လွန်စွာစားသုံးခြင်းကြောင့် ကျောက်ကပ်ကိုထိခိုက်စေနိုင်သောအစားအစာများ
သင့်ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများ၊ အဆိပ်အတောက်များနှင့် သွေးတွင်းရှိပိုလျှံနေသော အရည်များကိုဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က တာဝန်ယူထားပေးရတာကြောင့် ကျောက်ကပ်ကျန်းမာရေးကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားရပါတယ်။
သင့်ရဲ့ကျောက်ကပ်က ကျန်းမာနေမှလည်း သင်လည်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတယ်ဆိုပေမယ့်လည်း ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာများကို လွန်စွာစားသုံးခြင်းကိုရှောင်ကြဉ်ဖို့တော့ လိုပါလိမ့်မယ်။
ထောပတ်သီး
ထောပတ်သီးမှာ အာဟာရဓာတ်များပေါကြွယ်ဝစွာပါဝင်ပေမယ့် အလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သင့်မှာ ကျောက်ကပ်နဲ့ပတ်သတ်တဲ့ရောဂါခံစားနေရမယ်ဆိုရင် ပိုဆိုးနိုင်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ထောပတ်သီးမှာ ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်လို့ပဲဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က ပိုတက်စီယမ်ဓာတ်ကို လိုအပ်တယ်ဆိုပေမယ့်လည်း သွေးထဲမှာ ပိုတက်စီယမ်ဓာတ်များပြားတဲ့အခါ နှလုံးခုန်မမှန်ခြင်း၊ မကြာခဏ ကြွက်တက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
အသားများ
အစာအုပ်စုများကို ညီညွှတ်မျှတစွာ စားသုံးရမယ်လို့ ငယ်ရွယ်စဉ်အခါက သင်ယူခဲ့ဖူးပါလိမ့်မယ်။ တကယ်လို့ အသားချည်းပဲ အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ အသားထဲမှာပါတဲ့ ပရိုတင်းဓာတ်များကို အလွန်အကျွံစားသုံးမိတဲ့အခါ သင့်ခန္ဓာကိုယ်က မချေဖျက်နိုင်တော့ပဲ အညစ်အကြေးအဖြစ်စုပုံသွားပြီး ကြာလာတဲ့အခါ ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားတတ်ပါတယ်။
ဆား
အငန်ဓာတ်အလွန်အကျွံစားသုံးတဲ့အခါ ပိုလျှံနေတဲ့ ဆိုဒီယမ်ဓာတ်ကို ဖယ်ရှားဖို့အတွက် ကျောက်ကပ်က ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရပါတော့တယ်။ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆား စားသုံးမှုကိုလည်း လျော့ချသင့်သလို သွားရေစာမုန့်များ၊ ပီဇာစတဲ့ အစားအစာများကိုလည်း လျော့စားသင့်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးမှာလည်း ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ကပ်ကျန်းမာရေးကိုစဉ်းစားတဲ့အနေနဲ့ ငှက်ပျောသီးကို အလွန်အကျွံမစားသုံးသင့်ပါဘူး။
နို့ထွက်ပစ္စည်းများ
နို့နှင့် နို့ထွက်ပစ္စည်းများထဲမှာ ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ နို့၊ ဒိန်ခဲနှင့် ဒိန်ချဉ်တို့ကို အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ထိုအစားအစာထဲမှာပါဝင်တဲ့ ဖော့စဖောရပ်ဓာတ်က ကျောက်ကပ်ကို အလုပ်ပိုလုပ်ရအောင် ခိုင်းစေတတ်ပါတယ်။
Source- My Food Myanmar
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026