Zaw Min Tun
မာလာမြိုင် ကုမ္ပဏီစိုက်ပျိုးရေးပညာရှင် · ခရမ်း
စုပ်စားပိုးကျထားတဲ့ လက္ခဏာမျိုးတော့တွေ့တယ်ဗျ ရေ၄ဂါလံဆေးဖျန်းပုံးတပုံးလျှင် မာလာမြိုင်-တိုက်ဂါး 20cc နဲ့ ဘွန်းဖလားဝါး 40cc ရောစပ်ပက်ဖျန်းပေးပါဗျ လျှောက်ရေလေးလည်းပေးသင့်ပါတယ်ဗျ
ငရုပ်ပင်တွေ အရွတ်တွေဖွာပီးအသီးမတင်တော့လို့ပါဗျ ပိုးကျတာလား ဘာဖြစ်တာလည်းဗျ အ့လိုပင်တွတဖြည်းဖြည်းပိုပိုပီးများလာလို့ပါ
အပင်အသေပျောက်မရှိ၊ရောဂါမရှိဘူးဆိုရင် မာလာမြိုင်ကထုတ်တဲ့ "ရှယ်ပဲ"ပဲအားဆေးအတွဲကို ရေ4ဂါလံဝင်ဆေးဖျန်းပုံးတပုံးလျှင်( ၁ )50cc+(၂)50cc ပက်ဖျန်းပေးပါခင်ဗျာ
၂၀ရက်သားရှိပြီးဗျ အပင်အားဆေးဖျန်းရမလား ပဲတီစိမ်း အပင်အထအရမ်းနှေးနေတယ် မိူ့ဆေးပိုးသက်ဆေးအပင်အားဆေး အတူရောဖျန်ထားဖူးတယ်
ကြပ်ခိုးမှို၊ဖားဥမှိုတို့အတွက် အဓိက သုံးနိုင်ပါတယ်ခင်ဗျာ
Kresoxim _methyl ဘာရောဂါတွေအတွက် အသုံးပြုရပါသလဲခင် ဗျား
စပါးပင်ပေါက်တာများနေရင်တော့ သုံးသင့်ပါတယ်ဗျ ပဲတီစိမ်း ၁၈ရက်သားမကျော်ခင်သုံးနိုင်ရင်ပိုသင့်တော်ပါတယ်ဗျ အသုံးပြုမယ်ဆိုရင်တော့ မာလာမြိုင်ကဖြန့်ချီတဲ့ အမ်-ကွင်း(quizalofop-p-ethyl)ပေါင်းသတ်ဆေးကို ရေ၄ဂါလံဝင် ဆေးဖျန်းပုံးတပုံးလျှင် ၅ဝစီစီနှုန်းဖြင့် ပက်ဖျန်းနိုင်ပါတယ်ခင်ဗျ
ပဲတီစိမ်း.. ခုတ်ဖုံးခင်းမှာ စပါးပင်တော်တော်များများ ပြန်ပေါက်နေတာပေါင်းသတ်ဆေးသုံးသင့်လားဆရာတို့၁၅ရက်သားရှိပြီ..
ခါးဆွ/ပေါင်းပေး ပြုလုပ်ပါ မြေဆီကျွေးထားသေးတာကိုမှ အပင်မတက်သေးတာဆိုရင်တော့ ရေ၄ဂါလံဆေးဖျန်းပုံးတပုံးလျှင် ဘွန်းဖလားဝါး၅၀စီစီ နှုန်းပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျ
ငရုပ်ပင်လေးတွေသိပ်မတတ်လို့ဘာဆေးတွေဖြန်းရမလဲဗျာ
ခြစ်စား(တောင်သူအခေါ် ဖလံကွက်)အဆင့်ပဲရှိသေးရင်တော့ ထိသေပိုးသတ်ဆေး တမျိုးမျိုး သုံးစွဲလို့ရပါတယ်ခင်ဗျ ဥပမာအနေနဲ့ မာလာမြိုင်ဆိုက်ပါ/အမ်-လန်ဒါ တမျိုးမျိုးကို ရေ၄ဂါလံဝင်ဆေးဖျန်းပုံး တပုံးလျှင် ၅၀စီစီနှုန်းအသုံးပြုနိုင်ပါတယ်ဗျ
ပဲတီစိမ်းအတွက် ခြစ်စားကျနေချိန်မှာ ဘယ်ဆေးလေးများသုံးစွဲသင့်ပါသလဲ ဆရာကြီးတို့ခင်ဗျ အပင်သက်တမ်း၁၆ရက်သားပါခင်ဗျ ဖြေကြားပေးပါအုံး