သင်္ဘောမဲဇလီ
“မင်းပွေးတွေကို သင်္ဘောမဲဇလီနဲ့ နာနာပွတ်ပေးလိုက်ပါ….ပျောက်သွားလိမ့်မယ်" ဦးလေးပြောသံကို ကြားယောင်မိသည်။ ပွေး၊ ဝဲကို ပျောက်ကင်းစေနိုင်ကြောင်း ပွေးသတ်ဆေးပင်ဟု လူသိများသည်။
ဝမ်းပျော့ပျော့သွားစေရန် အရွက်၊ အဖူး၊ အပွင့် မီးကင်၍ တို့စားကြသည်။ အခြောက်လှန်း၍ လက်ဖက်ခြော်အဖြစ် သောက်ကြသည်။ သင်္ဘောမဲဇလီနှင် ပတ်သတ်၍ ပြောမဆုံးပေါင် တောင်သုံးတောင်ဟု ဆိုရမတတ် ရေးစရာများလှပေသည်။
သင်္ဘောမဲဇလီကို မဲဇလီကြီးဟုလည်းခေါ်သည်။ ပင်လတ်မျိုးဖြစ်သည်။ ပင်စည်စိမ်း၍ ချောမွေ့သည်။ အကိုင်းအသင့်အတင့် များသည်။ အပွင့်အခိုင်လိုက်ပွင့်သည်။ လိမ္မော်ဝါရောင် ရှိသည်။ ပွင့်ဖတ်ကြောများ ထင်ရှားသည်။
အသီးသည် အက်ကွဲသီးဖြစ်သည်။ သီးတောင့်ဖြောင့်သည်။ ပြောင်ချောသည်။ အစေ့ ၅၀ ကျော်ပါသည်။
မြန်မာနိုင်ငံအနှံ့ သဘာဝအလျောက် ပေါက်ရောက်သည်။ အလှအပနှင့် ဆေးဖက်ဝင်အပင်အဖြစ်လည်း စိုက်ပျိုးကြသည်။
အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ သင်္ဘောမဲဇလီစေ့သည် ဖန်၏။ လေကိုပယ်တတ်၏။ ချောင်းဆိုးခြင်း၊ ပန်းနာ၊ ပွေးနာ၊ အရေပြားရောဂါတို့ကို ပျောက်ကင်းစေ၏။ ပိုးကိုသေစေနိုင်၏။ ပဥ္စငါးပါးသည် ဝမ်းသက်သာစေ၏။ သလိပ်ပါ၏။ ဆီးများစေ၏။ နူနာကို ပျောက်ကင်းစေ၏။ အပူကို ငြိမ်းစေ၏။ ဝမ်းကို မှန်စေသည်။ သွေးလေကို မှန်စေသည်။ အစာကြေခြင်း၊ ပိုးကိုနိုင်ခြင်း သတ္တိရှိသည်။
အသုံးပြုပုံ
- အသက်ရှူပြွန်ချောင်း ရောင်ရောဂါနှင့် ပန်းနာရောဂါတို့တွင် အဖူးနှင့် အရွက်တို့ကို ပြုတ်သောက်ပါက သက်သာပျောက်ကင်းစေသည်။
- ဝဲနာ၊ နူနာများအတွက် အရွက်ကို ထောင်း၍ တမာရွက်ရည်ဖြင့် ရောလိမ်းပေးသော် ပျောက်ကင်းနိုင်၏။
- နှင်းခူကြီးအနာ၌ အရွက်ကို သံပုရာရည်ဖြင့် ကြိတ်၍ လိမ်းပေးခြင်း၊ ယင်းပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။
- ချောင်းခြောက်ဆိုးသော ရောဂါ၌ သင်္ဘောမဲဇလီရွက် မုယားကြီးရွက်ရောပြီး မြုံ့ပေးခြင်း၊ အရည်ကို မျိုချပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။
- ခံတွင်း၌ အနာအဖုပေါက်ခြင်း၊ ရောင်ရမ်းခြင်းများအတွက် အရွက်ကို ခပ်ကျကျပြုတ်၍ ခပ်နွေးနွေးငုံပေးရ၏။
- အဆိပ်ရှိသော သတ္တဝါများကိုက်သောနေရာ၌ အရွက်ကိုကြိုတ်၍ အုံပေးခြင်းဖြင့် အဆိပ်ပြေစေ၏။
- ပွေး၊ ဝဲ၊ နှင်းခူစသော အရေပြားရောဂါများ၌ အရွက်ဖြင့် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် မှန်မှန်ပွတ် တိုက်ပေးရမည်။ ရက်အတန်ကြာပွတ်တိုက်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။
- အသားအရေ ဝဖြိုးပြီး သွေးသားစင်ကြယ်စေရန်နှင့် အားအင်တိုးစေရန် အရွက်မှုန့်ကို ပျားရည်ဖြင့် တေး၍ လျှက်ပေးရ၏။
- အရေပြားရောဂါ၌ အပွင့်ကို ညက်ညက်ကြိတ်၍ လိမ်းပေးရ၏။
- ပွေးနာအတွက် လက်ချားမှုန့်၊ ဖန်ခါးသီးမှုန့်ကို သင်္ဘောမဲဇလီမြစ်သွေးရည်နှင့် ဖျော်လိမ်းပေးလျှင် ပျောက်ကင်း၏။
- လူပျိုနာများအတွက် အရွက်ကြိတ်ညှစ်ရည်ဖြင့် လိမ်းပေးလျှင် ပျောက်ကင်းနိုင်၏။
ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာ နှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....