Daw Ei Ei Htwe
စိုက်ပျိုးရေးပညာရှင် · လှည်းကူး
ပြည်ပန်းညိုပင်က ဒီလို အပင်မျိုးပါ။ အရွက်တွေက ထိပ်ဆိုင်ထွက်ပါတယ် ရွက်လွှဲမထွက်ပါဘူး။ အခုပြထားတဲ့အပင်က ရွက်လွှဲထွက်တယ်လို့ထင်ပါတယ်။
ဒီအပင် ပြည်ပန်းညို အပင် ဟုတ်မဟုတ် သိချင်လို့ပါ
အပင်ပုံကို ဓာတ်ပုံရိုက်ပြရင်ပိုပြီးသိနိုင်ပါလိမ့်မယ် ဘောင်တင်ပြီးစိုက်တာဆိုရင် အစွန်ဆုံး အပင်ရဲ့အမြစ်က ရှေ့ဆက်သွားစရာမရှိဘူး အစာလည်းသိပ်မရဘူး ဒါကြောင့်သိပ်ပြီး မကြီးထွားနိုင်ဘူး အခုအရွက်ပုံမှာ အနည်းငယ်ဝါနေတယ် မြေသြဇာအရည်လောင်းပေးလည်းရင်အပင်သန်လာပါလိမ့်မယ် အဝါအပျောက်လေးတွေက မှိုရောဂါကျတော့မယ်လို့ယူဆရပါတယ် ၁ ရက် ၂ ရက် စောင့်ကြည့်ပြီး ပိုဝါလာတယ်ဆိုရင် အခြားအပင်တွေမကူးအောင် မှိုသတ်ဆေးတစ်မျိုးမျိုးတော့ဖျန်းပေးရပါမယ် စီးပွားဖြစ်မဟုတ်ဘဲ အိမ်စားဖို့အတွက်ဆိုရင် ဆေးမဖျန်းဘဲ အဝါရွက်တွေကို ကတ်ကြေးနဲ့ညှပ်ပြီးဖယ်ရှားလိုက်ပါ (အဆင်ပြေပါစေ)
ကျနော့်ဖရုံပင်လေးတွေမှာ အစွန်ဆုံးအပင်ကအကြီးဆုံးကနေ ယခု ဆက်မတက်တော့ပါ။ သူ့နောက်ကအပင်တွေကကျော်တက်သွားကြပါပြီ။ အညွန့်လေးတွေက အရောင်ဖျော့တော့တော့ဖြစ်နေပါတယ်။ အပင်အလယ်လောက်ကအရွက်ကြီးကိုသေချာကြည့်တော့ အဝါကွက်လေးတွေတွေ့ရပါတယ်။ အပင်ဆက်ကြီးထွားအောင် ဘယ်လိုလုပ်ပေးရမလဲ? ရောဂါကျတာဆိုရင်ရော ဘယ်လိုဖြေရှင်းရမလဲ ဆွေးနွေးပေးကြပါခင်ဗျ။ စီးပွားဖြစ် စိုက်ပျိုးခြင်းတော့မဟုတ်ပါဘူး
ဟင်းသီးဟင်းရွက်သုတေသနဌာနကပါ ရန်ကုန်တိုင်းအတွက် မိုးရာသီမှာစိုက်မယ်ဆိုရင် အလွယ်တကူစိုက်လို့ရတဲ့ ကန်စွန်း ချဥ်ပေါင် ရုံးပတီ တိုင်ထောင်စိုက်လို့ရတဲ့ တိုင်ထောင်ပဲ သခွား ခဝဲ တို့ကိုစိုက်ပါ စင်ထိုးစိုက်မယ်ဆိုရင်တော့ ပဲလင်းမြွေ ကြက်ဟင်းခါး ဘူး ရွှေဖရုံတို့ကိုစိုက်ပေးပါ
အခုချိန်မိုးတွင်းမှာ ဘာဟင်းသီးဟင်းရွက် စိုက်လို့ရပါသလဲ ဖြေပေးကြပါ ဆရာတို့ ရန်ကုန်တိုင်းကပါ
အပင်ပေါက်ရာနှုန်း စမ်းရပါမယ် တစ်ထုပ်မှာ အစေ့နည်းနည်းဘဲပါတယ်ဆိုရင် ၂၅ စေ့လောက် ကို ရေထဲမှာ ၄ နာရီကြာ စိမ်ပါ။ ပြီးရင်အဖုံးပါတဲ့ ကော်ဗူးတစ်ခုထဲမှာ တစ်ရှူး စက္ကူ ၄ ခေါက်လောက်ခေါက်ပြီး ဖြန့်ထည်ပါ။ ရေစိမ်ထားတဲ့မျိုးစေ့တွေကို ဇာဂနာ (သို့)လက်သန့်သန့်နဲ့ယူပြီး တစ်စေ့ချင်း စီစီရီရီ ထည့်ပါ တစ်စေ့နဲ့တစ်စေ့ ကပ်မထည့်ရပါ။ ရုံးပတီစေ့ကအပင်ပေါက် မြန်လို့ နောက်တစ်ရက်ဆို အညှောင့်လေးတွေပြူလာပါပြီ။ ၄ရက်-၅ရက်ကြာလို့မှ မပေါက်လာရင်တော့ မျိုးစေ့ ကြာနေပြီ ဖြစ်ပါလိမ့်မယ်။ လတ်တဲ့မျိုးစေ့တွေဝယ်စိုက်ပါ။
ရုံးပတီမျိုးစေ့ ၃ ထုတ်ဝယ်ပြီးစိုက်တာ လုံးဝ မပေါက်ဖူးဗျာ့ နည်းလမ်းလေးများပြောပြပေးပါ