သက်နိုင်လင်း
ဆိုင်ပိုင်ရှင် · မင်္ဂလာတောင်ညွန့်
ကွမ်းရွက်စိုက်ပျိုးနည်း နဲ့ အပင်ပြုစုပုံအပြည့်အစုံကို အောက်ပါလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုပေးပါခင်ဗျ မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်းအတွက် စိုက်ပျိုးနည်းဆိုပြီး နှစ်မျိုးခွဲ ဖော်ပြပေးထားပါတယ် ။ ကျေးဇူးတင်ပါတယ်ခင်ဗျ ။ မြန်မာနိုင်ငံ အထက်ပိုင်းအတွက် https://greenwaymyanmar.com/posts/cultivation-of-betel-upper-myanmar ွမြန်မာနိုင်ငံ အောက်ပိုင်းအတွက် https://greenwaymyanmar.com/posts/cultivation-of-lower-myanmar-betel
ကွမ်းစိုက်နည်းလေးသိချင်ပါတယ် အပင်1လသားရှိနေပါပြီမြေစာဘာကျွေးရမလဲ ဘာဆေးတွေသုံးသင့်သလဲသိချင်ပါတယ်
ဖုံးတုံးလုံးတုံး အချိန်မတိုင်မီအထိ သာကျွေးသင့်ပါတယ်ခင်ဗျ။ ပန်းပွင့်ချိန် ကျွေးမိရင် အပွင့်ကို အသားမပေးဘဲ အရွက်ကို အသားပေးသလိုဖြစ်သွားနိုင်တဲ့အတွက် အထွက်လျော့နဲနိုင်ပါတယ်။ တခါတလေ အခြေအနေပေါ်လိုက်ပြီး အနည်းငယ်လဲကျွေးရတတ်ပါတယ်။ ပန်းပွင့်ချိန် ကျွေးရင် မသင့်တော်ပါဘူးခင်ဗျ။
စပါးတစ်ရာသိအတွက်ပုလဲကိုဘယ်အချိန်နောက်ဆုံးထားးသုံးသင့်ပါသလဲ ပုလဲကျွေးတိုင်မကောင်းဘူးဆိုလိုပါ ဆရားသမားလမ်းညွန်းပေးကျပါအုံး
1. Map fighter 70W DG w/w မက်ဖိုက်တာ 2. Tiller gold oil dispersion (တေလာဂိုး) စသည့်ဆေးများကို အညွှန်းပါအတိုင်းသုံးပေးပါခင်ဗျ
နွေစပါးကျဒေါင်စပါးပုံပင်ကပေါက်လေဘယ်လိုပေါင်းသက်ဆေးသူံးလဲကိုတို့များ
မျိုးရွေးချယ်ခြင်း ရောဂါကင်း၍ ခံနိုင်ရည်ရှိသော၊သန်စွမ်းသော မျိုး/ပျိုးပင် ကိုအသုံးပြုပါ။ မြေပြင်ချိန်နလှန်းခြင်း ထယ်ထိုးထွန်မွှေ လုပ်ပြီး နေလှန်းခြင်း အဆိပ်ငွေ့မှိုင်းတိုက်ခြင်း ရောဂါဖြစ်ထားသော စိုက်ပျိုးမြေကို ပလတ်စတစ်အကြည်ဖုံးအုပ်ထားခြင်းဖြင့် အပူဓါတ်ရရှိကာ ရောဂါဖြစ်ပွားမှုန်း လျော့နဲစေပါသည်။ Trichoderma harzianum ကို သုံး၍လဲ ဇီဝနည်းဖြင့်နှိမ်နှင်း နိုင်ပါသည်။ ွှစာမှုန့်များထည့်ခြင်း #နိုက်ထရိတ်ပါသော မြေသြဇာများ ထည့်ပေးခြင်း #ထုံးထည့်ခြင်း #မြေကြီးကို Chloropicrin သို့မဟုတ် မီသိုင်းဘရိုမိုက် သို့မဟုတ် နှစ်ခုစလုံး ရောပြီး ပိုးသတ်ခြင်း #Bleaching powder Ca(OCl)2 အစွန်းချွတ်ဆေးမှုန့်ကို 25kg/ha နှုန်း ထည့်ပေးခြင်း #ပျိုးပင်တွေကို Streptocyclineထဲနှစ်ပေးခြင်း #Bacterinol-100 ကို အစေ့အားလူးနယ်ခြင်း၊ပျိုးပင်များအားဖြန်းခြင်း ၊ မြေကြီးအားဖြန်းခြင်း #Streptomycin sulphate သို့မဟုတ် Oxytetracycline ကို 200ppm နှုန်းဖြင့် ၇ ရက်ခြားတစ်ကြိမ် ဖျန်းပေးခြင်း #copper hydroxide,validamycin ,bismerthiazol စသောဆေးများ #ဇီ၀ နည်းများ အနေဖြင့် Pseudomonas fluorescens, Bacillus licheniformis, B cereus, B subtilis နှင့် Mycorhiza များ အသုံးပြုခြင်းဖြင့် ရောဂါကျရောက်မှုနှင့်ဖြစ်ပွားနှုန်း ကိုနေးကွေးစေခြင်း၊ လျော့နည်းစေခြင်းများ ဖြစ်စေပါသည်။ စိုက်ပျိုးချိန် အပင်ဒဏ်ရာ ရတဲ့နေရာကနေ ရောဂါစဝင်တာ ဖြစ်သဖြင့် ရွေ့ပြောင်းစိုက်ချိန် သတိထားပြီး အပင်မနာအောင်ဂရုစိုက်ပါ။ အရွက်ညှပ်ခြင်း ကိုင်းဖြတ်ခြင်းတို့ကို တတ်နိုင်သမျှ လျော့နည်းစေရပါမည်။ ရောဂါပိုးများသည် ရေကနေလည်းကူးစက်နိုင်သဖြင့် ရေဝတ်သည့်နေရာမရှိအောင် ဂရုစိူက်ပါ။ #ဆောင်ရန်များ >>>ပင်ညှိုးရောဂါဒဏ်ခံနိုင်သောမျိုးကိုအသုံးပြုပါ။အရေးကြီးဆုံးပါ။ >>>ပျိုးအိတ်၊ပျိုးခွက်စသည်တို့ဖြင့်ပျိုးပါ။ >>>ဘောင်လုပ်ခြင်း၊သဘာဝမြေသြဇာများ၊သစ်ဆွေးမြေသြဇာများ ထည့်ပေးပါ။ >>>မြေချဉ်ဓာတ် ၆.၂ မှ ၆.၅ သည်အကောင်းဆုံးဖြစ်သည်။ အနည်းဆုံး၅.၅ ထက် မနိမ့်အောင် ပြုပြင်ပေးပါ။ >>>ရွှေ့စိုက်ရာတွင် အမြစ်ကို မထိခိုက်အောင် ဂရုပြုပါ။ >>>ရောဂါကျနေသောအပင်ကို ချက်ချင်းဖယ်ရှားပါ။မီးရှို့ပစ်ပါ။မြေကြီးပါတူးထုတ်နိုင်ရင် ထုတ် ပစ်ပါ။ >>>ရောဂါကျနေသောအပင်ကိုင်ထားသောလက်ကို စင်ုကြယ်အောင်ဆေးပါ။ ပေါက်ပြား၊ဒါး၊ကပ်ကြေးစသောကိရိယာများ ဖိနပ်များပါမကျန် ပိုးသတ်ပါ။ >>> ခရမ်းချဉ်စိုက်ပြီးပါက ပြောင်း၊ ရုံးပတီတို့ကို ပြောင်းလဲ စိုက်ပျိုးပါ။ >>>အောက်ခံပင်ကို ခရမ်း၊ ခရမ်းကစော့ စသောအပင်များ အသုံးပြု၍ ကိုင်းကူးဆက်နည်းဖြင့် စိုက်ပျိုးပါ။ >>>ပန်းအိုးများအတွင်း ပိုသတ်ထားသော မြေကြီးထည့် စိုက်ပျိုးခြင်း #ရှောင်ရန်များ >>>အပင်ခြေနား ကပ်၍ မြေဆွခြင်း၊ မြေတောင်ပေးခြင်း >>>ခရမ်းချဉ် ဆက်တိုက်စိုက်ခြင်းကို ရှောင်ပါ။ >>>မျိုးရင်းတူု အပင်များ ဆက်တိုက်မစိုက်ရပါ။ ု လက်ခံပင်များ ခရမ်းချဉ်နဲ့ မျိုးရင်းတူ အပင်တွေဟာ ရောဂါကို လက်ခံထားတဲ့အပင်တွေ ဖြစ်လေ့ရှိပါတယ်။ ရောဂါကျနေတဲ့ ခရမ်းစိုက်ပြီး ခရမ်းချဉ်ထပ်စိုက်ရင် ရောဂါကူးစက်ဖို့ အခွင့်ပိုများပါတ
ခရမ်းချဉ်၁၁၁မျိုး စိုက်ပြီး၁၅ရက်သားမှာုံပါအတိုင်းဖြစ်ပြီးသေနေပါတယ် မည်သို့ကုစားရမလဲ လမ်းညွန်ပေးစေလိုပါတယ်
ဖျူစေရီယမ်ပင်ညှိုးရောဂါ ကျတာပါခင်ဗျ ရောဂါဖြစ်ပြီးမှ ကုသတာက အရမ်းခက်ပါတယ်ခင်ဗျ ၊ထိရောက်မှုလဲ နဲပါတယ်ခင်ဗျ ဒီတော့ခရမ်းချဉ်မျိုး ထပ်စိုက်မယ်ဆိုရင် လုပ်ဆောင်ရမယ့်အချက်လေးတွေ အကြံပေးပါရစေခင်ဗျ
ခရမ်းချဉ်၁၁၁မျိုး စိုက်ပြီး၁၅ရက်သားမှာုံပါအတိုင်းဖြစ်ပြီးသေနေပါတယ် မည်သို့ကုစားရမလဲ လမ်းညွန်ပေးစေလိုပါတယ်
အနီးကပ်ရိုက်ပြပါလားခင်ဗျ အရွက်အနေအထား ၊အရောင်၊ ပုံသဏ္ဍန်ပျက်စီးမှူရှိမရှိ သေချာမြင်ရမှ ပြောပြပေးလို့ရပါမယ်ခင်ဗျ
ဘယ်လိုရောဂါလဲ
တိုင်ထောင်မျိုးလား တိုင်လွတ်မျိုးလား ခင်ဗျ
အိမ်ခြံထဲမာခရမ်းချဉ်ပင်အသီးတင်အောင်ဘယ်လိုမျိုးစိုက်ပျိုးသင့်သလဲဗျ
အင်ဒိုဆာလ်ဖန်(ဝ.၂%)သို့မဟုတ် ရိုဂေါ(ဝ.၂%) ကို ဖြန်းပေးပါဗျ။ ဆေးသုံးရန်အညွှန်းကတော့ ဝယ်ယူမယ့်ဗူးအပေါ်တွင် အညွှန်းဖတ်ကြည့်နိုင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ ။
မွှားပင့်ကူးဝင်နေတယ်ဗျဒိုဇာဖျန်းထားတယ်နိုင်မလားမွှားပင့်ကူသီးသန့်သက်တဲ့ဆေးရှိမလားအလင်းပြပါ
ကြံစိုက်ပျိုးနည်းအကြောင်းကို စိုက်ပျိုးနည်းအခန်းကဏ္ဍတွင် ဖော်ပြပေးထားပါတယ်။ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ့။ ကျေးဇူးတင်ပါတယ် ခင်ဗျာ့။ အောက်ပါLinkတွင်လည်း ကြံစိုက်ပျိုးနည်းအကြောင်းကိုဖတ်ရှူနိုင်ပါတယ်။ ကြံစိုက်ပျိုးနည်း
စနစ်တစ်ကျကြံစိုက်နည်းသိချင်လို့ပါ
N,P,K ကိုတော့ အိမ်မှာ ရှိတဲ့ ပြာ စားဖိုဆောင်စွန့်ပစ်ပစ္စည်း တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း ကြက်ဥခွံ စတာတွေနဲ့ကအစပြုလုပ်လ်ု့ရပါတယ် Greenway appရဲ့မြေဆီလွှာအခန်းမှာပါပါတယ် ဖတ်ကြည့်ပါ ငွေပန်းအပွင့်ပွင့်ဖို့ကတော့ ရေအဓိကလိုအပ်မယ်လို့ထင်ပါတယ်
N,P,Kအားသဘာဝအိမ်တွင်းပစ္စည်းများဖြင့်ပြုလုပ်ပုံ ငွေပန်းအပွင့်ပွင့်ရန်ပြောပြပေးပါ