ဦးသန့်ဇင် စိုက်ပျိုးရေးပညာရှင် · ရေတာရှည် 116 1 ဖြေဆို 0 မေးမြန်း လွန်ခဲ့သော ၄ နှစ် က မြေအမျိုးအစားက လယ်မြေ၊ ယာမြေ မဖြစ်ဖို့ လိုပါမည်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်မြေဖြစ်ပါက ရည်ရွယ်ချက်တွင် သစ်တောသစ်ပင်စိုက်ပျိုးရန် ဖြစ်ရပါမည်။ ဖော်ပြပါအချက်များအတိုင်းဖြစ်ပါက မြို့နယ်သစ်တောဦးစီးဌာနတွင် သစ်တောသစ်ပင် မှတ်ပုံတင်ခွင့် လျောက်ထားပါက လိုအပ်သောအချက်အလက်များ စိစစ်ပြီး မှတ်ပုံဆောင်ရွက်ပေးပါသည်။ ထုတ်ယူအသုံးပြုချိန်တွင် သစ်တောဦးစီးဌာနနှင့် ဆက်သွယ်သတင်းပို့၍ အသုံးပြုနိုင်ပါတယ် ကျွန်းသစ်ကို အခုမှ စပြီး စိုက်ပျိုးချင်လို့ပါ ခင်ဗျာ , တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျှင် သစ်တောဌာန၏ ခွင့်ပြုသော အထောက်အထား စာရွက်စာတမ်း လိုအပ်ပါသလား ခင်ဗျာ , ၂ ဧကလောက် စိုက်လျှင်ရော သစ်တောဌာနမှ ခွင့်ပြုသော အထောက်အထား စာရွက်စာတမ်း ဘယ်လို လုပ်ရပါသလဲ ဆရာများ ခင်ဗျ , ကျွန်တော့်အား ကူညီပြီး ဖြေကြားပေးစေချင်ပါတယ် ခင်ဗျာ ...ကျွန်တော်က ဧရာဝတီတိုင်းဘက်ကပါ ခင်ဗျ ...