Arnold Jt
တောင်သူ · နွားထိုးကြီး
ကိုင်းကူးစိုက်တာတော့ကျနော်တို့နယ်ဘက်မှမရှိသေးပါ အကောင်းဆုံးကတော့သနပ်ခါးသီးချိန်မှာအပင်ကအစိတွေစုဆောင်းထားပြီးကိုယ့်အိမ်မှာက်ုယ်တ်ုက်ပျိုးစိုက်တာကငွေကုန်အချိန်ကုန်အသက်သာဆုံးပါဘဲ
အပင် ကိုင်းကူ စိုက်ပျိုးလို့ရလား...ဘယ်လိုလုပ်ရလည်း...ကျေးဇူးပါ
သစ်တောကတော့ ကျွန်းပင်တွေကြီးလာရင်သိမ်းဖို့စောင့်ကြည့်ပါလိမ့်မယ်
ကျွန်းစိုက်ချင်ပါတယ် ပေါင်းဘယ်လိုရှင်းရမလဲ မြေဆီဘယ်လိုကျွေးရမလဲ ဘယ်နှလတခါပေါင်းရှင်းရမလဲ သစ်တော ကိုမှတ်ပုံတင်ရင်ဘယ်လိုတင်ရမလဲ သစ်တောကကောဘာတွေကူညီပေးလဲ အစရှိသဖြင့်စာအုပ်ရှိရင်လဲညွှန်ပြကျပါဗျာ
တံတားဦးမြို့နယ်မြို့သာရွာမှာရောင်းပါတယ်
နွားမျိုးသန့်ဘယ်မှာဝယ်ပါတယ်ဘယ်မှာရပါသလဲသိရင်ပျောပေးပါ
မညစ်သင့်ပါ
နို့စားနွားကို နို့ကုန်သွားသည်အထိ ညှစ်သင့်ပါသလား
မိုးဦးမှာမိုး၃ ၄ ရက်အုံ့ရင်အရွက်စားပိုးဝင်တတ်ပါတယ် ပိုးမကျမီကြိုတင်ပြီးပိုးသတ်ဆေးနဲ့အတူ အပင်အားဆေးရယ် မြေဆီလက်တဆုတ်ခန့်ရယ် ရောဖျန်းကြည့်ပါ အပင်ထွားမြန်လာပါလိမ့်မယ် က်ုယ်တွေ့ပါ
ကျွန်တော် သနပ်ခါးစိုက်ထားပါတယ် ၄ နှစ်သားရှိပါပြီ။ အပင်ဖြစ်ကြီးထွားမှ ုနှေးကွေးနေပါသည်။ အပင်အရက် 2'/3'/5' ပေရှိသည် လုံးပက်1" 2"လက်မရှိသည်။ အပင်ကြီးထွားအောင်ဘယ်လုပ်ပေးရမလဲ နည်းပညာမျှဝေပေးပါဦး။
စိုက်နည်းမမှန်လို့ဖြစ်လိမ့်မယ် သနပ်ခါးစိုက်မယ်ဆိုရင်မြေကိုအရင်ပြင်ရပါတယ် ထယ် ၂ သတ် ၃ သတ်ထိုးထွန်မွေ ပြီးမှ မြောင်းဆွဲ စိုက်မဲ့နေရာသတ်မှတ်ကျင်တူးပြီးချစိုက်မှ အပင်ထွားပါမယ် အတက်ညီပါမယ် ဒီလိုမှမဟုတ်ဘဲပြီးစလွယ်စိုက်ရင်တော့တချို့အမြစ်တွေကခွေခေါက်ကာ အပင်ဖြစ်ထွန်းမှု့အားနည်းပါမယ် ကိုယ်တွေ့ပါ
သနပ်ခါး အပင်သေးနေတယ်အပင်သေးသေးနဲ့ရင့်နေတယ်ဘာလို့လဲဗျာ
မိုးသုံးလေးရက်အုံ့ပျက်အုံ့ပျက်ဖြစ်ပါကရွက်စားပိုးများကျပါသည် ပိုးမစားမီ ပိုးသတ်ဆေးကြိုတင်ဖျန်းပေးရပါမည် ရွက်စားပိုးကတညထဲနဲ့အခင်းလိုက်ပြောင်အောင်စားနိုင်သဖြင့်ဆေးဖျန်းဦးဖို့လိုပါသည်
မြင်းမူမြို့နယ်ထီးဆောင်းရွာ သနပ်ခါးစိုက်တောင်သူဖြစ်ပါသည်။ သနပ်ခါးပင် ရွက်စားပိုးကျရောက်တဲ့ခါ ဘယ်လိုကာကွယ်ကုသရပါမည်နည်း။ အပင်များမြန်ဆန်ကြီးထွားမှုဖြစ်စေဘယ်လိုပြုစုပေးရမလဲ ဖြေကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။