Hein Htet Naing
စိုက်ပျိုးရေးပညာရှင် · ဟင်္သာတ
စပါးဂုတ်ကျိုးရောဂါ ဖြစ်ပါတယ်ခင်ဗျာ။ Tricyclazole AI ရှိ ပိုင်ရီဆိုက်၊ နိုက်စ်၊ ထရိုင်းထန့် စတဲ့ရရာဆေးတစ်မျိုး ပက်ဖျန်းပေးပါခင်ဗျာ။ မြေသြဇာကတော့ ပုလဲလျော့သုံးပြီး ပိုတက်ဆီယမ်များသော မြေသြဇာကျွေးပေးပါ။ စပါးခင်း ရေမပြတ်ပါစေနဲ့။
ဒီလိုဖြစ်တာကိုဘယ်လိုဆေးဘယ်လိုမြေသြဇာကျေးရမလဲပြောကြပါဆရာတို့ရယ် စပါးကတော့ ရက်၅၀ပြည့်ပြီခဗျာ
စပါးဂုတ်ကျိုးရောဂါ ပါ Tricyclazole AI ရှိ ပိုင်ရီဆိုက်၊ နိုက်စ်၊ ထရိုင်းဒန့် ရရာဆေးတစ်မျိုးကို ဘူးပါအညွှန်းအတိုင်း အသုံးပြုပါခင်ဗျာ၊ အဆင်ပြေတာနဲ့ အချိန်မဆွဲပဲပက်ဖျန်းသင့်တဲ့အခြေအနေပါ။
စပါးအဲလိုတွေဖြစ်နေတယ် တကွပ် တကွပ် ဘာရောဂါလဲ ဘယ်လိုကုသရမလဲ
ဂုတ်ကျိုး မဟုတ်ပါခင်ဗျာ၊သူနဲ့ပုံသဏ္ဍာန်ဆင်တဲ့ ရွက်ညိုပျောက်ရောဂါ ဖြစ်ပါတယ်။ ဒိုင်ဇီ ၊ ဇိုလာ ၊ ယူနတီ ၊ဟေဗင် ၊ဟက်ဇာဂွန် စတဲ့ Triazoles အုပ်စုဝင်ဆေးများ ဆေးဆိုင်မှာ မေးပြီးဘူးပါနှုန်းထားအတိုင်းအသုံးပြုပါ။ မြေဆီကတော့ ယခုသုံးထားပုံက အဆင်ပြေပါတယ်။ ပုံမှန်အတိုင်း ပုလဲလျော့ပြီး ပိုတက်ဆီယမ်များများထည့်ပေးပါခင်ဗျာ။
စပါးကသက်တမ်း58ရက်15ရက်သားမမှာပင်ကောင်းတစ်ဧကကိုတစ်အိပ်30ရက်မှာ15ပတ်လည်13ဧကကို7အိပ်ကျွေးထားတယ်ဂုတ်ကျိ ုးရောဂါဟိုနဲနဲဒီနဲနဲတွေ့လို့ထရိုင်ဒန့်မှိုဆေးတစ်ကြိမ်ဖြန်းပိုတက်5အိပ်ပတ်ထားတယ်စပါးကအဝေကကြည့်ရင်ဝါထိန်နေတယ်ဘာတွေလိုအပ်လည်းဘာရောဂါဘာဆေးဘာမြေဆီတွေသုံးရမလဲစပါးဖုံးစပြုနေပါပြီ
ရောဂါဖြစ်နေတဲ့ အရွက်နဲ့ အရောင်ပြောင်းနေတဲ့ ပင်စည်ကိုပါ စေချာရိုက်ပြီးမေးမှ သေချာကူညီ ဖြေကြားပေးဖို့အဆင်ပြေနိုင်ပါမယ်ခင်ဗျာ၊ မြင်ရသလောက်တော့ ရွက်ဖုံးခြောက် ရောဂါပါ။
ဘာပိုးများလဲ ခင်ဗျာ ဘာဆေးသုံးရမလဲ
အမိုင်နိုအက်စစ်ပါသော ရွက်ဖျန်းအားဆေးနှင့် ပိုတက်ဆီယမ်များသော ရွက်ဖျန်းအားဆေး တွဲစပ်ပက်ဖျန်းပေးပါ။
စပါးပေါင်းသတ်ဆေးလောင်ရင်ဘယ်လို ပြန်ပီးလုပ်ရမလဲ အကြံပြုပေးဘာအုံးဆရာတို့
အဖျားခြောက်ရာမှာ Bacteriaကြောင့်ခြောက်သလို၊ ဖြုတ်စုပ်တာကြောင့်လည်း ဝါလာတတ်ပါတယ်၊ Potassium ဓာတ်ချို့တဲ့ရင်လည်းဝါတတ်ပါတယ်။ ပေါင်းသတ်ဆေး 2-4D, Phenoxaprop-p ethylများရင်လည်း အရွက်ဖျားများဝါပါတယ်၊ဂုတ်ကျိုးကျရင်လည်းဝါပြီးခြောက်တတ်ပါတယ်။ အကြောင်းအမျိုးမျိုးရှိနိုင်လို့ စပါးသက်နဲ့တကွပုံပါတိကျစွာတင်ပေးမှ ပြန်ဖြေသူများ အသေအချာကူညီညွှန်ကြားနိုင်ပါမယ်ခင်ဗျာ။
စပါးအရွက်ဖျားခြောက်ပြီးဝါနေတယ် ဘာဆေးသုံးရမလဲ ခင်ဗျ
နီးစပ်စာဆေးဆိုင်မှာ ထိသေစားသေ အာနိသင်ရှိ ဆေးများဝယ်ယူအသုံးပြုပါ။ ဥပမာ-အလန်း၊အီမာလန်ဒါ၊ဖိုင်းရား၊ဒိုင်နမို
ပိုးကျနေလို့ဘာဆေးဖျန်းရမလဲ။သိသူမျှဝေပေးပါ။
များသောအားဖြင့်တော့ Cartap Hydrochloride(ပိုးသတ်ဆေး), Copper oxy/hydrochloride (မှိုသတ်ဆေး) စတဲ့ ဆေး AIများက လွဲရင်တော့ ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးများက တွဲသုံးလို့ရပါတယ်။ ရောဂါကျချိန် မှိုသတ်ဆေးနဲ့ အားဆေးတွဲသုံးတာသာ ရှောင်ပါ။
မှိုသက်ဆေးနှင့်ပိုးသက်ဆေးရောပက်လိုရပါသလားခဗျာ
ပဲကြား မြက်ပေါင်း သတ်ဆေး Quizalofop-p- ethyl ဆေးAI ကို ဝယ်ယူအသုံးပြုပါခင်ဗျာ။
မတ်ပဲကြားမှာမြက်မုန်ညင်းတွေများနေလို့ ဘာဆေးဖျန်းရမလဲဆိုတာပြောပေးပါနော်
ယခု အပင်အရွယ်အစားမှာတော့ ရွက်ဖြတ်ဟာ minor pestသိပ်ကြီးကြောက်စရာမလိုတော့တဲ့ အခြေအနေပါ။ ဖြုတ် နှံစုပ် ဆစ်ပိုး စတာတွေနဲ့။ရွက်ဖုံးခြောက်၊ဂုတ်ကျိုးနှင့် ဘက်တီးရီးယားရောဂါ များကိုသာအထူးအာရုံပြုစောင့်ကြည့်ပါ။
ရွက်ပိုးကျတာဘာဆေးသုံးရမလည်း