ချင်း(ဂျင်း)စိမ်း
မြန်မာအမည် - ချင်း (ဂျင်း)
အင်္ဂလိပ်အမည် - Ginger
ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာပြည်နေရာအနှံ့အပြား၌ စိုက်ပျိုးဖြစ်ထွန်းသည်။
ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။
စိုက်ပျိုးပုံ-
(က) မြေပြုပြင်ခြင်း။ ။ ပွသောမြေမျိုး အောက်သို့နက်ရှိုင်းစွာ အမြစ်ဆင်းနိုင်သော မြေမျိုးဖြစ်သင့်၏။ တန်ခူးလလောက်တွင် စိုက်ခင်းမြေကို ညက်အောင်ထွန်ယက်ပြုပြင်၍ မြေသြဇာထည့်ပြီးနောက် တစ်လခန့်အကြာတွင် နယုန်လဆန်းလောက်တွင် ဒုတိယအကြိမ် ထယ်ရေးဝင်ရသည်။ ရေမဝပ်စေရန် ဆောင်ရွက်ပြုပြင်ပေးရမည်။
(ခ) မြေချစိုက်ခြင်း။ ။ မြေပြန့်တွင် စိုက်ပျိုးခြင်း၊ အတက်ကို အဖျားများ တစ်ဖူးစီပါအောင် ဖဲ့၍ စိုက်ရသည်။ ၁၈ လက်မမှ ၃၆ လက်မ အကွာတန်းများ၌ တစ်ပင်နှင့်တစ်ပင် ၉ လက်မစီ အကွာထားပြီး အနက် ၂ လက်မခန့်မြှပ်၍ စိုက်ရမည်။
(ဂ) ပြုစုဂရုစိုက်ခြင်း။ ။ မြေပြုပြင်စဉ် မြေတစ်ဆတွင် ပြာပိဿာ ၃၀နှင့် နှမ်းဖတ်ပိဿာ ၃၀ ရော၍ထည့်ခဲ့သော် ပိုမို၍များပြားစွာဥတတ်၏။ မြေဆွေးကိုမူ စိုက်ပြီးစတွင် တစ်ကြိမ်၊ အပင်ရှင်သန်ကြီးထွားလာပြီးနောက် အပင်ရင်းတွင် တစ်ကြိမ်၊ နှစ်ကြိမ် ထည့်သင့်သည်။ တောင်ယာများတွင် စိုက်ပျိုးသည့်အခါ သဘာဝမြေသြဇာထက်သန်သည့်အလျောက် တောင်ယာမီးရှို့ပြီး မြေများပေါ်တွင် မြေကို အနည်းငယ်ဆွ၍ အတက်များ ၁၈ လက်မကွာစိုက်ပျိုးရသည်။
(ဃ) စုဆောင်းသည့်အချိန်။ ။ တပို့တွဲ၊ တပေါင်းလောက်တွင် အပင်များသည် ဥများဥပြီး၍ သဘာဝအလျောက် အပင်ကျသွားချိန်တွင် တူးဖော်ရသည်။
အသုံးပြုသည့်အစိတ်အပိုင်း။ ။ ချင်းတက်။
အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ ချင်းစိမ်းသည် ချိုခါးသောအရသာရှိ၏။ အေးသော သတ္တိရှိ၏။ နှုတ်ကိုမြိန်စေ၏။ ကြေကျက်လွယ်၏။ ဝမ်းမီးကို တောက်စေ၏။ သလိပ် သည်းခြေ ဒေါသကိုနိုင်၏။ ဆီးဝမ်းကိုရွှင်စေ၏။ အဆိပ်ကို နိုင်၏။ အသံနာ၊ ရင်နာ၊ လေနာတို့ကို နိုင်၏။ ပြင်းထန်သော အနာပေါက်ခြင်းနှင့် ထိခိုက်မှုတို့ကြောင့်ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ-
ဥအတက် ၁။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချောင်းဆိုး၊ ပန်းနာရင်ကျပ် ပျောက်၏။
၂။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ရသော အရည်ကို သင့်လျော်အောင်ရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းပျောက်၏။
၃။ ချင်းစိမ်းနှင့် ပင်စိမ်းရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့်သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏။
၄။ ချင်းစိမ်းသတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏။
၅။ ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့် ကျို၍ရသောဆီကို အဆစ်အမျက် ရောင်ရမ်းသော နေရာ၌ လိမ်းပေးသော် အဆစ်အမျက်ကိုက်ခြင်း၊ ရောင်ရမ်းခြင်း ပျောက်၏။
၆။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင်ငုံထားပါက သွာကိုက်ခြင်း၊ သွားနာခြင်း ပျောက်၏။
၇။ ချင်းစိမ်း၊ ထန်းလျက်နှင့်ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏။ အစာကြေစေ၏။ သားဖွားမိခင်များအတွက် သွေးသား စင်ကြယ်စေသည်။
ချင်းစိမ်းကို ဟင်းလျာများထဲတွင် ထည့်ချက်လေ့ရှိသောအခါ အနံ့မွှေးပြီး အရသာပိုမိုကောင်းမွန်စေတဲ့အတွက် အိမ်ရှင်မတော်တော်များများ ထည့်ချက်လေ့ရှိကြပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေသောချင်းစိမ်းကို ကျန်းမာရေးအရ စာသုံးပုံပါတင်ပြရင်း အိမ်နောက်မှာပဲစိုက်ပျိုးစားသုံးနိုင်အောင် စိုက်ပျိုးနည်းပါ ဖော်ပြပေးလိုက်ပါတယ်။
မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026