နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ
ဟိုးယခင်ကမူ မိသားစုဝင်အားလုံး ဝိုင်းဖွဲ့ကာ မြန်မာအသံမှလွှင့်သော ဓာတ်ပြားသီချင်းကို နားထောင်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ရေဒီယိုတစ်လုံးကို တစ်မိသားစုလုံး စုပေါင်းနားထောင်စရာမလိုတော့။ မိမိကြိုက်နှစ်သက်သော သီချင်းကို မိမိဘာသာ စိတ်ကြိုက်နားထောင်နိုင်ပြီ။ မိမိတစ်ဦးတည်းသာ သီးသန့် နားကြပ်လေးတပ်ဆင်ကာ နားထောင်နိုင်ပြီ။ လူကြီးမိဘတို့ မကြိုက်နှစ်သက်သော Hip Hop Music ကိုလည်း စိတ်တိုင်းကျနားထောင်နိုင်ပြီ။ နားကြပ်လေးတပ်ဆင်ထားလိုက်သည်။ ဘေးလူကိုလည်း အနှောင့်အယှက်မဖြစ်။ ယနေ့ခေတ်တွင် ဇိမ်ခံပစ္စည်းများထဲမှတစ်ခုကား နားကြပ်တပ်ဆင်ကာ သီချင်းနားထောင်ခြင်းဖြစ်သည်။
သို့သော် နားကြပ်ကို ကြာရှည်သုံးစွဲပါက ဆိုးကျိုးများရှိသည်။ နားကြပ်ရောင်းချသော ကုမ္ပဏီများကား နားကြပ်တွင် ဘေးတွက်ဆိုကျိုးများမရှိဟု ကြော်ငြာသည်။ သို့သော် အသုံးပြုသူအပါ်မူတည်၍ ကျန်းမာရေးထိခိုက်မှု အနည်းအများရှိလေသည်။ နားထဲကို နားကြပ်ထိုးထည့်လိုက်လျှင်ပင် နားထဲသို့ဝင်သော လေလမ်းကြောင်း ပိတ်ဆို့သွားသည်။ လေအဝင်အထွက် မရှိလျှင် နားပိုးဝင်ခြင်းများ ဖြစ်တတ်သည်။ နားပိုးဝင်ခြင်းကား လေလမ်းကြောင်းပိတ်ဆို့မှုအပြင် နားကြပ်များမသန့်ရှင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
နားကြပ်အသုံးပြုသူများတွင် နားပိုးဝင်ခြင်း ပိုမိုဖြစ်ပွားသည်။ လူတစ်ဦးနှင့်တစ်ဦး မည်မျှရင်းနှီးပါစေ နားကြပ်ကို ငှားရမ်းသုံးစွဲခြင်း လုံးဝမပြုလုပ်ရ။ နားပိုးဝင်ခြင်းကား လူတစ်ဦးမှ တစ်ဦးဆီသို့ နားကြပ်မှတစ်ဆင့် ကူးစက်တတ်သည်။ နားဖာချေးများလည်း ပိုမိုထွက်တတ်သည်။ နားထဲတွင် တဝီဝီ အသံတွေကိုကြားကာ နားအူနေတတ်ခြင်းများ နားကြပ်အမြဲတပ်ဆင်ထားသူများတွင် ဖြစ်တတ်သည်။သည်။ တစ်ခါတစ်ရံ စူးခနဲနားကျင်ကိုက်ခဲတာမျိုး နားကြပ်နားထောင်သူများတွင် ခံစားရတတ်သည်။
နားကြပ်ကို အချိန်ကြာကြာ နားထောင်ပြီးတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ခြင်း ဖြစ်တတ်ပါသည်။ နားကိုက်တတ်ခြင်းဖြစ်သည်။ နားကြပ်ကို ကြာရှည်စွာသုံးစွဲပါက အရွယ်မတိုင်ခင် နားလေးခြင်းဖြစ်တတ်သည်။ တစ်နေကုန် နားကြပ်တပ်ဆင်ကာ သီချင်းအကျယ်ကြီးနားထောင်နေပါက Numb Ears ဟုခေါ်သော အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းများ ဖြစ်တတ်သည်။ အချိန်တစ်ခုကြာလျှင် အကြားအရုံပြန်ခံစားရသည်။ သို့သော် အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းကနေ တစ်ချိန်တွင် လုံးဝနားမကြားတော့သည့် အဖြစ်သို့ ရောက်ရှိနိုင်သည်။
ယခုအခါ နားကြပ်ကထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်လှိုင်းများက ဦးနှောက်ကို ထိခိုက်ပျက်စီးနိုင်သည်ဟု သုတေသနစာစောင်များတွင် ဖော်ပြလာသည်။ သို့သော် ပို၍ တိကျသေချာသော သုတေသနများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် ညဖက်အိပ်မပျော်ခြင်းများသည် နားကြပ်အသုံးပြုသူများတွင် တွေ့ရှိလာရသည်။ ထို့အပြင် ကျယ်လောင်သော အသံများကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းများသည်လည်းတွေ့ရှိလာသည်။
ထို့ပြင် နားကြပ်တပ်ဆင်ကာ လမ်းသွားကြသောကြောင့် ယဥ်တိုက်မှုများကိုလည်း အထူးဂရုစိုက်ရမည်။ ကားဟွန်းတီးသံ၊ ဆိုင်ကယ်သံများ မကြားသောကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နားကြပ်တပ်ဆင်ထားပေမဲ့လည်း အသံကိုလျော့ထားကာ ဘေးပတ်ဝန်းကျင်မှ အသံများကိုလည်း နားစွင့်ရမည်ဖြစ်မည်။ နားနှင့်ပတ်သက်သောပြဿနာများ ဖြစ်ပွားမှုလျှော့ချရန်အတွက် နားကို မကြာခဏ အနားပေးရမည်ဖြစ်မည်။ တစ်နေကုန် တောက်လျောက် တပ်ဆင်ခြင်းမျိုး မပြုလုပ်ရ။ သီချင်းသံကိုလည်း အကျယ်ကြီးမဖွင့်ဘဲ ကြားလောက်ရုံပဲ ဖွင့်သင့်ပေသည်။ နားကြပ်ကို တစ်နေ့ တစ်နာရီထက် ပိုအသုံးပြုပါက နားနှင့်ပတ်သက်သော ပြသနာများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်းကိုလျှော့ချ၍ နားကျန်းမာရေးကို ဂရုစိုက်သင့်ပေသည်။
Author: ဒေါက်တာအေးချမ်းမိုး
Source - On Doctor
ဦးသန်းထွေး
လွန်ခဲ့သော ၄ နှစ် ကthank
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026