွင်သာ ပန်းကောင်းကောင်းပွင့်နိုင်သည်။
အပင်မှာ အစေ့မှ ကိုယ်တိုင်မျိုးပွားနိုင်သည်။ ကိုင်းဖြတ်ဆက်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အသီးရင့်မှည့်လာလျှင် အသားမှာ ပျော့ပြောင်းသွားသော်လည်း အသီးကိုမမှည့်မီ နှင်းမကျမီ ပူနွေးသည့်ရာသီတွင် ခူးဆွတ်စားသုံးရန်သာ အကောင်းဆုံးဖြစ်သည်။ ချဉ်စော်ကားသီး၏အသားမှာ များသောအားဖြင့်မာကျောသောကြောင့် သစ်သီးယိုပြုလုပ်စားသုံးကြသည်။ ချဉ်စော်ကားသီးကို အချိန်ကြာမြင့်စွာ ချက်လိုက်လျှင် အနီရောင်သို့ပြောင်းသွားသည်။
မြန်မာနိုင်ငံတွင် အေးသည့်ရာသီဥတုရှိသော တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။ ချဉ်စော်ကားသီးကို ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့်ရောနယ်ကာ အချဉ်ထုပ်၊ အချဉ်ပေါင်း အဖြစ်စားသုံးကြသည်။ ချဉ်စော်ကားသီးအခြောက်ကို ငရုတ်သီးစိမ်းဖြင့်ရောချက်ကာ ချဉ်စပ်ဟင်းရည်အဖြစ်စားသုံးကြသည်။
ဆေးဖက်ဝင်ခြင်း
အသီးသည် မာကြောသည်။ ချုပ်စေသော သတ္တိ astringent ရှိသည်။ အလှစိုက်အပင်အဖြစ် ဥရောပတောင်ပိုင်းတွင် စိုက်ကြသည်။ တရုတ်ရိုးရာဆေးပညာမှာ အသီးကို အဆစ်အမြစ်ရောင်သော rheumatoid arthritis (termed as "damp bi syndrome") ရောဂါကုသရာမှာ သုံးသည်။
မကြာသေးမီက လေ့လာတွေ့ရှိချက်အရ အသီးကနေ စစ်ထုတ်ထားသော extracts of phytochemicals တွေမှာ antioxidant and antiviral properties (virus ကို ဆန့်ကျင်စေသော ဂုဏ်သတ္တိ) များ ရှိနေတာကိုသိရသည်။ ဒီအတွက်ကြောင့် လက်ရှိ ကြုံတွေ့နေရသော ကပ်ရောဂါအတွက် ချဥ်စော်ကားသီးဖြင့် လေ့လာစမ်းသပ်မှုများပြုလုပ်နေတာ ဖြစ်ပါသည်။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026