အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်မိုး

အောင်မိုး

တောင်သူ · ကျောက်ဆည်

7,605
လွန်ခဲ့သော ၆ နှစ် က

ငါးအမိုင်နိုအက်စစ်ဖြန်းပါ။ ပြင်းအားလျော့ဖြန်းပါ။ ပြင်းရင် အရွက်လောင်သွားလိမ့်မယ်

ဘူးပင်အညွန့်လေးတေသေးသေးလှီလှီလေးတေဖြစ်နေလို့ဘလိုမြေသြဇာဘယ်ဆေကျွေးရမလဲဘူးညွန့်သန်သန်ကြီးတေဖြစ်အောင်။ရွက်ဖြန်းဆေးလဲမသုံးချင်ဘူးကျေးဇူးပြုရျဖြေကြားပေးပါ။

လွန်ခဲ့သော ၆ နှစ် က

သက်တမ်းတိုတဲ့မျိုးမို့ ဖြစ်ပါလိမ့်မယ်။ အပင်က အားရှိပြီး အသီးတင်မယ့်ပုံမျိုးပါ။ အပင်အနေအထားက အရမ်းကောင်းပါတယ်။

အဖူးပွင့်ဝင်တာစောနေလားလို့ဗျ တစ်လမပြည့်သေးပါဘူးအပင်အရပ်ကလဲ6လက်မလောက်ပဲရှိသေးပါတယ် စမှုံနက်မျိုးပါဗျ ကောင်းမကောင်းဖြေပေးပါအုံး

နှမ်းစိုက်ပျိုးနည်း
လွန်ခဲ့သော ၆ နှစ် က

ကောက်ရိုးအုပ်ထားပေးပါလား။ ပေါင်းလည်းသက်သာတယ်။ အစိုဓာတ်လည်း ထိန်းပေးတယ်။

ပြာသိုလဆန်း။ ၁ရက်နေ့ စိုက်ပျိုးသည် ၁၃ရက်နေ့ ပေါင်းပေါက်သည်

ငရုတ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၆ နှစ် က

ဒီအချိန်မှာတော့ ဆေးမဖြန်းသင့်ပါ။ ဆေးအရှိန်အကြောင့် အပွင့်တွေ ကန်းသွားတတ်ပါတယ်။ ကျွန်တော်ကတော့ ပေါင်းကို လူသုံးပြီး ရိတ်ပါတယ်။

ပဲတီစိမ်းပင်တွေ ဖူးတံတွေထွက်နေပါပြီ ပေါင်းမြက်တွေလိုက်တက်နေလို့ဘယ်ပေါင်းသတ်ဆေးသုံးရင်သင့်တော်မလဲခင်ဗျ

ပဲတီစိမ်းခင်းပေါင်းကာကွယ်နှိမ်နင်းခြင်း
လွန်ခဲ့သော ၆ နှစ် က

လက်ခြားက အပင်မဟုတ်ပါဘူး။ ရွက်ဖြန်းဆေးစပ်တဲ့နေရာမှာ သုံးတဲ့ ဆေးပါ။ ပရဆေးဆိုင်မှာ ဝယ်ပြီး ပဲမှာ သုံးနိုင်ပါတယ်။

လက်ခြားပင်ဘယ်လိုပင်မျိုးလဲ

လွန်ခဲ့သော ၆ နှစ် က

မှိုသတ်ဆေး ဖျန်းပေးပါ။ မှိုကျနေတာပါ။

ကျွန်တော် ငရုပ်ခင်းကိုင်တွေခြောက်နေလို့ ဘာဆေး သုံးရမလဲ အကြံလေးပေးအုန်း ခဗျာ

ငရုတ်ကိုင်းဖျားခြောက်ရောဂါ
လွန်ခဲ့သော ၆ နှစ် က

ရေဆင်း ၁၁ ပါ။ ရွက်ဝါကျတာ တော်တော်သက်သာတယ်။

ပဲတီစိမ်း အမျိုးစား များထဲမှ ရောဂါဒါဏ် ခံနိုင်ရည် အရှိဆုံး က ဘာမျိုးပါလဲခင်ဗျာ

ပဲတီစိမ်းမျိုး
လွန်ခဲ့သော ၆ နှစ် က

ပိုးကိုဓာတ်ပုံရိုက်ပြီး မေးပေးပါ။

မင်္ဂလာညွှန့် တက်နေချိန် ပိုးကျရင်ဘာသုံးရမလဲ

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၆ နှစ် က

ရပါတယ်။ အချိုးကိုတော့ သတိပြုစေချင်ပါတယ်။ ငါးအမိုင်နိုက တစ်ဗူးတစ်ဗူးတောင်မှ ပြင်းအားက မတူဘဲ ဖြစ်တတ်ပါတယ်။

ငါး အမိုင်နိုကို n p k အချိုးအစား ပါတဲ့ ( ဥပမာ. မြေပဲအထူး. အားကောင်း.. အာမို ၁./ ၂ ကောမက် ၁ / ၂. စသည့်) ရွတ်ဖြန်းအားဆေးတွေနဲ့ရောစက် ဖြန်းလို့ရလားခင်ဗျ

မြေပဲပင်အာဟာရ
လွန်ခဲ့သော ၆ နှစ် က

မိုးများလို့ရိတာလား။ မှိုလားတော့မသိဘူး။ ဖြစ်နေတဲ့နေရာပတ်ခြာလည်ကို ထုံးဖြူးထားပါလား။ အခြားနေရာ ထပ်မကူးအောင်။ ရေတော့ အရမ်းများစေနဲ့. ညနေစောင်းလွန်းရင် ရေမလောင်းနဲ့တော့။

မေမွို့ပနျးမြိုး ပြိုးထားပါတယျအ့ာလိုလေးတေကှကျလိုပါ ကာကှယျနညျးလေးေွပာွကပါအုံး ဘာလုပျပေးရမလဲဆရာတို့

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။