အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေါက်တာဝင်းဇော်ဟိန်း

ဒေါက်တာဝင်းဇော်ဟိန်း

မွေးမြူရေးသမား · ပုဗ္ဗသီရိ

232
လွန်ခဲ့သော ၇ နှစ် က

သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေးဌာနနဲ့ဆက်သွယ်။ မဖြစ်သေးတဲ့ပတ်ဝန်းကျင် ကာကွယ်ဆေးထိုးဖို့လိုလိမ့်မယ်။ ဖြစ်တဲ့နေရာမှာ ကုသခြင်းနဲ့ ရောဂါမပြန့်ပွားအောင် သယ်ယူပို့ဆောင်မှုကို ထိန်းချုပ်ဖို့အကောင်းဆုံးပါပဲ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ တိုက်ရိုက်သတ်ဖို့ခက်ခဲပါတယ်။ ဆေးကုသမှုခံယူရင်တော့ သုံးလေးရက်ကြာရင်သက်သာပါတယ်။ မခံယူရင်တော့ ဆုံးရှုံးမှူများမယ်။ ဆိုးကျိုးတွေများတယ်။ ဒီရောဂါဖြစ်ရင် ပါးစပ်တွေလျှာတွေနာမယ် ခြေထောက်နာမယ်။ ပါးစပ်နာတော့ အစာမစားနိုင်ဖြစ်မယ်။ ကြာရင်ပိန်မယ်။ နို့ထွက် နွားတွေ နို့ထွက်နှုန်းကျမယ်။ အသားစားနွားဆို အသားထွက်နှုန်းကျမယ်။ ခိုင်းနွားဆို လယ်ယာခွင်အလုပ်ပျက်မယ်။ နွားငယ်တွေမှာ နှလုံးထိပြီးသေနိုင်တယ်။ ကိုယ်ဝန်ဆောင်နွားမတွေ ဇီးလျောနိုင်ပါတယ်။ တကယ်တမ်းကျတော့ ကုသတာထက် ကာကွယ်တာကကောင်းပါတယ်။ ဖြစ်လာရင် တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ရောဂါပါ။ ဖြစ်လာပြီဆိုရင် မွေးကုကိုအကြောင်းကြားပါ။ ဖြစ်လာရင်တော့ ပါးစပ်ကို ကျောက်ချဉ်းအမှုန့်ကြိတ်ပြီးရေနဲ့ဖျော် တစ်နေ့သုံးကြိမ်ဆေးပါ။ ဂရုမစိုက်ရင် လျှာကျွတ်ထွက်တတ်ပါတယ်။ ခြေထောက်နာနေရင် ယင်မနားအောင် ဆေးကတ္တရာ သုတ်လိမ်းပါ။ မဟုတ်ရင် ယင်ဥပြီး လောက်တွယ်ကာ ခွာကျွတ်ထွက်နိုင်တာမို့ပါ။ ဒါ့ကြောင့်မဖြစ်ခင်ကထဲက ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးကတော့ တစ်နှစ်ကိုနှစ်ကြိမ်ထိုးရမှာဖြစ်ပါကြောင်း။

ခွာနာလှျှားနာကျရင်ဘာလုပ်ပေးရမလဲ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။