လယ်တောအပြန်ဟင်းတစ်ခွက် ရေထိကရုန်းချက်(သို့)ဒါဏ်ရာအကျက်မြန်တဲ့ ရေထိကရုန်း
ရေထိကရုန်းချက်စားဖူးကြရဲ့လားရှင့်။ ခုလို မိုးရာသီမှာ လယ်ထဲကအပြန် ခူးလာတဲ့ ရေထိကရုန်းတွေက စားမြိန်တဲ့ ရာသီစာဟင်းတစ်ခွက်ဖြစ်သလို ကျန်းမာရေးရှု့ထောင့်ကနေကြည့်ရင်လည်း အကျိုးများတဲ့ ဟင်းတစ်ခွက်ပါ အိမ်ရှင်မတို့ရေ…
ရေထိကရုန်းက စိတ်ကျရောဂါတွေအတွက်ပါ ကောင်းပါသတဲ့နော်။ နောက်ထပ် ဘာတွေကောင်းလဲဆိုတောကိုတော့ ဆက်လက်ဖော်ပြပါမယ်။ ငွေကုန်ကြေးကျလည်း မများ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ စားလို့လည်းကောင်းမယ့် ရေထိကရုန်းချက်လေးကို ဟင်းအဖြစ်ချက်စားမယ်ဆိုရင်တော့ 
၁။ အူလမ်းကြောင်းရှင်းပေးတယ်
ရေထိကရုန်းစေ့လေးတွေက ဗိုက်ထဲရောက်လို့ အူလမ်းကြောင်းထဲရောက်ပြီဆိုရင် ပွလာပြီး အူလမ်းကြောင်းနံရံမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ မကြေညက်တဲ့အစာတွေကို သယ်သွားပေးပါတယ်။
၂။ ကပ်ပါးကောင်တွေကို သေစေတယ်
သံကောင်တွေဖြစ်လာမယ့် သားလောင်းကပ်ပါးတွေရှိနေရင် ရေထိကရုန်းက ဖယ်ရှားပေးတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။
၃။ စိတ်ဝေဒနာတွေကို ကုသပေးတယ်
လူငယ်လူရွယ်တွေမှာ အဖြစ်များတဲ့ စိတ်ဓာတ်ကျရောဂါ၊ စိတ်ခံစားချက်ပုံမှန်မဟုတ်တာ ဒီလို စိတ်နဲ့ဆိုင်တဲ့ရောဂါတွေအတွက်လည်း ရေထိကရုန်းက အထောက်အကူဖြစ်စေပါတယ်။ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုသလိုပဲ အူရဲ့ကျန်းမာရေးက ကောင်းမွန်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း အဆင်ပြေလာပါတယ်။ အကယ်၍ သင်က ကိုယ့်ကိုကိုယ် စိတ်ကျရောဂါခံစားနေရတယ်လို့ထင်မိရင် ရေထိကရုန်းလေးချက်စားပေးပါနော်။
၄။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတယ်
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့ antioxidant က ရေထိကရုန်းမှာလည်း ပါဝင်ပါတယ်။
၅။ အကြောအတွက်ကောင်းတယ်
ကျောရိုးမကြီးကနေ တင်ပါးကိုဖြတ်ပြီး ခြေထောက်အဖျားထိသွားတဲ့ လူ့ခန္ဓာကိုယ်ထဲက အရှည်ဆုံးအကြောက ဒါဏ်တစ်ခုခုကြောင့် နာနေတယ်ဆိုရင် ရေထိကရုန်းမှာပါတဲ့ဓာတ်က အကြောတွေ ပြန်လည်အလုပ်လုပ်ဆောင်ဖို့ ကောင်းမွန်တဲ့ထောက်ပံ့မှုကို ပေးပါတယ်။ ဒီလိုအကြော ဒါဏ်ရာရနေတဲ့သူတွေကို ရေထိကရုန်းအရည်နဲ့ ကုသခဲ့ရပါတယ်။ တစ်လမှာ ၄ ရက် ၃ လ သောက်ခိုင်းတဲ့အခါ ရလာဒ် ၄၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာတယ်လို့ဆိုပါတယ်။
၆။ အသဲပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်
အသဲက လူ့ခန္ဓာကိုယ်အတွက် အရေးကြီး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်မိသားစုတွေထဲမှာ အသဲနဲ့ပတ်သက်လို့ မကျန်းမာတဲ့သူရှိရင် ထိကရုန်းချက်လေး မကြာမကြာကျွေးပေးခြင်းက ဆေးကောင်းတစ်ခွက်ပါ။ အသဲကိုထိခိုက်စေတဲ့အဆီတွေကို ခြေဖျက်ပေးပါသတဲ့။
၇။ လူကိုထိခိုက်စေတဲ့ မိုက်ခရုပ်တွေကို သတ်ပေးတယ်
မိုက်ခရုပ်ဆိုတာကတော့ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်နိုင်တဲ့ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် သေးသေးလေးတွေပါ။ ခုလိုအချိန်မှာ ရေထိကရုန်းချက်စားပေးခြင်းက မမှားပါဘူးနော်။
၈။ ဒါဏ်ရာအမြန်ကျက်ဖို့လည်း သုံးတယ်
ရေထိကရုန်းကို ရှေးယခင်တွေတည်းက သွေးထွက်နေတဲ့ဒါဏ်ရာပေါ်မှာ ပတ်တီးလို ငုံခဲ့ကြတာပါ။ သွေးတိတ်စေပြီး ဒါဏ်ရာကိုအကျက်မြန်စေပါတယ်။ ဒီအကြောင်းကို သိပ္ပံပညာရှင်တွေစမ်းသပ်ကြတဲ့အခါမှာလည်း ရေထိကရုန်းထဲမှာပါတဲ့ ဓာတ်တစ်မျိုးက ဒါဏ်ရာကို ဘာမှမလုပ်တဲ့ ပုံမှန်အခြေအနေထက် ၂.၅ ဆပိုပြီး အနာကျက်မြန်စေပါသတဲ့။
ထိကရုန်အရွက်မှာ အိုင်းရွန်း၊ ဇင့်၊ ကော့ပါးတွေပါတာကြောင့် အရေပြားကျန်းမာရေးအတွက်လည်းကောင်းပါသတဲ့။
၉။ ဝမ်းလျောခြင်းအတွက် အသုံးပြုနိုင်
ပုံမှန်အားဖြင့် ဝမ်းလျောခြင်းကို သက်သာစေတဲ့ဆေးတွေ ရှာရခက်နေချိန်မှာ ရေထိကရုန်းကလည်း ဝမ်းသွားတဲ့အကြိမ်ရေကို လျော့ချပေးနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အစာသွားနှုန်းကို လျော့ချလိုက်တာဖြစ်လို့ သွားနေတဲ့ဝမ်းကို တန့်စေပါတယ်။ ဒါ့အပြင် ရေထိကရုန်းက အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
၁၀။ ဝမ်းတွင်းပြည်တည်နာတွေကို သက်သာစေ
အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းမှာဖြစ်တတ်တဲ့ ဝမ်းတွင်းပြည်တည်နာတွေကိုလည်း သက်သာစေပါတယ်။ အစာအိမ်အချဉ်ပေါက်မှုကို လျော့ကျစေပြီး အစာစုပ်ယူမှုကောင်းအောင် အားပေးပါတယ်။
ရေထိကရုန်း အစေ့ ၊ အမြစ်၊ အရွက်နဲ့ ပင်စည်တွေက ဒါဏ်ရာတွေ အမြန်အနာဖေးတက်စေဖို့ အသုံးဝင်တဲ့ ဆေးပင်အဖြစ် ထင်ရှားပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကို သိပ္ပံပညာရှင်တစ်ချို့ကလည်း စမ်းသပ်တွေ့ရှိထားတာဖြစ်တာကြောင့် ဆေးဝါးအခက်အခဲဖြစ်နေချိန်၊ ဆေးဝါးနဲ့ အလှမ်းဝေးနေတဲ့ဒေသတွေမှာ ရေထိကရုန်းကို ဟင်းအဖြစ်သာမက ကောင်းကောင်း အသုံးချလို့ရကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
Ref: https://microbeformulas.com/blogs/microbe-formulas/10-health-benefits-of-mimosa-pudica
မိုက်ကယ်
လွန်ခဲ့သော ၅ နှစ် ကဆဆဆဆ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026