အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
naing lin tun

naing lin tun

စိုက်ပျိုးရေးပညာရှင် · ဘိုကလေး

1,162
လွန်ခဲ့သော ၂ နှစ် က

ပျိုးထောင်ချိန်မှာ နေရာကောင်းရွေးချယ်ပျိုးထောင်ပေးပါ ဖြစိနိုင်ရင် အဲ့လယ်ထဲမှာပျိုးမထောင်ပါနဲ့

နွေစပါးစိုက်တဲ့လယ်(သို့)ဆည်ရေဝင်တဲ့လယ်တွေမိုစပါးကျဲချိန်ရောက်တဲ့အခါကျဲရင်မျိုးစပါးတွေသေဆုံးပါတယ်အာ့လိုမဖြစ်အောင်ဘယ်လိုစိုက်ပျိုးရပါမလဲခင်ဗျာ

စပါးပျိုးထောင်နည်း
လွန်ခဲ့သော ၂ နှစ် က

လယ်ကရေအမြဲဝပ်နေတယ်ဆိုရင်လည်း ခက်ခဲပါတယ်. မြစ်ဝကျွန်းပေါ်မှာတော့ သမန်းပူလောင်တယ်လို့ ခေါ်ကြပါတယ်. ပင်ကြွင်းပင်ကျန်တွေကို သေချာဆွေးမြေ့အောင်အပုတ်ခံပေးပါ ကြဲပက်တာမလုပ်ဘဲ ပျိုးထောင်ကောက်စိုက် စနစ်ကိုပြောင်းပေးရင်အဆင်ပြေပါလိမ့်မယ်

နွေစပါးစိုက်တဲ့လယ်(သို့)ဆည်ရေဝင်တဲ့လယ်တွေမိုစပါးကျဲချိန်ရောက်တဲ့အခါကျဲရင်မျိုးစပါးတွေသေဆုံးပါတယ်အာ့လိုမဖြစ်အောင်ဘယ်လိုစိုက်ပျိုးရပါမလဲခင်ဗျာ

စပါးပျိုးထောင်နည်း
လွန်ခဲ့သော ၃ နှစ် က

အာဟာရလိုအပ်ချက်လည်းပါဝင်ပါတယ်။ အသီးသီးချိန်မှာ နိုက်ထရိုဂျင် ကို မျှတစွာထည့်ပေးဖို့လိုအပ်ပါတယ်။ လက်ရှိဒေသတွင်းအပူချိန် မြင့်မားတာက ပိုအဓိကကျပါတယ်

အသီးတွေအခုကတည်းကကြွေနေတယ်ဘာဓာတ်လိုတာလဲဆရာ

လွန်ခဲ့သော ၈ နှစ် က

မိုးများတဲ့ဒေသမှာမြေချဉ်တာကတော့ ပုံမှန်ပါဘဲ ထုံးထည့်မယ်ဆိုရင် ဖောက်ထုံးဆို တစ်ဧက ပိသာ ၆၀၀ မဖောက်ထုံးဆိုရင် ပိသာ ၂၀၀ ပါ ဒါပေမယ့် ငွေကြေးအနေနဲ့အရမ်းများပါတယ် နှစ်စဉ် ကိုထည့်နိုင်သလောက်ကို စပါးမစိုက်မီ တစ်လအလိုလောက်မှာ ကြဲပြီး ထည်ထိုးမြေမြှတ်ပေးပါ သမန်းဝဲစားတယ်ဆိုတာက ရေမြုတ်တဲ့လယ်တွေမှာ မြေကြီးအပူချိန်များတဲ့အတွက်စပါးအပင်ပေါက်က သမန်းအပူချိန်ကိုမခံနိုင်လို့သေသွားတာပါ ဒေသအလိုက်ခံနိုင်ရည်ရှိတဲ့မျိုးတွေကို စိုက်ပျိုးပါ စပါးမျိုးအုပ်ပြီး အပင်ထွက်လာတဲ့အချိန်မှာချက်ချင်းမကြဲပါနဲ့ အခင်းတစ်ခုခုပေါ်မှာဖြန့်ထားပြီး မျိုးညှောင့် လက်မဝက်အရှည်အစိမ်းရောင်သမ်းလာသည်အထိထားပါ ပြီးမှ ကြဲပါ ရေမြုတ်ဒါဏ်ကို ၁၀ရက်လောက်ထိ ခံနိုင်ရည်ရှိပါတယ် သတိထားဖို့က သမန်းကိုကောင်းအောင်ဂရုစိုက်ပါ

မြေအချ ဉ်ပေါက်လို့ဒေသအခေါ ်သမန်းဝဲစားတဲ့လယ်ထုံးထည့်ရမည်ပြောတယ်ဘယ်လောက်ထည့်ရမလဲသိချင်ပါတယ်မိုးစပါးရေမြု ပ်ကြဲလို့မရတာ၃နှစ်ရှိပြီဆောင်းစပါးအဆင်ပြေပါတယ်

မြေချဉ်ငန်ဓာတ် (pH) ထုံး
လွန်ခဲ့သော ၈ နှစ် က

ရွက်ဖုံးမှာဖြစ်တတ်တဲ့ မှိုရောဂါ တစ်မျိုးပါ အဓိကအားဖြင့် ရာသီဥတု အုံ့မှိုင်းနေရင်အဖြစ်များပါတယ် ပင်ခြေ ရေဝတ်တာကြာရင်လဲဖြစ်တတ်ပါတယ် မှိုသတ်ဆေး Zole အုပ်စုဝင်ဆေးတစ်မျိုးမျိုးကို အညွန်းအတိုင်းဖြန်းပေးပါ ရေပြောင်အောင်ထုတ်နိုင်ရင် ၃ - ၄ ရက်လောက်ထုတ်ထားပါ ပိုတတ် တစ် ဧက ၄ ပြည်လောက်ထည့်ပေးပါ ရေထုတ် ဆေးဖျန်း ပိုတတ်ထည့်ပြီး တစ်ပတ်လောက်နေရင် ရွက်ပုတ်ချပြီးသက်သာသွားပါလိမ့်မယ် ပတ်ဝန်းကျင်ကို ပေါင်းမြက် မရှိအောင်ဂရုစိုက်ပါ

ဒီလိုဖြစ်တာဘယ်လိုလုပ်တာပြေားပေးပါအုံးဗျာ

စပါးရွက်ဖုံးခြောက်ရောဂါ
လွန်ခဲ့သော ၈ နှစ် က

ကျရောက်ဖျက်ဆီးနေတဲ့ပုံ သို့ ပျက်စီးမှုပုံစံကိုပြောမှသာ ဖြေဆိုမည့်သူကသေချာစွာပြောနိုင်မှာပါ ပိုးသတ်ဆေး မှိုသတ်ဆေးတွေကို အားဆေးများနှင့်တွဲမသုံးသင့်ပါ အဓိက က ပုလဲနဲ့တွဲမသုံးသင့်ပါ ပိုတတ်ကိုတော့ ဆေးဖျန်းပြီး ကြဲပေးလိြ့ရပါတယ်

စပါး ပင်‌ပိုးကျ‌နေလိုပိုးသတ်‌‌ဆေးဘယ်‌‌ဆေး‌ကောင်‌းလဲ.ပိုး‌ဆေးနဲအား‌ဆေး‌ယောဖျန်‌းလိုရမလားသိရင်‌လက်‌တို့လဲ့ပါ

စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၈ နှစ် က

အနှံထွက်စမှာပုလဲထည့်ပေးတာက အသီးအောင်နှုန်းကောင်းစေပါတယ်။သို့သော် တီဆူပါ(ဒေသခေါ်-အသီးအားပေး) က ပန်းပွင့်ချိန်မှာထည့်ရင်သက်ရောက်မှုမရှိနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ တီဆူပါ ကိုမြေကြီးကဖြည်းဖြည်းချင်းသာထုတ်ပေးတာကြောင့်ပါ။ မြေခံ သို့မဟုတ် နောက်အကျဆုံး နှံကားအတွက်ရက် ၃၀ တွင်ထည့်ပေးသင့်ပါတယ်

နံကားကိုဖုံးလုံးကာလတွင်နှံစထွက်ချိန်ပိုတက်၁လုံးရင်ပိုလဲတစ်လုံးရင်အသီအားမြေသြဇာတစ်လုံးရင်ကျွန်တော်လယ်၆ခွက်ကိုအသုံးကောင်လားအကြံပေးအောင်ကိုတိုများ

စပါးမြေသြဇာကျွေးနည်း
လွန်ခဲ့သော ၈ နှစ် က

သရစ်ကျတာဖြစ်နိုင်ပါတယ် ရွက်လိပ်လေးတွေကိုညင်ညင်သာသာလေားဖွင့်ကြည့်ပါ။ မဲမဲ ဖြူဖြူသေးသေးလေး( သန်းအရွယ်အစား)တွေ့ရင် ထိသေစားသေဆေးတစ်မျိုးဖျန်းပေးပါ

ဖြေပေးပါအုံး

လွန်ခဲ့သော ၈ နှစ် က

မြေခံမှာတီဆူပါ ကိုလည်းထည့်ပေးစေချင်ပါတယ်

နွေစပါကိုမြေခံဖြစ်လေ၁ခွက်ပိုတက်တစ်ဝက်ခန့်ရင်ကျောက်အမူန့်ရွေလုတံဆိပ်ပါ၄အိတ်ရေအားသီးပေးအိတ်တစ်ဝက်ရင်သုံးရင်ပိုပြီးကောင်လိုအကြံပေးအော်ကိုကြီးများတိုရေလယ်သမာတွေသိချင်ဗျာစပါးကိုပိုပြီးထွက်ချင်ဗျာ

စပါးမြေသြဇာကျွေးနည်း
လွန်ခဲ့သော ၈ နှစ် က

ပိုတတ်ထည့်တာက ကောင်းပါတယ်။ သို့သော်ပိုတတ်ကိုမြေခံထည့်တာထက် သက်တမ်းအလိုက် ပုလဲနှင့်အတူတွဲထည့်ပေးတာကိုပိုပြီးသက်ရောက်မှုရှိပါတယ် ကျောက်မှုန့်အနေနဲ့ကတော့ ပြောထားတဲ့ပမာနထက်ထက်ဝက်လောက်လျော့စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုထက်က မော်လမြိုင်ကျွန်းမြို့ ဖြစ်တဲ့အတွက် မြစ်ဝကျွန်းပေါ်မှာက မြေချဉ်ငံကိန်းနိမ့်တဲ့အတွက် ထုံးကိုတတ်နိုင်သလောက် ထည့်ပေးစေချင်ပါတယ်။

နွေစပါကိုမြေခံဖြစ်လေ၁ခွက်ပိုတက်တစ်ဝက်ခန့်ရင်ကျောက်အမူန့်ရွေလုတံဆိပ်ပါ၄အိတ်ရေအားသီးပေးအိတ်တစ်ဝက်ရင်သုံးရင်ပိုပြီးကောင်လိုအကြံပေးအော်ကိုကြီးများတိုရေလယ်သမာတွေသိချင်ဗျာစပါးကိုပိုပြီးထွက်ချင်ဗျာ

စပါးမြေသြဇာကျွေးနည်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။