အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thein Soe Min

Thein Soe Min

တောင်သူ · ဆားလင်းကြီး

1
လွန်ခဲ့သော ၁ နှစ် က

ကြက်ရောဂါများ ကာကွယ်ရန်အတွက် ကာကွယ်ဆေးမှန်မှန်ထိုးခြင်း၊ ခြံသန့်ရှင်းရေးနှင့် ဇီဝလုံခြုံရေးကောင်းမွန်အောင် ထိန်းသိမ်းခြင်း၊ လေဝင်လေထွက်ကောင်းသောနေရာတွင်ထားရှိခြင်းနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ကြက်များ ချွဲထခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ဖလော်ရဖီနီကော (Florfenicol), ဒေါ့စီဆိုက်ကလင်း (Doxycycline) သို့မဟုတ် တိုင်လိုစင် (Tylosin) ကဲ့သို့သော ပဋိဇီဝဆေးများနှင့်အတူ အားဆေး၊ ဓာတ်ဆားများ တွဲဖက်တိုက်ကျွေးနိုင်ပါသည်။ မျက်စိနာခြင်းကို ကာကွယ်ရန်အတွက် ခြံအတွင်း အမိုးနီးယားဓာတ် မများစေရန် လေဝင်လေထွက်ကောင်းအောင်ထားခြင်း၊ ကြမ်းခင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားခြင်းနှင့် ဖလူးပုပ်ကဲ့သို့သော မျက်စိရောဂါဖြစ်စေနိုင်သည့် ရောဂါကာကွယ်ဆေးများ ထိုးပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

ကြက်နာကိုဘယ်လို့ကာကွယ်ရမလည်းကြက်တေချွဲထရင်ဘာဆေးတိုက်သင်ပါသလည်းကြက်တေမျက်စီနာရင်ဘယ်လို့ကာကွယ်သင့်ပါသလည်ခင်ဗျာ🙏

ကြက်နာကျ
လွန်ခဲ့သော ၁ နှစ် က

စမ်းကြည့်ပါ ရနိုင်ပါတယ်

ထရုိင်ကိုဒါးမားနဲ့EM ရောစိမ်လို့ရလား ထန်းလျက်ရေထဲ သိချင်ပါတယ်ဗျ

ထရိုင်ကိုဒါးမားနဲ့ EM ရောဖြန်းခြင်း
လွန်ခဲ့သော ၁ နှစ် က

ကိုင်းဆက်အပင်တွေက မြန်ပါတယ်။ အကြာကြီးစောင့်စရာမလိုတော့ဘူး။ ဂွေးသီး၊ သံပုရာ၊ မာလကာ၊ သင်္ဘော ဒါတွေကတော့ ရောင်းလို့လည်းကောင်း အိမ်စားလည်းရ

ခြံ ထဲမှာ လွတ်တဲ့နေရာလေးတေ သီးပင်စားပင် မြန်မဲ့ အပင်မျိုးဘာစိာက်သင့်လည်းဗျ

စိုက်ပျိုးနည်းအကြံဉာဏ်
လွန်ခဲ့သော ၁ နှစ် က

F1 မျိုးစေ့ထုပ်တွေကဝော့ မြေပဒေသာမှာ ရနိုင်ပါတယ်ဗျ

ထိုင်ဝမ်သင်္ဘောမျိုးစေ့ရောင်းတဲ့နေရာသိချင်ပါတယ်..

စျေးကွက် အချိတ်အဆက်
လွန်ခဲ့သော ၁ နှစ် က

တာလပတ်ကြီး အုပ်ထားပြီးရင် လက်လေးထိုးပြီး စမ်းစမ်းကြည့်ဦး။ အပူချိန် ခံနိုင်တာထက် ပိုသွားရင် ဆွေးတာ ပိုကြာသွားတယ်။ ကိုယ်တွေ့

စူပါဘိုကာရှီလုပ်၊

ဘိုကာရှီ မြေသြဇာ
လွန်ခဲ့သော ၁ နှစ် က

ရပါတယ်။ လတ်လတ်ဆတ်ဆတ်မဟုတ်ဘဲ ၁၅ ရက်လောက် သိုလှောင်ပြီးမှ ဖြန်းပေးပါ။ အချိုးအစားသတိပြုပါ။ ပြင်းရင် အပင်လောင်နိုင်ပါတယ်။

ဆရာတိုရေ မတ်ပဲ ပင်ကို နွားသေးဖျန်းတာကောင်းတယ်လိုသိရတယ်ဆရာ အဒါ နွားသေးမရလိုဆိတ်သေးယော ဖျန်းလို ရမလား သိချင်လိုဏာဗျ

ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
လွန်ခဲ့သော ၁ နှစ် က

ရပါတယျ။ ဗူးလို နှယျမတကျပါဘူး

ကျောက်ဖရုံနဲ့ ရုံးပတီပင် အတူစိုက်လို့ ရပါသလား ။ ကျောက်ဖရုံ စိုက်ခင်း ရေသွင်းမြောင်းဘေးမှာ ရုံးပတီ ပင် ကို စိုက်မှာပါ။

စိုက်ပျိုးဗဟုသုတ
လွန်ခဲ့သော ၁ နှစ် က

ရုံးပတီမှာကျတဲ့ အဝါရောင်မိုစိပ်နဲ့ တူတယ်ဗျ။ ကုလို့မရဘူး။ ဖြစ်နေတဲ့အကင်တွေကို နှုတ်ပစ်။ လှေး၊ ပျ၊ ယင်ဖြူမလာအောင် လုပ်

ချဥ်ပေါင်ပင် တစ်လခွဲသားပါ အရွက်​လေးတွေ ပုံသဏ္ဍန်မမှန် / အရောင်ပြောင်းနေပါတယ် ပိုး / ရောဂါ /အာဟာရ ကြောင်ွဖြစ်ရတဲ့ အကြောင်းရင်းသိလိုပါတယ် ပြုပြင်လုပ်ဆောင်သင့်သော နည်းလမ်းများ ညွှန်ပြပေးပါ ခင်ဗျာ

ချဉ်ပေါင် အဝါရောင် မိုဇိတ်ဗိုင်းရပ်ရောဂါ
လွန်ခဲ့သော ၁ နှစ် က

ရုံးပတီမှာကျတဲ့ အဝါရောင်မိုစိပ်နဲ့ တူတယ်ဗျ။ ကုလို့မရဘူး။ ဖြစ်နေတဲ့အကင်တွေကို နှုတ်ပစ်။ လှေး၊ ပျ၊ ယင်ဖြူမလာအောင် လုပ်

ချဥ်ပေါင်အရွက်လေးတွေ ပုံထဲကအတိုင်းဖြစ်နေလို့ ဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကုစား ရမလဲ အကြံပြုပေးကြပါ အားကိုးပါရစေ ဆရာအပေါင်းတို့ ခင်ဗျာ

ချဉ်ပေါင် အဝါရောင် မိုဇိတ်ဗိုင်းရပ်ရောဂါ
လွန်ခဲ့သော ၂ နှစ် က

ဈေးသက်သာချင်တယ်ဆိုရင်တော့ ပုလဲလက်ချား သုံးပါ။ လက်ချားက ပရဆေးဆိုင်တွေက ဝယ်လို့ရပါတယ်

ပဲတီစိမ်း အသီးအပွင့်အတွက် ဘာဆေးသုံးသင့်သလည်း ဆရာတို့

ပဲတီစိမ်းပန်းပွင့်ချိန်အာဟာရ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။