Tone Tone
တောင်သူ · ဒဂုံမြို့သစ်အရှေ့ပိုင်း
ကျေးဇူးတင်ပါတယ်ဆရာ။
ကျွန်မ အခုမှစိုက်ပျိုးရေးစလုပ်တဲ့ဝါသနာရှင်ပါ။ ငရုတ်ပင်လေးတွေပျိုးထားတာ အပင်တစ်ချိူ့ အပွင့်ပွင့်လာပြီ။ အပွင့်ပွင့်ပြီးရင်နှစ်ပတ်လောက်နေအသီးသီးတယ်လို့သိရပေမဲ့ အခုက ပုံမှာလိုအရောင်ညှိုးပြီး ကြွေကုန်တယ်။ ဘာလို့များပါလဲသိချင်လို့ပါ။ ပြီးတော့ ဒုတိယပုံမှာလို ကိုင်းဆက်နေရာလေးတွေက မည်းနေတာကရော ဘာဖြစ်တာလဲမသိဘူးနော်။ အပင်တိုင်းမဖြစ်လို့ပါ။ ဆရာတို့ပြောပြပေးပါဦးနော်။ ကျေးဇူးပါ။
ဪ သဘောပေါက်ပါပြီ။ ကျေးဇူးတင်ပါတယ်။
အခုမှအိမ်နောက်မှာ စိုက်ပျိုးရေးစလုပ်တာပါ။ အတွေ့အကြုံမရှိပါဘူး။ ဟင်းနုနွယ်တွေမြေကြီးပေါ်ပျိုးပြီးစိုက်ထားတာ ပိုးတွေကိုက်နေလို့ပါ။ တမာဆီနဲ့ပိုးသတ်ကြတယ်ဆိုတာဖတ်မိလို့ မနေ့ကတော့ ဩဂဲနစ်တမာရည်ဝယ်ပြီး နည်းနည်းဖြန်းထားပါတယ်။ ဒီနေ့မနက်အရွက်ပေါ်မှာ အဲဒီ မည်းမည်းလေးတွေတွေ့လို့။ ဘာလဲမသိဘူး။ ပြီးတော့ အပင်ကိုဘယ်လိုဂရုစိုက်ရမလဲသိချင်လို့ပါ။ မြေဩဇာက နွားချေးပဲထည့်ထားတာပါ။ ကျေးဇူးပြုပြီးကူညီလမ်းပြပေးပါဦးနော်။
ခုလိုပြောပြတာကျေးဇူးပါ။ အဲ့တိုင်းလုပ်ကြည့်လိုက်ပါမယ်။ တစ်ခုသိချင်ပါသေးတယ်။ ဆေးကတစ်ကြိမ်ဖြန်းရင်လုံလောက်ပြီလားမသိဘူး? အကြိမ်အရေအတွက်က ဘယ်လိုမျိုးဖြန်းပေးရလဲရှင့်?