Thant Zin Oo
စိုက်ပျိုးရေးပညာရှင် · မြစ်သား
ထုံး ထည့်လျှင် ၂လ လောက် အနည်းဆုံးကြိုထည့်ပေးရပါတယ် ။ သို့မှသာ ထုံးများပြိုကွဲ၍ မြေဆီလွှာအား ပြုပြင်နိုင်ပါသည်။ တစ်ဧက ၂အိတ်နှုန်း အသုံးပြုနိူင်ပါသည်။
မိုးစပါးစိုက်ဖို့ မြေခံကို ထုံးထည့်မယ်။ဘယ်လောက်ကြာမှ မျိုးစေ့ချလို့ရမလဲဗျ။၁ ဧက ကို ထုံးဘယ်လောက်ထားသုံးရမလဲဗျ။မြေစေးကွင်း ဖြစ်ပါတယ်ဗျ။
စုပ်စားပိုး (ယင်ဖြူ /ဖြုတ်စိမ်း/ သရစ်လှေးပိုး) များ ကျရောက်ခြင်းကြောင့် ဖြစ်ပါတယ် ။မင်းမဟော် ကုမ္ပဏီ မှ ထုတ်လုပ်ထားသော No Two (နိုးတူး) သို့မဟုတ် မိုနိုကေး (၁ဇွန်း) + ကိုး (၁ဇွန်း)နှုန်း ပတ်ဖျန်းပေးပါ။ အပွင့်အသီးဖြိုင်စေလိုလျှင် မင်းမဟော် -၂ (၅ဇွန်း) ပေါင်းစပ်ပျက်ဖျန်းပေးပါ
ခရမ်းပင်အရွက်တွေဝါနေတာဘာကြောင့်ဖြစ်လဲဗျ
အဆင်ပြေပါတယ်။ဆေးဖျန်းတဲ့အခါ အပင်ကို အရွက်ပေါ်အောက် နှံ့စပ်အောင်ပက်ဖျန်းပါ။ ညနေခင်းပိုင်းဖျန်းလျှင် ပိုမိုထိရောက်ပါတယ်
တိုင်ထောင်ပဲပင်မှာ ပံုထဲကအတိုင်း ပိုးကျနေလို့ပါခင်မျ။အရွက်အောက်မှာလဲ ပိုးကောင်အမည်းလေးတွေတွေ့ပါတယ်။ထိသေစားသေ ဖျန်းဆေးဖျန်းရင်အဆင်ပြေလားဗျ။
တဆေးပါမှ ပိုကောင်းပါတယ်။မြန်မြန် ပြိုကွဲစေပါတယ်။ Microorganism(အနုဇီဝသက်ရှိ)များပေါက်ဖွားဖို့ ကူညီပေးပါတယ်။အသုံးပြုနိုင်ပါတယ်။ဘယဆေးဆိုင်က ေတဆေးဆိုလှှင်ပိုကောင်းပါတယ်။
Emလုပ်ဖို့ပုံထဲကတဆေးကိုသုံးသင့်သလားခင်ဗျ တဆေးမထည့်ဘဲရောလုပ်လို့ရသလား