အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Moe Minn Hkant

Moe Minn Hkant

အခြား · တံတားဦး

523
လွန်ခဲ့သော ၇ နှစ် က

ပိုးကတော့ ခူမွှေးရှည်ကျရောက်နေတယ်ထင်ပါတယ်ဗျ။ ကလိုပိုင်ရီဖော့၊ဆိုက်ပါမီသရင် ဆေးအုပ်စုတွေ သုံးစွဲလို့ရပါတယ်။ နောက်ထပ်ပုံတွေကတော့ ပင်ခြေပုပ်ရောဂါကျရောက်နေတယ်လို့ ယူဆရပါတယ်။ပိုတက်ရှ်မြေသြဇာထည့်ပေးလို့ရပါတယ်။တက်ဗျူကိုနာဇိုးလ်၊ဘီနိုမိုင်း စတဲ့ဆေးတွေနဲ့ နှိမ်နင်းနိုင်ပါတယ်ခင်ဗျ။

နေကြာပင်တွေ ဘယ်လိုပိုးမွှားတွေ ကျနေလဲဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ လမ်းညွှန်ပေးပြါအုံး ဆရာတို့

လွန်ခဲ့သော ၇ နှစ် က

ဂျစ်ပ်ဆင် ထည့်ပေးပြီး ပြင်လို့ရပါတယ်ဗျ

ပြောင်းစိုက်ချင်တာ မြေရဲ့ချဉ်ငံကိန်းက PH ၆.၉ လောက် အငံဘက်ရောက်နေတယ် မြေ ချဉ်ငံကိန်းPH ၆ လောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ သိတဲ့သူများကူညီကြပါအုံး

ပြောင်းမြေချဉ်ငန်ပြဿနာ
လွန်ခဲ့သော ၈ နှစ် က

အရှည်၁၀ပေ အကျယ်၃ပေ အနက် ၈လက်မခန့် ဘောင်ပြုလုပ်ပါ။နွားချေး ၁၀တင်းခန့်ကို ညီညာစွာထည့်ပါ။ ထိုအပေါ်မှ ရေစိမ်ပြီးသား ဂျပ်စက္ကူ ၅ပိသာခန့်ကို လက်ဝါးစာ အရွယ်ခန့်ဆုတ်ဖြဲပြီး နွားချေးများအပေါ်တွင် ဖြန့်ခင်းပါ။ ဂျပ်စက္ကူ အပေါ်မှ မှိုမျိုး ၅ထုပ်ကို မွှပြီးဖွဲနုနှင့်နယ်၍ နေရာအနှံ့ဖြန့်ခင်းပါ။ ထိုအပေါ်မှ နွားချေးပါးပါး ပြန်ခင်းပါ။ပြီးနောက် ရေအဝလောင်းပါ အားဆေး၂တွဲဖြန်းပါ။ဘောင်တစ်ဖက်တစ်ချက်စီမှ ၁ပေခွဲအမြင့်ဖြင့် အမိုးပြုလုပ်ပေးရမည်။အမိုးကာ ကို ပလပ်စတစ်စ (သို့) သက်ကယ်၊ထန်းရွက်များဖြင့်ပြုလုပ်နိုင်သည်။ နေရောင်ခြည်တိုက်ရိုက်မထိစေရပါ။စိုက်ပြီး ၅ရက်မြောက်နေ့မှာ ဘောင်ကို နာရီဝက်ခန့် ချွေးလှပ်ပေးရမည်။ချွေးလှပ်တဲ့နေ့မှာ အားဆေး၁တွဲနဲ့ ရေထပ်ဖြန်းပေးရပါမယ်။ပြီးလျှင်ဘောင်ကို ၂ရက်၃ရက်အကြာတွင် မှိုလုံးလေးများ စတင်ထွက်လာပါမည်။

မှိုစိုက်နည်းသိခြင်ပါသည်

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။