ဖြေကြားချက် ၃ ခု
ရိုးမဲဆစ်ပြုတ်ရောဂါကတော့ မှိုကြောင့် ဖြစ်စေသလို ဆီစွန်းကွက်ရောဂါ ဖြစ်စေတဲ့ bacteria ကြောင့်လည်း ဖြစ်စေတဲ့ အတွက် ဆီစွန်းကွက်ရောဂါနဲ့ ရိုးမဲဆစ်ပြုတ်ရောဂါဟာ အများအားဖြင့် တွဲကျလေ့ရှိပါတယ်။ တစ်ခုစီလည်း ကျနိုင်ပါတယ်။ ဒီရောဂါက ကွမ်းပင်ရဲ့ အတွင်းဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပြီးမှ အပြင်လက္ခဏာ ပေါ်တဲ့ အတွက် နှိမ်နင်းရ ခက်ခဲပါတယ်။ ဒီရောဂါက မြေဆောင်ရောဂါ ဖြစ်တဲ့အတွက် မြေကြီးကို ရေစင်တဲ့ အခါ စင်တဲ့ရေစက်ကနေလည်းအခြားပင်ကို ကူးနိုင်တဲ့အတွက် မြေကြီးကို အုပ်ထားပေးသင့်ပါတယ်။ ရေမ၀ပ်အောင်လည်း ဂရုစိုက်သင့်ပြီး ဆေးဖြန်းချင်ပါက မှိုနှင့် ဘတ်တီးရီးယား ဆေးနှစ်မျိုးလုံးကို ရောဖြန်းပေးသင့်ပါတယ်။ဉပမာ မတ်တယ်လဇီနဲ့ ဆူကာမိုင်စင် ပြီးတော့ ရိုးမဲကျထားတဲ့ကွမ်းကွက်ကနေ မျိုးမယူသင့်ပါဘူး
ကွမ်းမှာအဖြစ်များတာကတော့ ဆီစွန်းကွက်ရောဂါနဲ့ ရိုးမဲဆစ်ပြုတ်ရောဂါပါ။ ဆီစွန်းကွက်ရောဂါက ဘတ်တီးရီးယားကြောင့် ဖြစ်တာပါ။ မိုးရာသီ အစိုဓာတ်များတဲ့အချိန် မြေကြီးနဲ့ နီးကပ်တဲ့ အောက်ခြေအရွက်တွေကနေ စတင်ကူးစက်ပြီး ဖြစ်တာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပေါ်မှာ ရောဂါပိုးရှိနေတဲ့ အရွက်တွေ အကိုင်းတွေ ရှိနေလို့ပါ။အရွက်ရဲ့ အောက်မျက်နှာပြင်မှာ ရေစိုနာကွက်လေးတွေဖြစ်ရာကစပြီး မကြာခင်မှာ အပေါ်မျက်နှာပြင်မှာလည်း အဝါရောင် အနားသတ်ပါတဲ့ အမဲကွက်လေးတွေ ဖြစ်လာပြီဆို ဆီစွန်းကွက်ရောဂါ ဖြစ်တာသေချာပါပြီ။ အဲ့ရောဂါက ရင့်တဲ့အရွက်တွေမှာ ပွားများမှုနည်းပြီး မနုမရင့် အရွက်တွေမှာ ပွားများပါတယ်။ ဒါကြောင့် nitrogen မြေသြဇာတွေက အရွက်ကို နုပြီးအရည်ရွမ်းစေတဲ့ အတွက် လျော့သုံးရပါမယ်။ မြေကြီးနဲ့ ထိကပ်နေတဲ့ အရွက်တွေကို ခူးပေးပြီး ဆေးသုံးချင်တယ်ဆို ကာဆူမင်တို့ စထရပ်တိုမိုင်စင် တို့လို ဆေးတွေကို သုံးပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ