Ngu Wah Hlaing
စိုက်ပျိုးရေးပညာရှင် · ညောင်လေးပင်
ဖုန်းနံပါတ်များပေးခဲ့ရင် မျိုးသန့်အတွက် ပြန်ဆက်သွယ်ပေးပါမယ်။
ဆရာတို့ရေ ရက်၉၀ မျိုးသန့်လိုချင်တယ် ဘယ်မှာရနိုင်မလဲ
စိုက်ခင်းထဲ ရေအနည်းငယ် ရှိဖို့တော့ အရေးကြီးပါတယ် အပင်လောင်မှာစိုးလို့ပါ
ပင်းသက်က15ရက်သားလောက်ဘဲရှိသေတယ်ပေါင်းသတ်ဆေးဖျန်းလို့ရလားဗျာ ရရင်ဆေးနည်းလေးပြောပါအုံး
ဖွဲနုဖြစ်ဖြစ် ဖွဲကြမ်းဖြစ်ဖြစ် သုံးလို့ရပါတယ်
EM မြေသြဇာကို စပါးစိုက်တဲ့နေရာမှာ ဘယ်လိုမျိုးသုံးမှာလဲဗျ
သွင်းရေထဲမှာ ထည့်ပေးလို့ရပါတယ် ။ အဏုဇီဝပိုးလေးတွေအတွက် အစာအဖြစ် ဖွဲကြမ်းပါ ထည့်ပက်ပေးရင် ပိုပြီးအထောက်အကူဖြစ်ပါလိမ့်မယ်
EM မြေသြဇာကို စပါးစိုက်တဲ့နေရာမှာ ဘယ်လိုမျိုးသုံးမှာလဲဗျ
၂-၃ ရက်ခန့်ရေထုတ်ပါ။ အပင်များကို လှုပ်ရမ်းခါ၍ လေကြောင်းခွဲပြီး ၊ ဖြုတ်များပျံတက်လာပါက ဆေးဖန်းနိုင်သည်။ ဆေးဖျန်းရင် အပင်ခြေကို ရောက်အောင်ဖျန်းပါ။ ဖြုတ်က စပါးပင်ခြေပိုင်း ရေနဲ့ထိစပ်ရာမှာ စိုထိုင်းဆမြင့်မားတဲ့ အနေအထားကိုကြိုက်တတ်ပြီး အဲအချိန်မှာ ကျရောက်ဖျက်စီးတတ်ပါတယ် ။ နောက်မှ ရေပြန်သွင်းပါ။
စပါးခင်းမှာဖြုတ်တွေကျနေတာဘာဆေးဖျန်းရမှာလဲပြောပါအုံး
ရုပ်သံနှင့်ကြည့်ရှုနိုင်ပါတယ် https://m.youtube.com/watch?v=oj2388MOlCQ
မျိုးစပါးကို ဆားရည်ဘယ်လိုစိမ်ရမလဲ။ ဘာတွေအတွက်ကောင်းလဲ။
အဖျင်းအမှော် လုံးပိန်လုံးညှပ်တွေ၊ ပေါင်းစေ့တွေကို ဖယ်ထုတ်နိုင်ပါတယ်။ သန်စွမ်းတဲ့ မျိုးစေ့တွေကနေ ကျန်းမာတဲ့ ပျိုးပင်လေးတွေရရှိနိုင်ပါတယ်။ ဆားရည် ပြင်းအား ၁.၀၈ ရအောင်ဖျော်စပ်ရပါမယ်။ စပါး၁တင်းဆို ရေ ၈ဂါလံ ဆားကြမ်း ၄ပိဿ ရောဖျော်ပါ။ လတ်ဆတ်တဲ့ ကြက်ဥထိပ်ပိုင်းလေး ပေါ်နေတဲ့အနေအထားပါ။ဖျော်စပ်နည်းက ရိုးရှင်းပါတယ်။ နောက် စပါးထည့် မွှေပြီး အပေါ်မှာပေါ်နေတဲ့ အဖျင်းတွေကို ဖယ်ထုတ်ပါ။ ပြီးနောက် အနည်ထိုင်နေတဲ့စပါးတွေကို ရေဖြင့် စင်အောင်ဆေးကြောပြီးမှ မျိုးညှောင့်ဖောက်ပါ။
မျိုးစပါးကို ဆားရည်ဘယ်လိုစိမ်ရမလဲ။ ဘာတွေအတွက်ကောင်းလဲ။
ရွှေဘိုဘေးကြားကို မေးတာလား
ရွေဘိုကောက်ကြီး(သက်လတ်)စပါးမျိုး ရနိုင်မည့်နေရာ ညှွန်ပြပေးပါရန်
ဒေသတွင်း ဈေးကွက်ကို အရင်လေ့လာကြည့်ပါ။
ကျွန်တော်တို့ဒေသမှာအသက်နုစပါးစိုက်မလို့ဘယ်လို့စပါးမျိူ းကောင်းမလည်အကြံပေးကြပါဦးတောင်သူဦးကြီးများခင်ဗျာ မှတ်ချက်ပုလဲorစေတီယျူံ
ပေါ်ဆန်းဘေးကြားစပါးမျိုးစေ့ချပြီးရိတ်သိမ်းချိန်အထိဘယ်လောက်ကြာလဲ