ဖြေကြားချက် ၁ ခု
(ရာသီဥတု) ဝဥသည် အပူပိုင်းဒေသ မိုးများသော မြေနိမ့်လွင်ပြင် သစ်တောဒေသများကို ကြိုက်နှစ်သက်သည်။ အပူချိန်နိမ့်လွန်းသည့် ပေ ၅၄၀၀ မြင့်သော မိုးများသည့် ကုန်းမြင့်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ၎င်းထက်မြင့်၍ ရာသီဥတု အေးလာပါက ဝဥအထွက်နှုန်း ကျဆင်းစေပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ၃၀၀၀ မှ ပေ၅၀၀၀ ခန့်တွင် ဝဥမျိုးကောင်းများ ဖြစ်ထွန်းသည်ကိုတွေ့ရသည်။ ၎င်းထက်နိမ့်ပါက ဝဥမျိုးညံ့သွားတတ်ပါသည်။ ပျှမ်းမျှ ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ပိုမိုဖြစ်ထွန်းပါသည်။ (မြေအမျိုးအစား) ဝဥသည် မြေဆွေးဓာတ်ပါဝင်သည့် အစိုဓာတ်ထိန်းအားကောင်းသော နုန်းမြေမျိုးကို ကြိုက်နှစ်သက်သည်။ ရေဝပ်ပြီး ရေစီးရေလာမကောင်းသော ရွှံ့စေးမြေကို မကြိုက်ပါ။ မြေချဉ်ငန်ဓာတ် ၅.၅ မှ ၆.၅ ထိကြိုက်နှစ်သက်သည်။ ရေမဝပ်၍ မြေဆွေးဓာတ်များသောဒေသနှင့် သဲနုန်းဆန်သော မြေများတွင် စိုက်ပျိုးနို်င်ပါသည်။ (မြေပြုပြင်ခြင်း) စိုက်ပျိုးမည့်မြေပေါ်တွင် ပေါင်းမြက်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်၍ မြေပြင်ရန်လိုပါသည်။ မြေညီသွားအောင်ညှိပြီး စိုက်တန်း စိုက်ကျင်း၊ တန်းကြားလေးပေ၊ ပင်ကြားလေးပေဖြင့် စိုက်ကြောင်းပြင်ဆင်ရမည်။ တစ်ဧက အပင်ဦးရေ ၅၄၄၅ ပင်ဝင်ဆန့်အောင် စိုက်ပျိုးရပါမည်။ (စိုက်ပျိုးနည်း) ဝဥကို ချစိုက်ရန်အတွက် သတ်မှတ်တန်းကြား၊ ပင်ကြားအကွာအဝေးအတိုင်း အကျယ်ခြောက်လက်မပတ်လည်၊ အနက်ခြောက်လက်မ စိုက်ကျင်းပြင်ပြီး ကျင်းထဲတွင် မြေဆွေးခံ၍ ဝဥကို နှစ်လက်မမှ သုံးလက်မ အနက်တွင်သာ စိုက်ပျိုးရမည်။ အပေါ်မှ မြေပြန်ဖုံးပေးရန် လိုပါသည်။ နက်နက်စိုက်လျှင် အပင်ပေါက်နှေး၍ ဝဥလည်းပုတ်သွားနိုင်ပါသည်။ဝဥကို မိုးဦးရာသီ မေလတွင် စတင်စိုက်ပျိုးသင့်ပါ သည်။ (အပင်ပြုစုခြင်း) ဝဥစိုက်ပျိုးပြီးပါက အညွန့်ထွက်၍ မြေပေါ်ပိုင်း အပင်ကြီးထွားလာပြီး အမြစ်များပေါ်လာသည့်အခါ ပေါင်းရှင်းမြေဆွ ဘောင်လုံးပေးရန် လိုပါသည်။ ရေမဝပ်စေရန် အထူးဂရုပြုရန် ဖြစ်ပါသည်။ စိုက်ခင်းတွင် အရိပ်မရှိပါက ၆၀% အရိပ်ရှိအောင် ပြုလုပ်ပေးရမည်။ ဝဥသည် တစ်ခါတစ်ရံ ရွက်စားပိုးနှင့် ပုတ်ရိရောဂါ ကျရောက်တတ်သဖြင့် အထူးကြပ်မတ်ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဝဥ စိုက်ပျိုးချင်လို့ပါ ရမရသိချင်လို့ပါ
ဖြေကြားချက် 4 ခု
ကျနော် ချင်းပြည်နယ် ထန်တလန်မြ ို့( Sea level 5000')မှာ နေပါတယ်။ မနှစ် တုန်းက ဝဥ စ စိုက်ပါတယ်။ တော်တော်များများ...
ဖြေကြားချက် 2 ခု
ဝဥစိုက်ချင်ပါတယ်မျိုးဥဘယ်မှာဝယ်လို့ရလဲရှမ်းပြည်တောင်ပိုင်း
ဖြေကြားချက် 0 ခု
ဝဥ က ဘယ်လို ရာသီဥတုနဲ့ ဘယ်လို မြေအမျိုးအစားမှာစိုက်ပျိုးရင် စျေးကွက်ဝင်ပါသလဲ
ဖြေကြားချက် 3 ခု
ကျွန်တော်က မွန်ပြည်နယ်ချောင်းဆုံမြို့ကပါ ဝဥစိုက်ဖို့လေ့လာနေပါတယ် အလေ့ကျပေါက်နေတဲ့အပင်တွေရှိပါတယ် စျေးတန်းဝင်မ...
ဖြေကြားချက် 1 ခု